သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

             ၂၀၂၄  ခုနှစ် ၊ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ နံနက်၀၈း၃၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အင်တာပိုလ်၏(၁၇)ကြိမ်မြောက် ဆေးဝါးအတုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာအစီအစဥ်ဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ရေးဦးစီးဌာနမှဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ MEDILAND ဆေးရုံ၊ ပြည့်စုံထွန်း၊ ပါရမီဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေးဝါးများ ရောင်းချနေမှုများရှိ/ မရှိစစ်ဆေးခြင်း၊ သက်တမ်းကုန်လွန်သောဆေးဝါးများနှင့် ဆေးပစ္စည်းများ ရောင်းချနေမှုရှိ/ မရှိစစ်ဆေးခြင်းနှင့် မြန်မာနိုင်ငံဆေးဝါးရောင်းချမှုလိုင်စင်များရှိ/ မရှိစစ်ဆေးခြင်း၊ ဆေးဝါးပြတ်လတ်မှုများရှိ/ မရှိစစ်ဆေးခြင်းနှင့် ဆေးစျေးနှုန်းများ၏ စျေးကွက်အခြေအနေများ မေးမြန်းစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)              

မုဒုံမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပွဲသို့ မုဒုံမြို့နယ်တာဝန်ခံ တက်ရောက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ၁၆.၁၂.၂၀၂၄ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ် တာဝန်ခံ တက်ရောက်ခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံ အသီးသီးမှာ မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့် မကြာခဏဆိုသလို ဖြစ်ပေါ် ကြုံတွေ့နေရသည့်အတွက် ဘေးအန္တရာယ်များကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရှေ့တန်းကတုံ့ပြန်ရင်ဆိုင်ရမည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်ပစ္စည်းကိရိယာများ၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း အမှာစကားပြောကြားပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားများအား တူညီဝတ်စုံပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို ဒီဇင်ဘာ ၁၆ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

DOCA(မွန်)

ဘီးလင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် မီးငြိမ်းသတ်ရေး လက်တွေ့သရုပ်ပြသခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေးလက်တွေ့သရုပ်ပြသခြင်းကို (၁၈.၁၂.၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာဈေးရှေ့၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘီးလင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်လင်းဦးက ဈေးသူ၊ ဈေးသားများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်ပုံများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပုံ များကို လက်တွေ့သရုပ်ပြခဲ့သည်။ အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲ နှင့်သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးနေယုအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကျော်လှထွေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဈေးသူ၊ ဈေးသားများက မီးငြိမ်းသတ်ပုံများနှင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပုံများကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

DOCA(မွန်)

ဂျုံခေါက်ဆွဲလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ  ဝန်ထမ်းများနှင့် ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ပန်းသီးတံဆိပ်ဂျုံခေါက်ဆွဲလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် ပန်းသီးတံဆိပ်ဂျုံခေါက်ဆွဲသည် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ“ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကိုအလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျသိုလှောင်ရန်၊ သက်ဆိုင်ရာဌာနများ၏လုပ်ငန်းလိုင်စင်များပြုလုပ်ရန်နှင့်  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

          မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်၊ စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေး အတွက် ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၁၆.၁၂.၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်၍ မိုဘိုင်း စနစ်ဖြင့် စာအုပ်၊ စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။

          မိုဘိုင်းစာကြည့်တိုက် ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဝန်ထမ်းများက ဘီးလင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနရုံး၊ သမဝါယမဦးစီးဌာနရုံးနှင့် မီးသတ်ဦးစီးဌာနရုံးများသို့ သွားရောက်၍ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား သုတ/ ရသ စာအုပ်စာစောင်များကို ငှားရမ်းပေးခြင်း၊ ပြန်လည်အပ်နှံသည့်စာအုပ်များ သိမ်းဆည်းပေး ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ဘီးလင်းမြို့နယ်အတွင်း စာဖတ်ရှိန်မြင့်မားရေးအတွက် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့စာကြည့်တိုက်သို့လာရောက်နိုင်ခြင်းမရှိသူများအတွက် မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(မွန်)

စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၇.၁၂.၂၀၂၄) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ စားသုံးဆီအမျိုးမျိုးတို့အပေါ်၌ ကုန်အညွှန်းအမှတ်အသား အား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ ရောနှောဆီများရောင်းချခြင်း ရှိ/မရှိ၊ ဘေးအန္တရာယ်ရှိသော စားသုံးဆီများ ဈေးကွက်အတွင်းရောင်းချဖြန့်ဖြူးမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ စားသုံးသူများလုံခြုံစိတ်ချ၍ဘေးအန္တရာယ်ကင်းသော စားသုံးဆီများကိုသာ ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မွန်)

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးဝန်ထမ်းများမှ ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

          ၁၈.၁၂.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်း များသည် ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာရှိ “ရွှေပဒေသာ” ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် “ရွှေပဒေသာ” ဆန်စက်လုပ်ငန်းရှင်က ၎င်းတို့ဆန်စက်မှာ (၂၄) နာရီကြိတ်လျှင် (၃) တန်ခန့်သာ ကြိတ်ခွဲနိုင်ကြောင်း၊ ဆန်စက်မှာလျှပ်စစ်မီးဖြင့်သာ လည်ပတ်ပြီးလျှပ်စစ်မီးပြတ်တောက်မှုများသဖြင့် တစ်နေ့လျှင် (၂) နာရီခန့်သာလည်ပတ်ရ ကြောင်း၊ (၂) နာရီအတွင်းစပါးတင်း (၂၅) တင်းခန့်သာကြိတ်ခွဲရကြောင်း၊ အဓိကကြိတ်ခွဲနိုင် သည့် ဆန်အမျိုးအစားမှာ ဘန်ကောက်၊ ကမာကြည်၊ ပေါ်ဆန်းမွှေးတို့ကို ကြိတ်ခွဲကြောင်း၊ စပါးများကို ချောင်းဆုံမြို့နယ်အတွင်းမှ ဝယ်ယူပြီး ကုန်ချောဆန်များကို ချောင်းဆုံမြို့နယ် အတွင်းသာ ဖြန့်ဖြူးကြောင်း၊ လုပ်သားအင်အား (၂) ဦးဖြင့် လုပ်ငန်းလည်ပတ်လျှက်ရှိကြောင်း ဆွေးနွေးခဲ့ပါသည်။

          ထို့နောက် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ တာဝန်ခံက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ တွင် အမိန့်အမှတ် ၈၂/၂၀၂၄ ဖြင့် ထုတ်ပြန် ထားသော ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်တွင် စီးပွားရေးလုပ်ငန်းဆောင်ရွက် ရန်အလို့ငှာ ဆန်တန်ချိန် ၂၅ တန်နှင့်အထက် သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင် သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်း၊ အမိန့်ထုတ်ပြန်ပြီး နှစ်လပြည့်မြောက်သည့်နေ့ ရက်တွင် ဆန်ပါးသိုလှောင်ရုံပိုင်ဆိုင်သူသည် မှတ်ပုံတင်ဆောင်ရွက်ခြင်းမရှိပါက ဤအမိန့် တွင် ဖော်ပြပါရှိသောအရေးယူမှုတစ်ရပ်ရပ်ကို ဆောင်ရွက်နိုင်ကြောင်း အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

သထုံခရိုင်၊ ဘီးလင်းမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှဆီကားများ ရောက်ရှိလာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းနှင့် ဝန်ထမ်းများသည် (၁၃.၁၂.၂၀၂၄) ရက်နေ့ ညနေ (၄:၃၀) နာရီတွင် ဘီးလင်းမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ Kaung Hlyan New Asia ကုမ္ပဏီမှ(ယာဉ်အမှတ် 4G-2351) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ(၄၄)ပေပါ ရောက်ရှိလာ ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ စားအုန်းဆီများကို သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး‌ရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် ဘီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ လက်လီ/လက်ကားဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်းနှင့် လက်လီ/လက်ကား ဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူ့များထံသို့ ၂%အမြတ်ဖြင့်ပြန်လည်ရောင်းချနေခြင်းအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန် ပြည့်/မပြည့် သတ်မှတ်ခွဲတမ်းများအား ပြည့်ဝစွာရောင်းချခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ထားဝယ်မြို့ အိုးလုပ်ပြင်စျေးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နံနက်(၀၇း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် မြို့၊ အိုးလုပ်ပြင်စျေးအတွင်းရှိ ငါး/ပုစွန်အရောင်းဆိုင်များ၊ ကမ်းနားလမ်းရှိ ငါးဒိုင်များအား သက် ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ ကျန်း မာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင် ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် စျေးအတွင်းရောင်းချနေသော ငါး/ပုစွန်များနှင့် ငါးဒိုင်များတွင် ‌ရောင်းချနေသော ငါး/ပုစွန် တို့တွင် စာသုံးသူပြည်သူများ အန္တရာယ်ဖြစ်စေနိုင်သည့် ဖော်မလင် ဆေးရည်များ စိမ်ခြင်း/ထိုးနှံရောင်းချ ခြင်း ရှိ/မရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ Mobile lab မော်တော်ယာဥ်နှင့် စစ်ဆေးခြင်းနှင့် သန့်ရှင်းလတ်ဆတ်စွာဖြင့် ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။         

DOCA(တနင်္သာရီ)

Cake&Bakeryလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ  ဝန်ထမ်းများနှင့် ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ဆေးခမ်းရပ်ကွက်၊ ဟွေခိုက်(၄)လမ်းရှိ SKတံဆိပ် Cake&Bakeryလုပ်ငန်းအား ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် SKတံဆိပ် ကိတ်မုန့်နှင့်မုန့်မျိုးစုံတို့သည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ“ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးကိုအလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျသိုလှောင်ရန်၊  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကိုလိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ