သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပေါင်းတည်မြို့နယ် သပြေကုန်းရွာအခြေခံ မူလတန်းကျောင်းတွင်အသိပညာပေးဟောပြောဆွေးနွေး

        ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့မှ စားသုံးသူရေးရာဦးစီဌာနမှ ဝန်ထမ်း များသည် ပေါင်းတည်မြို့၊သဖန်းပင်ဆိပ်အုပ်စု သပြေကုန်းရွာ အခြေခံပညာမူလတန်း ကျောင်း၌(၉-၁-၂၀၂၅)ရက် နံနက် (၁၀:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဖြစ်သော မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများကို စားသုံးသူရေးရာနှင့် ပတ်သက်သော အကြောင်းအရာများကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့သွားရောက် အသိပညာပေးရာတွင် အစားအသောက်များကို ကျောင်းသား ကျောင်းသူ များအနေဖြင့် ဝယ်ယူစားသောက်ရာတွင် ရွေးချယ်ဝယ်ယူ စားသောက်တတ်စေရန်၊ အရောင် တောက်တောက်နှင့် အထူးအဆန်း သဘာဝဆိုးဆေးမဟုတ်သော အစားအစာများကို ဝယ်ယူမစား သုံးသင့်ဘဲ အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ ကိုသာ ဝယ်ယူစားသုံးသင့်ကြောင်း၊ ဝယ်ယူစားသောက်ရာတွင်လည်း ပစ္စည်း၏ အရည်အသွေးနှင့် ပါဝင်ပစ္စည်း၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့် ရက်စွဲတို့ကိုကြည့်ရှု့၍ ဝယ်ယူစားသောက် သင့်ကြောင်း စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈) ပုဒ်မ (၄၁)ပါအကြောင်းအရာများကို ကျောင်းသား/ ကျောင်းသူ များကို အသိပညာ‌ပေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့နယ် ဘွဲ့ပင်ကန်ရပ်ကွက် အခြေခံပညာမှုလတန်းကျောင်းတွင် အသိပညာပေးဟောပြောဆွေးနွေး

           နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် (၉.၁.၂၀၂၅)ရက်နေ့ နေ့လည် (၁:၀၀)နာရီ အချိန်တွင် ပေါင်းတည်မြို့နယ် ဘွဲ့ပင်ကန်ရပ်ကွက်အတွင်းရှိ အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်၍ စားသုံးသူရေးရာဌာနနှင့် ပြန်ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေး ဟောပြောခြင်း ၊ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲအခမ်းအနားများ ပြုလုပ်ခဲ့ ပါသည်။

           စားသုံးရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးနိုင်ဝင်းသိန်းက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉) ပုဒ်မ(၁၉)ပါ စားသုံးသူအခွင့်အရေးနှင့်စားသုံးသူ၏ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ အကြောင်းအသေးစိတ်ရှင်းလင်း ဆွေးနွေးဟောပြောခဲ့ပါပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးမှူး ဒေါ်အေးစုစံမှ လူကုန်ကူးမှု နံရံကပ်စာစောင်များနှင့် လူကုန်ကူးမှုအန္တရာယ် ဓာတ်ပုံပြပွဲအကြောင်း၊ စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများအကြောင်း ဟောပြော ဆွေးနွေး ခဲ့ရာ ဆရာ/ဆရာမဦးရေ(၁၅)ဦးနှင့် ကျောင်းသား/ကျောင်းသူဦး ရေ(၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

နေကြာစိုက်ပျိုးသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

          (၉.၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူ မြို့နယ် ဦးစီးမှူးရုံးမှမြို့နယ်တာဝန်ခံနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် လက်ဆွဲချောင်းကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဝန်းတွင်  ဓနုဖြူမြို့နယ်နေကြာစိုက်ပျိုးသူ လုပ်ငန်းရှင်(၁၅)ဦး နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းနှင့် နေကြာစိုက်ပျိုးသီးနှံ အထွက်တိုးရေး အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

          ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုး ဦးစီးအရာရှိက စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ကို ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူ ကာကွယ်ရေး လုပ်ငန်းစဉ်ကိစ္စရပ် ကိုရှင်းလင်း ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များ ကိုရှင်းလင်းခြင်း၊ စားသုံးသူအခွင့်အရေး နစ်နာမှုရှိပါက တိုင်ကြားရန် လွယ်ကူသည့် Call Center1535ကို အလွယ်တကူဆက်သွယ်၍ စုံစမ်းမေးမြန်း တိုင်ကြားနိုင်သည့်အကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

          ဆက်လက်၍ နေကြာစိုက်ပျိုးမည့်တောင်သူများကို ဒေသတွင်း စားသုံးဆီဖူလုံဖို့ နေကြာပင်စိုက်ပျိုးပြီး အထွက်နှုန်းကောင်းစေရန်အတွက် စီမံဆောင်ရွက်သင့်သည်များကို စိုက်ပျိုးတောင်သူများမှ လိုက်နာဆောင်ရွက်နိုင်စေရန်၊  မြို့နယ်တွင်း နေကြာစိုက်ပျိုးပြီး နေကြာထွက်ရှိမှုမှ ဆီကြိတ်ခွဲ၍ နေကြာဆီစားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် ကောင်းမွန်သည့် အတွက် စိုက်ပျိုးသင့်ကြောင်း ပြည်ပမှစားသုံးဆီဝယ်ယူမှုကိုလျော့ချနိုင်ပြီး ဒေသတွင်း စားသုံးဆီသီးနှံများစိုက်ပျိုးမှသာ ဆီဖူလုံမည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍမှ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကို အရှိန်အဟုန်နှင့် မြှင့်တင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်မှ လမ်းညွှန်ချက်များချမှတ်ပြီး စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး နေကြာသီးနှံသည် အခြားဆီထွက်သီးနှံများနှင့် နှိုင်းယှဉ်ကြည့်ပါက စိုက်ပျိုးရလွယ်ကူပြီး စိုက်ပျိုးသည့် ကုန်ကျစရိတ် သက်သာသည့်အပြင် တစ်ယူနစ် ဧရိယာမှထွက်ရှိသည့် ဆီထွက်နှုန်းပိုမိုရရှိမှု သေချာသည့် သီးနှံဖြစ်ကြောင်းကို နေကြာစိုက်တောင်သူများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 

DOCA( ဧရာဝတီ )

ညောင်တုန်းမြို့နယ်ရှိ GoodBrother ဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေး

          (၉.၁၂.၂၀၂၄) ရက်နေ့  နံနက်(၁၁:၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆားမလောက်ကျေးရွာ Goodbrother ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ကုမ္မဏီမှ တာဝန်ရှိသူနှင့် တွေ့ဆုံ၍ Goodbrother ဆန်စက်တွင် စပါးဝယ်ယူထားရှိမှုနှင့် လက်ရှိစပါးတင်း ၅၀၀၀ သိုလှောင်ထားရှိကြောင်း၊  စပါးကြိတ်ခွဲပြီး ဆန်သိုလှောင်ထားရှိမှု အိတ်ရေ ၂၀၀၀၀ အိတ် ကိုကြည်ရှုစစ်ဆေးပြီး ပြည်ပတင်ပို့နိုင်ရေး အခန်းကဏ္ဍ ကိစ္စရပ်များ အကြောင်း ဆွေးနွေးခြင်း၊ လယ်ယာသုံး စက်ပစ္စည်း အမျိုးမျိုးရောင်းချနေမှုများကို ကြည်ရှုလေ့လာကာ ကုမ္ပဏီမှ  အမှတ်တံဆိပ်ပါ ဆန်ထုတ်ကုန်အတွက် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာပါရှိရေး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ဒေသတွင်း စက်မှုလယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် စိုက်ပျိုးသီးနှံများအား အချိန်မီရိတ်သိမ်းခြွေလှေ့ ဆောင်ရွက်နိုင်ရန်အတွက် လက်ငင်းစနစ်၊ အရစ်ကျစနစ်ဝယ်ယူဖြန့်ဖြူးရောင်းချပေးရခြင်း၊ လယ်ယာ လုပ်သားရှာပါးမှု ကုစာနိုင်ရေး  ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ဆွေးနွေးခြင်း၊ လယ်ယာစိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ အဓိကလုပ်ငန်းကြီးတစ်ခုဖြစ်သကဲ့သို့ နိုင်ငံ၏ (၆၀)ရာခိုင်နှုန်းသော GDP သည် လယ်ယာစိုက်ပျိုးရေးတွင် မှီခိုနေကြောင်း စသည်တို့ကို ညောင်တုန်းမြို့နယ်ဦးစီးမှူးက ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တောင်ငူခရိုင်ဦးစီးမှူး စားသုံးဆီကိုယ်စားလှယ်များနှင့်တွေ့ဆုံ

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဇန်နဝါရီလ ၉ ရက် နေ့ မွန်းလွဲပိုင်းတွင် ခရိုင်ဦးစီးမှူးရုံး၌ တောင်ငူခရိုင်အတွင်းရှိ စားသုံးဆီကို ရည်ညွှန်းဈေးဖြင့် ဝယ်ယူ ရရှိသည့် ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးပါသည်။

              ခရိုင်ဦးစီးမှူးက စားသုံးဆီရောင်းချရာတွင် လူစုလူဝေးမဖြစ်စေရေးအတွက် စားသုံးဆီ ဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချရာတွင် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း အမှန်တကယ်နေထိုင် သည့် အိမ်ထောင်စုတိုင်းအား အညီအမျှရောင်းချပေးနိုင်ရေးကိစ္စ၊ သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူစရိတ်ပေါင်းပြီး နှစ်ရာခိုင်နှုန်းထက်မပိုဘဲအမြတ်တင်ရောင်းရန် ညွှန်ကြားချက်အား တိကျ စွာ လိုက်နာဆောင်ရွက်ရန်ကိစ္စများကို ရှင်းလင်းပြောကြားပါသည်။

              ထို့နောက် တက်ရောက်လာသည့် မြို့နယ်အလိုက်ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြ ရာ ခရိုင်ဦးစီးမှူးက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲ သို့ တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်းမြို့နယ်များမှ စားအုန်းဆီများကို ရည်ညွှန်းဈေးဖြင့် ဝယ်ယူခွင့်ရရှိသူ ကိုယ်စားလှယ်(၄)ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပန်းဂေါ်ဖီစိမ်းအကြောင်းသိကောင်းစရာ

ပန်းဂေါ်ဖီစိမ်း အမျိုးအစားမှ(၂)မျိုးရှိ၍ သက်တမ်း(၇၅-၉၀)ရက်ခန့်တွင် ဆွတ်ခူးနိုင်သည်။ အေးမြခြောက်သွေ့သော ဒေသများတွင် အပင်သက်တမ်း(၁၁)လခန့်အထိ ကြာရှည်စွာ ခူးဆွတ်ရရှိ နိုင်သည်။ မြေဆီဩဇာထက်သန်သည့်မြေမျိုးနှင့် သဲဆန်သောနှံမြေတွင် ကောင်းစွာဖြစ်ထွန်း နိုင်သည်။ အအေးကြိုက်ပြီး အစိုဓါတ်ရရှိသည့် ရာသီဥတုကဲ့သို့သော စက်တင်ဘာနှင့်ဒီဇင်ဘာလ များတွင်စိုက်ပျိုးနိုင်သည်။ တောင်ပေါ်ဒေသများတွင် တစ်နှစ်ပါတ်လုံးစိုက်ပျိုးနိုင်သည်။ ရေကိုလိုအပ် ချက်အရ တစ်ပတ်(သို့)နှစ်ပတ် တစ်ကြိမ်သွင်းပေးရန် လိုအပ်ပါသည်။ စိုက်ပျိုးပြီး ရက်(၃၀)ကြာလျှင် (၁)ကြိမ်နှင့်(၄၅)ရက်ကြာတွင် (၁)ကြိမ်ဘေးတက်ဖွဲ့ပေးရပါမည်။ ထိပ်ပိုင်းရှိပန်းပွင် ဆွတ်ခူးပြီး(၂) ပတ်ခန့်အကြားတွင် ဘေးတက်များမှ ပန်းပွင့်များကို ဆွတ်ခူးနိုင်သည်။ ရာသီဥတုအေးမြ၍ မြေဆီထက်သန်သောမြေများတွင် ဘေးတက်မှပန်းပွင့်များသည် ထိပ်ပိုင်းမှပွင့်သော ပန်းပွင့်နီးပါး ကြီးနိုင်၍ တစ်ပတ်လျှင် ဘေးတက်(၂၀)ခန့်ထွက်ရှိနိုင်သည်။ တစ်ဧကလျှင် ပန်းဂေါ်ဖီစိမ်းမျိုး လိုက်၍ တန်ချိန်(၅-၈)တန် ထွက်ရှိနိုင်ပြီး ပန်းဂေါ်ဖီစိမ်းသည်နူးညံ့ပြီး ဗီတာမင်ကေ ပါဝင်မှုအထူးများပြား၍ နှလုံးသွေးကြောကျဉ်းရောဂါ၊ အစာအိမ်ကင်ဆာနှင့် ရင်သားကင်ဆာတို့ကို ပျောက်ကင်းစေနိုင် ပါသည်။

DOCA(ပဲခူး)

စားသုံးဆီဖြန့်ဖြူရောင်းချသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင် စားသုံးဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်(၁၀)ဦးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့သည်  မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် တွေ့ဆုံ၍ (၉.၁၁.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က စားသုံးဆီခွဲဝေဖြန့်ဖြူးမှုလုပ်ငန်းနှင့် စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင် တာဝန်များအကြောင်းကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

            တွေ့ဆုံဆွေးနွေးရာတွင် မအူပင်ခရိုင် ဒု-ခရိုင်ဦးစီးမှူးက မအူပင်မြို့နယ် စားသုံးဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင် များအနေဖြင့် မိမိတို့ရရှိသော ဆီခွဲတမ်းများကို စနစ်တကျထုတ်ယူပြီး၊ ညောင်တုန်းမြို့နယ် ပေါက်ပေါက်ပွင့်တွင် မိမိတို့အစီအစဉ်ဖြင့် ဆီခွဲတမ်းကို စနစ်တကျထုတ်ယူရန်ကိုလည်းကောင်း၊ ရရှိသော မိမိတို့ဆီခွဲတမ်းများကို စားသုံးသူပြည်သူထံ လက်ဝယ်အရောက် အလေးချိန်ပြည့်ဝစွာ စနစ်တကျ ဆီထုတ်ယူခွင့် စာအုပ်နှင့်အတူ သတ်မှတ်ရက်အတွင်း အပြီးထုတ်ယူခွင့်ရရှိနိုင်ရေး အငြင်းပွားမှုမဖြစ်စေရန် အထူးဂရုပြုဆောင်ရွက်ရန်ကို ဆွေးနွေးခြင်း၊ စားသုံးဆီရောင်းချသည့်လုပ်ငန်းရှင်များအနေဖြင့် ပြန်လည်ဖြန့်ဖြူး ရောင်းချရာတွင် ဒေသအရောက် အခြေခံလက်ကား ဈေးနှုန်းများအပေါ် လုပ်အားခ အမှန်တကယ်ကုန်ကျမှု သယ်ယူစရိတ်ကို တွက်ချက်ပြီး အပေါ် အမြတ်( ၂ ) ရာခိုင်နှုန်း အမြတ်ထက်မပိုစေသော ဈေးနှုန်းဖြင့်ဖြန့်ဖြူး ရောင်းချရန်၊ စားအုန်းဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်ရန်ကိုလည်းကောင်း၊ လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ အခန်း(၁၀) လုပ်ငန်းရှင်တာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံမှုရှိလာပါက စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြားတိုင်ကြားမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းခြင်း၊  ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇန်နဝါရီလအတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်မှု

             စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲသည်စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးစိတ်ကျေနပ်မှုရရှိစေ ရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ သတ်မှတ် ပြဌာန်းချက်များနှင့်အညီဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင်ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲအနေဖြင့်စားသုံးသူများအသုံးပြုမည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေပြီး လုံခြုံစိတ်ချမှုရှိစေရေးအတွက် စစ်ဆေးရေးအရာရှိများ ခန့်အပ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များကို ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းစေခြင်း (သို့မဟုတ်) ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကိုတားမြစ်ခြင်း၊စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များကို လိုက်နာမှုရှိစေရေးအသိပညာပေးဆွေးနွေးခြင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များကို စိစစ်ဆောင်ရွက်ခြင်းနှင့် ၁.၁.၂၀၂၅ ရက်နေ့မှစ၍ Online Sale မှတ်ပုံတင် လျှောက်ထားသည့်အချက်အလက်များ မြေပြင်မှာအမှန်တကယ် မှန်ကန်မှုရှိ/မရှိ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

            ထိုသို့ဆောင်ရွက်ရာတွင်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးဆိုင်ရာကိစ္စများ နှင့် စပ်လျဉ်း၍ လှုပ်ရှားဆောင်ရွက်မှုများကို သက်ဆိုင်ရာဌာနများ၊ စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်း ရှင်များ၊ အစိုးရနှင့် အခြားအဖွဲ့အစည်းများပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များမှလည်း စီးပွားရေးလုပ်ငန်းကျင့်ဝတ်နဲ့အညီ လုပ်ကိုင်ဆောင်ရွက်မှုများ တိုးတက်လာပြီး စားသုံးသူများမှ ကုန်စည်နှင့်ဝန်ဆောင်မှုများကို မှန်ကန်စွာ ရွေးချယ်ဝယ်ယူနိုင် သည့် အခွင့်အလမ်းများ အပြည့်အဝရရှိနိုင်မည်ဖြစ်ပြီး စားသုံးသူနစ်နာဆုံးရှုံးမှုများကိုလည်း အရေးဆို တိုင်ကြားလာမှုများအား အမြန်ဆုံး အရေးယူဆောင်ရွက်ပေးမှုများ လုပ်ဆောင်ပေးနိုင် ခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ တာဝန် ယူမှု၊တာဝန်ခံမှုရှိသော အပြုအမှုများ ဖြစ်ပေါ်လာစေရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး နှင့်စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်၊ဇန်နဝါရီလတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ပုံမှန်စစ်ဆေးရာတွင် အလှကုန်ပစ္စည်းအမျိုးမျိုး အားဦးစားပေး ကုန်စည် အဖြစ် သတ်မှတ်ပြီး၊ မြို့နယ်များအတွင်းရှိ ဈေးများ၊ရပ်ကွက်၊ကုန်စုံဆိုင်၊စတိုးဆိုင်များသို့ သွားရောက်၍ စစ်ဆေးခြင်း၊ အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စက်သုံးဆီ အရောင်း ဆိုင် များ၊ စားအုန်း ဆီအရောင်းဆိုင်များ၊ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ သတ်မှတ်ဈေးနှုန်း ဖြင့်ရောင်းချမှုရှိ /မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ တို့အားစစ်ဆေး ခြင်း၊ ကုန်အညွှန်းအမှတ်အသားများစိစစ်ဆောင်ရွက်ပေးခြင်းနှင့် Online Sale မှတ်ပုံတင် လျှောက်ထားသည့် အချက်အလက်များ မြေပြင်မှာအမှန်တကယ် မှန်ကန်မှုရှိ/မရှိ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

Online Sale Registration ထုတ်ပေးနိုင်ရေးမြေပြင်ကွင်းဆင်းစစ်ဆေး

          Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား ၂၁.၇.၂၀၂၃ ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ်(၅၀/၂၀၂၃)ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ Online Sale မှတ်ပုံတင်လက်မှတ်လျှောက်ထားလာမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး၍ လျှောက်ထားသည့့််အချက်အလက်များနှင့် မြေပြင်တွင် အမှန်တကယ် ကိုက်ညီမှုရှိမှသာလျှင် မှတ်ပုံတင်လက်မှတ်ထုတ်ပေးမည်ဖြစ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ(၇.၁.၂၀၂၅)ရက်နေ့တွင်စတင်၍ မန္တလေးမြို့ပေါ်ရှိ Online Sale မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

         မန္တလေးတိုင်းဒေသကြီးအတွင်း (၁၅.၁.၂၀၂၅)ရက်နေ့အထိ Online Sale မှတ်ပုံတင် လျှောက်ထားသည့် မြေပြင်စစ်ဆေးရမည့် လုပ်ငန်း(၂၃)ခုရှိရာ Online Sale မှတ်ပုံတင် လျှောက်ထားသည့်လုပ်ငန်းများဖြစ်သည့် လက်ဝတ်ရတနာပစ္စည်းများ၊ ဖန်စီပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ၊ ဖက်ရှင် အသုံးအဆောင်ပစ္စည်းများ၊ အလှကုန်များ၊ လူသုံးကုန်များ၊ လက်မှုပစ္စည်းများ၊ အခြားသုံးပစ္စည်းများ နှင့် FDA မှ အတည်ပြုထားသည့် ဆေးဝါးဖြည့်စွက်စာများ၊ ကုသရေးသုံးပစ္စည်းများ ရောင်းချသည့်လုပ်ငန်း(၂၃)ခုအား မြေပြင်စစ်ဆေးခဲ့ပြီး တင်ပြဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်လက်၍ Online Sale မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများအား မြေပြင်စစ်ဆေးသွားမည်ဖြစ်ကြောင်း  သတင်းရရှိပါသည်။

DOCA(မန္တလေး)       

ချောက်မြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းဖော်ပြရေး အသိပညာပေး (Talk Show) ကျင်းပ

           မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြရေး အသိပညာပေး Talk Show ကို (၁၀.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် အာမခံချက်ပေးရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ စသည့်အကြောင်းအရာများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးချက်များအပေါ် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံမှ ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ကုန်စည်အမျိုးအစားများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်များတွင် ကုန်အညွှန်းများအား ထည့်သွင်းဖော်ပြရာ၌ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ကုန်အညွှန်းအမှတ်အသားများ ထည့်သွင်းဖော်ပြမှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများကိုလည်း  ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ