
ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မေဝင်းသည် (၁၇.၁၁.၂၅) ရက်နေ့တွင် မြို့နယ်အတွင်းရှိ ဆန်စက်များသို့ သွားရောက်၍ ဆန်တင်ပို့သူများမှ ကုန်ပို့လွှာ မဖြစ်မနေ ယူဆောင်သွားနိုင်ရေး ၊ နေ့စဉ် ကုန်တင်ပို့မှုကို စာရင်းပေးပို့နိုင်ရေးကိစ္စ နှင့် စပါး(၂၅၀၀) တင်း ၊ ဆန်အိတ်(၅၀၀) အထက် သိုလှောင်ထားရှိပြီး MyRO မှတ်ပုံတင်ရန် ကျန်ရှိနေပါက မှတ်ပုံတင် ဆောင်ရွက်ထားရန်၊ MyRO မှတ်ပုံတင်ထားရှိသူများမှ လတစ်လ၏ ဆန်၊စပါး လက်ကျန် စာရင်းအား နောက်တစ်လ၏ လဆန်း(၇) ရက်အတွင်း MyRO ၏ သိုလှောင်ရုံလုပ်ငန်းစဉ်တွင် မပျက်မကွက် ဖြေဆိုပေးနိုင်ပါရန် ၊ MyRO မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းနှင့် လစဉ်လက်ကျန် ဖြေဆိုရန် အခက်အခဲရှိပါက စားသုံးသူရေးရာ ဦးစီးဌာနနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ပါရန် အချက်များအား ဆွေးနွေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
(DOCA) ဧရာဝတီ
