
ကျောက်ဆည်မြို့၊မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၄)ရက်နေ့တွင် ပြည်ပပို့ကုန်သီးနှံ ထုတ်ကုန်များတွင်ပိုးသတ်ဆေးဓါတ်ကြွင်းကင်းစင်ရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိရေးနည်းပညာပေးဆွေးနွေးပွဲအခမ်းအနားအားကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ၊ ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများနှင့်တောင်သူဦးကြီးများ တက်ရောက်ခဲ့ပါ သည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စားသုံးသူများ၏ ကျန်းမာရေးကိုရည်ရွယ်ပြီး ယခုအခမ်းအနားအားကျင်းပရခြင်းဖြစ်ပြီး ပိုးသတ်ဆေးဓါတ်ကြွင်းကင်းစင်ရေးအတွက် တောင်သူ ဦးကြီးများမှလည်းပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုကြောင်း၊ သီးနှံများပိုးသတ်ဆေးဓါတ်ကြွင်းကင်စင် ပြီးနိုင်ငံတကာစျေးကွက်တွင် ယှဉ်ပြိုင်နိုင်ပြီး စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်မှာဖြစ် ကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် စိုက်ပျိုးရေးသီးနှံကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး ဦးဇော်လင်းက ပြည်ပပို့ကုန်သီးနှံများအနေဖြင့် ပိုးသတ်ဆေးဓါတ်ကြွင်းကင်းစင်ပြီး ပန်းတိုင်အထွက် နှုန်းရရှိရန်အတွက် ဆွေးနွေးပွဲအား ဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာ ဌာနများမှပန်းတိုင်အထွက်နှုန်းများရရှိရေး ဆောင်ရွက်ရမည့်အချက်များ နှင့် မျိုးကောင်းမျိုးသန့်များ အသုံးပြုရေးနည်းလမ်းများ နှင့် အင်းဆက်ဖျက်ပိုးများ၏ အန္တရာယ်များအကြောင်းအရာများအား အသေးစိတ်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
