သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အောင်ကျော်ဈာန်ဆန်စက်ရှိလုပ်သားပြည်သူများစားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန် ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၉)ရက်မေ့ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင်ဒေးဒရဲမြို့ ထောင်မှူးချောင်ကျေးရွာရှိ အောင်ကျော်ဈျာန်ဆန်စက်တွင် လုပ်သားပြည်သူ(၂၅)ဦးတို့စားသုံသူကာ ကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ နှင့်ပတ်သက်၍စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ စားသုံးသူလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဆောင်ရွက်ချက်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံခရိုင်ကုန်တင်ကားကြီးလုပ်ငန်းရှင်အသင်းနှင့်တွေ့ဆုံဆွေးနွေး

            ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးခန်းတွင်( ၇-၁-၂၀၂၅ )ရက်နေ့၊ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက ဦးဆောင်၍ မြို့နယ်တာဝန်ခံများနှင့် ခရိုင်ကုန်တင်ကားကြီး လုပ်ငန်းရှင်အသင်းတို့တွေ့ဆုံ၍ ကုန်တင်လွှာစနစ််ဖြင့်ဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ကြသည်။

           အဆိုပါအခမ်းအနားတွင် ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက ကုန်တင်ကားကြီးများအနေဖြင့် မိမိတို့ ကားပေါ်တင်ဆောင်လာသည့် ကုန်စည်များသည် တရားဝင်ကုန်စည်များဖြစ်ဖို့လိုကြောင်းနှင့် သက်ဆိုင်ရာခွင့်ပြုချက်အထောက်အထားများပြည့်ပြည့်စုံစုံယူဆောင်ကြရန်မှာကြားပါသည်။

          ဖျာပုံမြို့နယ်တာဝန်ခံဦးမင်းဇော်က ကုန်စည်များသယ်ဆောင်သည့် ကုန်တင်ကာများအနေဖြင့် ကုန်တင်လွှာရယူပြီးမှ သာထွက်ခွာရန်နှင့်ဒေသကုန်ကားများအခက်အခဲရှိပါက အသင်းအနေဖြင့်ကူညီ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းနှင့် အညီလုပ်ဆောင်သွားကြရမည်ဖြစ်သည်။ ကုန်ပို့လွှာတွင်သယ်ယူသည့်ရက်စွဲ၊ မည်သည့်နေရာကသယ်ယူပြီးမည်သည့်နေရာသို့ပို့မည်စသည့် အချက် အလက်များပြည့်ပြည့်စုံစုံထည့်သွင်းရမည်ဖြစ်သည်၊ ဆန်နှင့်ဆန်ထွက်ပစ္စည်း၏ စီးဝင်စီးထွက်စာရင်း ဌာနကိုပေးရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပါသည်။ တက်ရောက်လာသူများမှ တင်ပြဆွေးနွေး မှုအပေါ်တာဝန်ရှိသူများမှပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

            ထိုတွေ့ဆုံဆွေးနွေးပွဲသို့ ဖျာပုံခရိုင် ကုန်တင်ကားကြီး လုပ်ငန်းရှင်အသင်းမှတာဝန်ရှိသူ(၉)ဦး တက်ရောက်ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ရွှေတောင်မြို့နယ်တွင်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းစစ်ဆေးခြင်းများဆောင်ရွက်

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များရှိ စတိုးဆိုင်များ တွင် ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးရောင်းချသောဆိုင်များသို့ (၁၁.၁.၂၀၂၅)ရက်နေ့၊ နေ့လည်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများအဖွဲ့သည် သွားရောက် ၍ ကွင်းဆင်းလေ့လာ‌ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် ကလေးအသုံးအ‌ဆောင် ပစ္စည်းများဖြစ်သော လက်တွန်းလှည်း၊ ကလေးစီးသောကွင်း၊ အရုပ်များကိုစစ်ဆေးရာ ကလေးအသုံးအဆောင်ပစ္စည်းကို အသုံးပြုရာတွင် ကလေးအတွက်အန္တရာယ်မဖြစ်နိုင်သော ကြိုတင်သတိပေးချက်များပါ ရှိရမည် ဖြစ်ပြီး စတိုးဆိုင်ပိုင်ရှင်များအား မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ်အသားပါရှိမှသာ ရောင်းချ ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း တားမြစ်ချက်များနှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)

ကမ်းနားရေလဲ အ.မ.က ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

 

            စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ၉.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင်  ညောင်တုန်းမြို့နယ် ရေလဲကမ်းနားလမ်း အ.မ.က ကျောင်းသို့သွားရောက်၍ ကျောင်းသား/ သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

           အဆိုပါဟောပြောပွဲတွင် ဒေါ်ချိုမီဇင် ဒုဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊  မျှော်မှန်းချက်၊ ရည်ရွယ်ချက်တို့ကိုရှင်းလင်းခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား ကြည်ရှုပြီး ဝယ်ယူအသုံးပြုနိုင်ရန် ရှင်းလင်းခြင်း၊   စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုပုံစံများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အသိပညာများကို သိရှိနိုင်ရန် ဥပမာပေး ကုန်စည်ထုတ်ကုန်များနှင့် ကျောင်းသား/ ကျောင်းသူများအာ ရွေးချယ်ပြသစေပြီး ဆုပေးစနစ်ပြုလုပ်ကာ အသိပညာပေးဟော ပြောခဲ့ကြောင်းသိရသည်။

            အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ သူ(၁၀၀)ဦး ဆရာ/ ဆရာမ(၆) ဦးစုစုပေါင်း (၁၀၆)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

လက်ပံတန်းမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်းဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊    ပဲခူးတိုင်းဒေသကြီး၊    သာယာဝတီခရိုင်၊  လက်ပံတန်းမြို့နယ် ( ၁၁.၁.၂၀၂၅) ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် ခရိုင်ဦးစီးမှူးဦးသန်းစိုး၊ စားသုံး/ထုတ်လုံတာဝန်ခံဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ်တာဝန်ခံဦးချစ်ကိုကို၊ ဈေးတာဝန်ခံဦးတိုးအောင်၊ ‌စျေးအတွင်းရှိ တာဝန်ရှိသူများနှင့်ပူး၍ တိုင်းရင်းဆေး ရောင်းဝယ်ရေးဆိုင်များ သို့သွားရောက်၍ စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း ( ၁၈ )ပါ ကုန်စည်များ ပေါ်တွင် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီဖြန့်ဖြူးရောင်းချရန်၊ ကုန်စည် ၏အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း (၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကိုအထူးအလေးထားဆောင်ရွက်ရန်အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာ‌စောင် များဖြန့်ဝေခဲ့ပါသည်။ 

DOCA(ပဲခူး)

တောင်ငူခရိုင်အတွင်းရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် တောင်ငူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးအောင်ကိုကိုနှင့်အတူ (၁၁.၁.၂၀၂၅)ရက်နေ့ နေ့လယ်ပိုင်း တွင်တောင်ငူမြို့ပေါ်ရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်အရောင်းဆိုင်များသို့ လည်းကောင်း၊ ရေတာရှည် မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ရေတာရှည်မြို့ပေါ်ရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်အရောင်း ဆိုင်များသို့လည်းကောင်း သွားရောက်၍ ဆန်သိုလှောင်ထားရှိမှုနှင့် ရောင်းချဖြန့်ဖြူးမှု အခြေအနေ များကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

              တောင်ငူခရိုင်အတွင်း ဆန်ပြတ်လပ်မှုနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေး အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း ၍ ခရိုင်အတွင်းရှိ ဆန်သိုလှောင်ရုံနှင့် ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးပြီး ဈေးနှုန်းမြှင့် တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုရန် သက်ဆိုင် ရာလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပါသည်။

              တောင်ငူခရိုင်အတွင်းရှိ ဆန်ရောင်းချမှုမှာ ပုံမှန်အနေအထားအတိုင်းရှိကြောင်း၊ ဆန်စက် များအနေဖြင့် လျှပ်စစ်မီးပုံမှန်ရရှိခြင်းမရှိခြင်းကြောင့် ပုံမှန်ကြိတ်ခွဲနိုင်မှုမရှိသဖြင့် သိုလှောင်ရုံများ တွင် ဆန်မြောက်များစွာသိုလှောင်ထားခြင်း မရှိကြောင်း၊ လက်ကျန်ဆန်များကို ဈေးကွက်သို့ ပုံမှန်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့နယ် စားသုံးဆီလက်လီလက်ကားရောင်းချသူများနှင့်တွေ့ဆုံ

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး သည်(၁၁.၁.၂၀၂၅) နံနက်ပိုင်းတွင် ရေတာရှည်မြို့ရှိ ဆီကုန်သည် ဦးမျိုးဝင်းအောင်၏ ကုန်စုံဆိုင်၌ ရေတာရှည်မြို့ပေါ်ရှိ စားသုံးဆီလက်လီလက်ကား ရောင်းချသူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

              တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံသည် ရေတာရှည်မြို့နယ်အတွက် ရရှိသည့် စားသုံးဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဖြန့်ဖြူးရောင်းချရန်၊ ခွဲတမ်းရရှိသည့် ဆိုင်များအနေဖြင့် ဈေးနှုန်းကိုအများမြင်သာအောင် ဗွီနိုင်းချိတ်ဆွဲတားရှိရန်၊ ဘူးသွင်း ဆီရောင်းချသူများအနေဖြင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်နှင့် အညီရောင်းချ ဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားပါသည်။

              ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်တာဝန်ခံက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ရေတာရှည်မြို့မှ စားသုံးဆီ လက်လီလက်ကားရောင်းချသူ ၉ ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ပေါ်ရှိ စားအုန်းဆီလက်လီလက်ကားရောင်းချသောကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

              စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  (၁၁.၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် တောင်ငူမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/လက်ကား ရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်း စစ် ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

              ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဖြန့်ဖြူးရောင်းချရန်၊ အချိန်အတွယ် မှန်ကန်စွာ ရောင်းချကြရန်နှင့် ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေး ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ကျောက်ဖရုံသီးစားသုံးခြင်းဖြင့် ရရှိနိုင်သောကျန်းမာရေးကောင်းကျိုးများ

          ကျောက်ဖရုံသီးသည် အာဟာရဓာတ်ပြည့်ဝပြီး ဗီတာမင် B နှင့်Cအပြင် ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓာတ်နှင့် အမျှင်ဓာတ်ကဲ့သို့ ခန္ဓာကိုယ်အတွက်လိုအပ်သော အရေးကြီးသတ္တုဓာတ် များကြွယ်ဝစွာပါဝင်ပါသည်။ ကယ်လိုရီပါဝင်မှုနည်းသည့်အတွက် ဆီးချိုသမားများအတွက် အကောင်းဆုံး စားစရာလည်းဖြစ်ပါသည်။ ကျောက်ဖရုံသီး စားသုံးပေးခြင်းဖြင့် ကိုယ်အလေးချိန်  လျော့ချရာတွင် အထောက်အကူပေးနိုင်သည်ဟု သိရှိရပါသည်။ ကျောက်ဖရုံသီးသည် ခန္ဓာကိုယ်အပူ ကိုငြိမ်းစေပြီး အဆိပ်တောက်ကိုလည်း ပြေစေပါသည်။ ကျောက်ဖရုံသီးဖျော်ရည် သောက်သုံးခြင်း  အားဖြင့် အစာအိမ်နာများအတွက် ကောင်းမွန်စေပါသည်။ ကျောက်ဖရုံသီး စားသုံးပေးခြင်းဖြင့် အစာအိမ်နာသက်သာစေခြင်း၊ အူတွင်းပိုးမွှားများ ကင်းရှင်းစေခြင်း၊ ကိုယ်အလေးချိန်လျော့ချခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ကုန်စုံဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် သာယာဝတီမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် ၁၀.၁.၂၀၂၅ ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင်မြို့မဈေးအတွင်းရှိကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ ပြည်တွင်းကုန်သွယ်ရေးဖွံဖြိုးမှုနှင့်သုတေသနဌာနခွဲ ဦးဝင်းထွဋ်လွင်နှင့်ဝန်ထမ်းများမှ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စားသုံး သူများ တိကျမှန်ကန်ရှင်းလင်းသောသတင်းအချက် များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အ သွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများဖော်ဆောင်ဖြည့် ဆည်းပေး နိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်း ရှင်များအနေ ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ ပြည့်စုံစွာ ဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင် များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ