သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုင်းတုံမြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ ရပ်ကွက်(၁)နှင့်မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေ အနေနှင့်သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင် ရွက်ခဲ့ပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၁)နှင့် မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များတွင် ဧည့်မထ(ဒေသဆန်)၊ ဧည့်မထ (နှံကောက်ဆန်)နှင့် ပေါ်ဆန်းမွှေးများကို အဓိကရောင်းဝယ်မှုပြုကြသည်ကိုတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူး များမှ ဆန်ဆိုင်ပိုင်ရှင်များအား သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုကြရန်၊ ဈေးကစား ရန်အလို့ငှာ သိုလှောင်ခြင်းများမပြုကြရန်၊ မှတ်ပုံတင်ရန်ကျန်ရှိသော ဆန်တန်ချိန်(၂၅)ဆံ့သို လှောင်ရုံများအား MyRoတွင် မှတ်ပုံတင်အမြန်ဆောင်ရွက်ကြရန်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ သင့်တင့်မျှတသော ဈေးနှုန်းဈေးကွက် ထုတ်ပြန် ချက်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

DOCA(ရှမ်း)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

      ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့၊  နံနက်(၀၉:၀၀) အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးကားဂိတ် ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၀) ပေပါကို ယာဥ်မောင်း ဦးအောင်မျိုးသိန်း ယာဉ်အမှတ် 7J-2781  ISUZU မော်တော်ယာဥ်နှင့် ၉း၃၀ အချိန်တွင် ရေးလမ်းရှိ ဟိုင်းဝေးစတားကားဂိတ် ယာဥ်ရပ်နားစခန်းသို့ Kaung Hlyan New Asia Co,Ltd မှ  စားအုန်းဆီ (၉၂) ပေပါကို ယာဉ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 2I-7044 Nissan Diesel မော်တော် ယာဉ်ဖြင့် စုစုပေါင်းစားအုန်းဆီ (၁၈၂) ပေပါတို့ကို တင်ဆောင်၍ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး  ဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ စားအုန်းဆီ စုစုပေါင်း (၁၈၂) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့်  ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်  ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအားရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။­

DOCA(ရန်ကုန်)

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိ

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း (အငယ်တန်းစာရေး)နှင့် ဝန်ထမ်းများသည် (၂၀.၁၂.၂၀၂၄) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဝေဘာဂီလမ်း၊ (ဌ)ရပ်ကွက် ၊ မြောက်ဥက္ကလာပမြို့နယ် အတွင်းရှိ ဆန်လက်လီရောင်းချနေသော ဆန်ဆိုင်(၄)ဆိုင် ဆန်ရောင်းဝယ် ရေးဆိုင်အား သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိ ရပါသည်။

     ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် ရွှေဘိုပေါ်ဆန်း၊ (ရက် ၉၀) ၊ ဆင်းသွယ်၊ ဧည့်မထ ၊ကျားပျံ ၊ ဧရာဝတီပေါ်ဆန်း ၊ မနောသုခ စသည့်ဆန်များ ၏ (၁ပြည်) ဈေးနှုန်းများကို စစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပြီး ၊ ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်း မပြုရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း  အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိ

    စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းနိုင် (ဦးစီးအရာရှိ) နှင့် ဝန်ထမ်းများသည် Bazaar Yangon ရှိ (2၀.၁၂.၂၀၂၄) ရက်နေ့၊ နေ့လယ်ပိုင်းတွင်  အမှတ်(၅၈) / မြန်မာ့ဂုဏ်ရည်လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ Bazaar Yangon အားသွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

      ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် Bazaar Yangon ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် Goody (ရွှေဘိုပေါ်ဆန်းမွှေး) (1 kg) ၊ Ayeyar (မြောင်းမြပေါ်ဆန်း) (1 kg) ၊ ကြယ်စင် (မြောင်းမြပေါ်ဆန်း)(1 kg) စသည့်ဆန်များကို   သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်းနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန် အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း  အသိပညာပေးပြောကြားခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

             ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ဗဟိုစာရင်းအင်းဦးစီးဌာန နှင့်စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေး အတွင်းရှိအခြေခံ စားသောက် ကုန်အရောင်းဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်း ရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ၊ ငရုပ်သီးခြောက်ရှည် ဈေးနှုန်းမြင့်တက်လာပြီး ယင်းကဲ့သို့ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ လက်ကျန်နည်းပါးသောကြောင့်ဖြစ်ပါသည်။ ဧည့်မထ (ဒေသဆန်)၊ ငစိန်(ဒေသဆန်)၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ(ကြူကုတ်) တို့မှာ ဈေးနှုန်းအနည်းငယ်ကျဆင်းလာပါသည်။ ဧည့်မထ (ဒေသဆန်)နှင့်ငစိန်(ဒေသဆန်) ဈေးနှုန်းအနည်းငယ်ကျဆင်းရခြင်းမှာ မိုးစပါး(အသစ်)ပေါ်ချိန်ဖြစ် ၍ ဖြစ်ပါသည်။ ခရမ်းချဉ်သီး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ(ကြူကုတ်) ဈေးနှုန်းကျဆင်းရခြင်းမှာ ပြည်မမှ ဝင်ရောက်မှုများပြား လာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

        ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်ပစ္စည်း အရောင်း ဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်း ဝယ်မှုပြုကြရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၂၄)ရက်နေ့၊ နေ့လည် (၁၃ꓽ၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်း များသည် ကျိုင်းတုံမြို့၊ ရပ်ကွက် (၁)နှင့် မြို့မဈေးကြီး အပြင်ဘက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေ သော စားသုံးဆီများအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရပ်ကွက် (၁)နှင့် မြို့မဈေးကြီးအပြင်ဘက်ရှိ ကုန်စုံဆိုင်များ၌ ရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေး မှူးနှင့်ဝန်ထမ်းများသည် စားသုံးဆီအရောင်းဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံ သော စားသောက်ကုန်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ တားမြစ်ထားသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

DOCA(ရှမ်း)

 

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း တင်ပြခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၂၀) ရက်နေ့ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် လွိုင်ကော်မြို့၊ ရှမ်းစုရပ်ကွက်နှင့် လောဓမ္မရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များ၌ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန် အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သီရိမင်္ဂလာဈေးအတွင်းရှိ  စားသောက်ကုန်ပစ္စည်းအများစုတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါကုန်အညွှန်း အမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော စားသောက်ကုန် တင်သွင်းဖြန့်ဖြူးရောင်း ချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသောက်ကုန်များရောင်းချသော ဆိုင်ရှင်များအနေဖြင့် ကုန် အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် ပစ္စည်းများကိုသာ တင်သွင်းရောင်း ချကြရန်နှင့် စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)နှင့် စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ၏ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများအားတွေ့ဆုံဆွေးနွေးခြင်း (Interview)အစီအစဉ်ဆောင်ရွက်

    ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV) မန္တလေးရုံးခွဲနှင့် စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံဦးမျိုးထွန်း(ဦးစီးအရာရှိ)တို့သည် မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၏ အဓိကလုပ်ငန်းစဉ် တစ်ခုဖြစ်သော ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာလုပ်ငန်း ဆောင်ရွက်နေမှုများအား မန္တလေးတိုင်းဒေသကြီးဦးစီးမှုးရုံး အစည်းအဝေးခန်းမ၌ သတင်းရိုက်ကူး ၍တွေ့ဆုံဆွေးနွေးခြင်း( Interview) အစီအစဉ်ဆောင်ရွက်ခဲ့ကြပါတယ်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများအား ဘက်စုံ၊ထောင့်စုံမှဆောင်ရွက်နေမှုများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်း၏ အဓိကလုပ်ငန်းစဉ် တစ်ခုဖြစ်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်အတွင်းစားသုံးသူများ၏ ဘေးအန္တရာယ်ဖြစ်နိုင်ခြေအနည်းအများကို ထည့်သွင်းစဉ်းစားပြီး ဦးစားပေးကုန်စည်များအဖြစ်သတ်မှတ်၍ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီသို့ တင်ပြခွင့်ပြုချက်ရယူကာ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ လအလိုက်ဈေးကွက် စောင့်ကြည့်စစ်ဆေးနေမှုများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဓိကအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ နှင့်ကိုက်ညီမှုရှိ၊မရှိ၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသော ကုန်စည်များ ရောင်းချမှု ရှိ/မရှိ စစ်ဆေးနေမှုများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြမှုမရှိသော ကုန်ပစ္စည်းများနှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ကုန်ပစ္စည်းများတွေ့ရှိပါက အရေးယူဆောင်ရွှက်မည့်အခြေအနေများ၊မန္တလေးတိုင်းဒေသကြီးအတွင်းစားသုံးသူကာကွယ်ရေးဥပဒေအရစစ်ဆေးရေးအရာရှိခန့်အပ်ပြီးစစ်ဆေးရေးအရာရှိများ၏စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊စီးပွားရေးလုပ်ငန်းရှင်များ၏ထုတ်လုပ်သောကုန်စည်များအားသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြစေရေး အခမဲ့စိစစ်၍ ပြန်ကြားပေးနေမှု အခြေအနေများအား တွေ့ဆုံဆွေးနွေးမေးမြန်းဖြေကြားခဲ့ကြပါသည်။

     နိဂုံးချုပ်အပိုင်းတွင် သီးခြားဖြည့်စွက်ပြောကြားလိုသည်များအား ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များ အားလုံးကို ခြုံငုံသုံးသပ်ကြည့်ပါက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဓိကလုပ်ဆောင်ရမည့် အချက်များမှာ ကုန်စည်၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ (၁) မှန်ကန်ရှင်းလင်းသည့်သတင်း အချက်အလတ်များ၊ အာမခံချက်များ၊ ကတိကဝတ်များပေးရန်နှင့် (၂)ပေးထားသည့်သတင်း အချက်အလတ်များ၊ အာမခံချက်များ၊ ကတိကဝတ်များ အတိုင်းဆောင်ရွှက်ပေးရန် စသည့်အချက် (၂)ချက်ကိုအဓိကထားလိုက်နာရန်လိုအပ်ကြောင်းနှင့်စားသုံးသူများအနေဖြင့်လည်းစားသုံးသူ၏တာဝန်များကို လိုက်နာမည်ဆိုပါက စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ယခုထက်ပိုမိုဆောင်ရွက်နိုင်မည့် အခြေအနေများကို အကျယ်တဝင့် မေးမြန်းဆွေးနွေးခဲ့ကြောင်း တင်ပြလိုက်ရပါတယ်။

  • မန္တလေး)

 

ဓနုဖြူမြို့နယ်အတွင်း အမှတ်တံဆိတ်ပါ ဗူးဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် (၁၉-၁၂-၂၀၂၄)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် အမှတ်တံဆိတ်ပါ ဗူးသွပ်ဆီများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍  ကွင်းဆင်းစစ် ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် စစ်ဆေးရေးအရာရှိ ဦးဝင်းမင်းစိုးနှင့်  ဝန်ထမ်း များသည်  ဓနုဖြူမြို့နယ်  အခြေခံစားသောက်ကုန်အရောင်းဆိုင် (၁၃)ဆိုင်မှ  အမှတ်တံဆိတ်ပါ ဗူးသွပ်ဆီဗူးများ စစ်ဆေးရာ၊  စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil , Cooking Oil ) နှင့် စပ်လျဉ်းသည့် ကုန်အညွှန်းအမှတ် အသား ဖော်ပြရာတွင် အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သား တို့ဖြင့် ဖော်ပြခြင်းရှိ/မရှိ၊ ကုန်စည်အုပ်စု ၈မျိုးအလိုက် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ပါ မြန်မာဘာသာဖြင့် ဖော်ပြရာတွင် သာမန်မျက်စိဖြင့် မြင်နိုင်သော စာလုံးအရွယ်အစားကို စစ်ဆေးခြင်း၊ ရောနှောဆီများ ရောင်းချခြင်းများ ရှိပါက သတ်မှတ်ချက်များကို လိုက်နာ၍ ဖော်ပြထားခြင်း ရှိ/မရှိကိုစစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနများမှ ကြီးကြပ်ကွပ်ကဲသည့် ကုန်ပစ္စည်းများအတွက် ၎င်းဌာနများ၏ ညွှန်ကြားချက် အတိုင်း လိုက်နာရန်နှင့် ၎င်းညွှန်ကြားချက်နှင့်အညီ ဤအမိန့်ကြော်ငြာစာပါ ဖော်ပြရန် အချက်များအား မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိကိုစစ်ဆေးခဲ့ပြီး ဓနုဖြူမြို့နယ်အတွင်း ကုန်အမှတ်တံဆိတ်ပါ ဗူးသွပ် ဆီများသည် သတ်မှတ်ချက်နှင်အညီရောင်းချသော ဗူးဆီများကို စစ်ဆေးတွေ့ရှိ ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူ သမာဓိ ဆန်စက်အား ဆန်ကြိတ်ခွဲမှုနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

            ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် သမာဓိဆန်စက်လုပ်ငန်းသို့ စားသုံးသူရေး ရာဦးစီးဌာနမှ တာဝန်ရှိသူများက (၁၈.၁၂.၂၀၂၄) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်က ဆန်စက် လုပ်ငန်းရှင် နှင့် တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် စပါးဆန် ကြိတ်ခွဲ ထုတ်လုပ်မှု အခြေအနေ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ သည်။

            စစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးသည် သမာဓိ ဆန်စက်လုပ်ငန်းအား စပါး ဆန် ကြိတ်ခွဲထုတ်လုပ်မှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံ၍ ဆန်စက်မှ စပါးသိုလှောင်ထားရှိမှု ကိုမေးမြန်းပြီး ဧည့်မထ စပါး ၅၀၀၀တင် သိုလှောင်ထား ရှိပြီး ဆန် ၁၃၀၀အိတ် ရှိကြောင်းနှင့် စပါးကို နဝလီသာကြိတ်ခွဲနေပြီး၊ တစ်နေ့ကို စပါး၁၅၀၀ကြိတ်၍ ဆန် တန် ၁၀ကျော်ကြိတ်ခွဲ နှင့် ၁လအတွင်း ၃၀၀-၅၀၀ တန်ကြိတ်ခွဲနိုင်ကြောင်း ရန်ကုန်သို့ တင်ပို့မှု မရှိဘဲ  နယ်မြေအတွင်း သာရောင်းချကြောင်းနှင့် လက်ကား ဝယ်ယူသူများကို သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ရောင်းချပြီး၊ လက်လီရောင်းချခြင်းလည်း ရှိကြောင်းကိုရှင်းလင်း ပြောပြခဲ့ပြီး  စားသုံးသူ ရေးရာဦးစီးဌာနမှ သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်နှင့် ပတ်သက်၍ ပြင်ဆင်မှု လိုအပ်ချက် ရှိပါက သတ်မှတ်ချက်များအတိုင်း လျောက်ထားနိုင်ရန်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆန်စက် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ