
ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒုဦးစီးမှူး)သည် (၁၈-၁၁-၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ဧရာဝဏ်လမ်း၊ စက်မှုလက်မှုရပ်ကွက်၊ သာကေတမြို့နယ် Petro APM စက်သုံးဆီ အရောင်းဆိုင်သို့သွားရောက်၍ PPRD မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်းရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စက်သုံးဆီအရောင်းဆိုင်များ၏ LED ဘုတ်တွင် ယနေ့ရောင်းဈေးတစ်လီတာလျှင် (92-၂၅၈၅ ကျပ်)၊ (95-၂၆၆၀ကျပ်)၊ (HSD-၂၅၄၀ကျပ်)၊ (PHSD-၃၀၈၅ကျပ်)တို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပြီး၊ စက်သုံးဆီရောင်းချမှုအခြေအနေ များ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ်မှန်ကန်မှုရှိ/ မရှိ၊ ဆီကား ရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်းအဆမတန်မြှင့် တင်ရောင်းချမှုများမရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
