သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သထုံမြို့နယ်ရှိ ပဲမျိုးစုံစိုက်ကွင်းများသို့ ကွင်းဆင်းလေ့လာ

           ၁၆.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ် ပဲမျိုးစုံစိုက်ပျိုးသော ကျိုက္ကော်ကွင်းသို့ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစီးအရာရှိ ဦးထွန်းအောင်ဖြူ နှင့် ဝန်ထမ်းများက ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရသည်။

            ထိုသို့ ကွင်းဆင်းလေ့လာခဲ့ရာတွင် ပဲတီစိမ်းစိုက်ခင်းပိုင်ရှင် ဦးအေးနိုင်က သထုံမြို့နယ်တွင် ပဲမျိုးစုံစိုက်ပျိုးကြသော်လည်း ပဲတီစိမ်းကို အဓိကစိုက်ပျိုးပြီး တောင်သူများ တွက်ခြေကိုက်သော သီးနှံဖြစ်ခြင်းကြောင့် နိုဝင်ဘာလပထမပတ်တွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလ ဒုတိယပတ်တွင် စတင်ရိတ်သိမ်းကာ တစ်ဧကအထွက်နှုန်းမှာ ၁၅ တင်းခန့် ထွက်ရှိကြောင်း သိရသည်။

           ယခင် ပဲတီစိမ်း တစ်တင်းလျှင် ၈၀၀၀၀ ကျပ်မှ ၁၀၅၀၀၀ ကျပ်ရှိပြီး ဈေးကွက်ပေါက် ဈေးမှာ ၂၅၀၀၀ ကျပ်ထိမြင့်တက်ခဲ့ကြောင်းနှင့် ပဲတီစိမ်းများ ဈေးကောင်းရလာခြင်းနှင့် အတူ လက်ရှိစိုက်ပျိုးထားသော ပဲတီစိမ်းများထွက်ပေါ်လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ပဲတီစိမ်းပေါ်ချိန်တွင် အမြတ်အစွန်းပိုမိုရရှိနိုင်မည်ဟု တောင်သူများက မျှော်မှန်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ် ဗိုလ်ချုပ်လမ်းပေါ်ရှိ ဌေးမြင့်အောင်တံဆိပ် ယိုမျိုးစုံထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံ

           ၁၆.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးစီးမှူး ဦးဇော်ဦးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ဌေးမြင့်အောင်အမှတ်တံဆိပ် ယိုမျိုးစုံထုတ်လုပ်သည့် လုပ်ငန်းရှင် ဒေါ်ဝင်းဝင်းဌေးနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။

        ထိုသို့ သွားရောက်တွေ့ဆုံရာတွင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ ခွင့်ပြုထားသည့် စားသုံးရန်သင့်သော ဓါတုဆိုးဆေးများကို သတ်မှတ်သည့် အချိုးအစားအတိုင်း မှန်ကန်စွာသုံးစွဲကြရန်၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရန်၊ ထုတ်ပိုးမှုစနစ်များ သေသပ်စွာဆောင်ရွက်ရန်၊ သက်တမ်းလွန်အစားအသောက်များရောင်းချခြင်းမပြုရန်၊ အရည်အသွေးပြည့်မှီ သန့်ရှင်းကောင်းမွန်သော ကုန်ကြမ်းများဖြင့် ကျန်းမာရေးနှင့် ညီညွတ်စွာထုတ်လုပ်ရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါလမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်၊ အ.မ.က(ကွမ်ကသောင်) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

          ၁၄.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးညီလွင်အေးနှင့် ဝန်ထမ်းများသည် မုဒုံမြို့နယ်၊ အ.မ.က (ကွမ်ကသောင်) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေး ကြည့်ရှုရမည့် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များ၊ စားသုံးသူများ နစ်နာဆုံးရှုံး မှုများပေါ်ပေါက်လာပါက တိုင်ကြားနိုင်သည့်နေရာ၊ Consumer Call Center (1535) သို့ ဖုန်းခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်း၊ www.doca.gov.mm တွင်လည်း ဝင်ရောက်တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးပြီး ဌာန၏လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၂၇) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

သထုံမြို့နယ်တွင် ကလေးအသုံးအဆောင်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

           ၁၆.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ သထုံမြို့ရှိ ရွှေသွန်း (Baby Mart) သို့သွားရောက်၍ ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချလျက်ရှိသော Babi Mild ရေချိုးဆပ်ပြာရည်၊ Gold Power ကလေးဖြည့်စွက်အာဟာရမှုန့်၊ Babi Mild Double Milk ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင် သတိပေးချက်များ ပါဝင်မှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းရှိ  ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်၊ အ.မ.က(စာစင်) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

          ၁၅.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးညီလွင်အေးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မုဒုံမြို့နယ်၊ အ.မ.က (စာသင်) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။

           အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေး ကြည့်ရှုရမည့် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များ၊ စားသုံးသူများ နစ်နာဆုံးရှုံး မှုများပေါ်ပေါက်လာပါက တိုင်ကြားနိုင်သည့်နေရာ၊ Consumer Call Center (1535) သို့ ဖုန်းခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်း၊ www.doca.gov.mm တွင်လည်း ဝင်ရောက်တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးပြီး ဌာန၏လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

           အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၉၇) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ဆိပ်ဖြူမြို့၌ ကျင်းပပြုလုပ်သောပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားတွင် စားသုံးသူကာကွယ်ရေးအသိပညာ ဟောပြောဆွေးနွေး

       မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် (၁၀.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံး သူအခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ရန်အတွက်ရည်ရွယ်၍ ဆိပ်ဖြူမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးဝန်းတွင် ပြုလုပ်သော ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ သွားရောက်ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

             မြို့နယ်တာဝန်ခံက ဌာနဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားဆောင်ရွက်နိုင်ကြောင်း၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင်လည်း လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြချက်များမှာ အရေးပါကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၉)ပါ စားသုံးသူများတွင် ရရှိနိုင်မည့်အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားနိုင်ခွင့်၊ ပြန်လည်ကုစားနိုင်ခွင့်များ ရရှိနိုင်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အ.ထ.က(၅)ကျောင်းမုန့်ဈေးတန်း၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ( ၁၆ )ရက်နေ့ နံနက်( ၀၉:၀၀ )နာရီအချိန်တွင် လွိုင်ကော်မြို့ အ.ထ.က(၅) အခြေခံပညာအထက်တန်းကျောင်း ကျောင်းမုန့်ဈေးတန်း၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အ.ထ.က(၅)ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့် ဈေးတန်းများ၌ ရောင်းချနေသော မုန့်များမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော မုန့်များရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ မြန်မာမုန့်များရောင်းချသူများမှာလည်း မုန့်များအား တစ်ခါသုံးလက်အိတ်များသုံးစွဲခြင်း၊ ယင်လုံဇကာများဖုံးအုပ်၍ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ကျောင်းမုန့် ဈေးတန်း ၌ မုန့်ရောင်းချနေသူများအနေဖြင့် အစားအသောက်များကိုင်တွယ်ရာ တွင် သန့်ရှင်းသပ် ရပ်စွာကိုင်တွယ်ရောင်းချကြရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန် အညွှန်းအမှတ်အသားသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည့်မုန့်များသာ ဝယ်ယူရောင်းချကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

အ.ထ.က(၁)ကျောင်းမုန့်ဈေးတန်း၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ( ၁၄ )ရက်နေ့ နံနက်( ၀၈:၃၀ )နာရီအချိန်တွင် လွိုင်ကော်မြို့ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းမုန့်ဈေးတန်း၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အ.ထ.က(၁)ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းများ၌ ရောင်းချနေသောမုန့်များမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏        (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော မုန့်များရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ မြန်မာမုန့်များရောင်းချသူများမှာလည်း မုန့်များအား တစ်ခါသုံးလက်အိတ်များသုံးစွဲခြင်း၊ ယင်လုံဇကာများဖုံးအုပ်၍ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

          ကျောင်းမုန့်ဈေးတန်း၌ မုန့်ရောင်းချနေသူများအနေဖြင့် အစားအသောက်များကိုင်တွယ်ရာတွင် သန့်ရှင်းသပ်ရပ်စွာကိုင်တွယ်ရောင်းချကြရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည့်မုန့်များသာဝယ်ယူရောင်းချကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

ဇလွန်မြို့နယ် အ.မ.က အဒါးကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၉.၁.၂၀၂၅)နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဇလွန်မြို့၊ အဒါးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ မိဘများ၊ ကျောင်းသား/ကျောင်းသူ ၉၅ ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း နှင့်စာဖတ်ရှိန် မြှင်တင်ရေး  အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးမှ အစားအသောက်များတွင်ပါဝင်သော ဓါတုဆိုးဆေး၏ ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာဆောင်ရွက်ရ မည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့်နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆို တင်ပြတိုင်ကြားခွင့်နှင့်ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စာဖတ်ရှိန်မြှင်တင်ရေး  အသိပညာပေး ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး နံနက် (၁၁:၃၀)အချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၁၀.၁.၂၀၂၅) ရက်နေ့ ညနေ(၁၅:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍   စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre  ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန      မြို့နယ်ဦးစီးမှူးမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ အခန်း(၁၈)ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အချက်(၈)ချက်အား ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ စစ်ဆေးရေးအရာရှိ၏ လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ဥပဒေပါအချက်အလက်များသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ရုံးချုပ်၏ www.doca.gov.mmwebsite တွင်လည်း ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်း စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ