သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်

           ၃၁.၁.၂၀၂၅ ရက်နေ့ နံနက်(၁၁:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ ဒေါ်တင်တင်ဌေး၊ ရုံးအုပ်ပါ(၂)ဦးတို့သည် အွန်လိုင်းမှတ်ပုံတင်ထားသော အဝတ်အထည်လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            ထိုသို့ဆောင်ရွက်ရာတွင် ဒေါ်တင်တင်ဌေး၊ ရုံးအုပ်က အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသောလုပ်ငန်းရှင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ် တည်ရှိခြင်းရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှုရှိ/ မရှိ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်

          ၃၁.၁.၂၀၂၅ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်း(၂)ဦးတို့သည် အွန်လိုင်းမှတ်ပုံတင်ထားသော သူလေး(ပန်းလေပြေ) အလှကုန်ပစ္စည်းများ လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ မှော်ဘီမြို့နယ်၊ မင်္ဂလာလမ်း၊ သန္ဓေပင် မြောက်ပိုင်းကျေးရွာ၊ သူလေး(ပန်းလေပြေ)အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက် အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်း နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများနှင့် ပတ်သက်၍လည်း ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်ဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

            ၃၀.၁.၂၀၂၅ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းဦး၊ ဌာနခွဲစာရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းယု၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန့်ဇင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးစရဲအောင်နှင့် ဆန်စပါးကုန်သည်အသင်းမှ ဦးတင်မောင်လတ်တို့ ပါဝင်သောအဖွဲ့ဖြင့် အင်းစိန် မြို့နယ်အတွင်းရှိ လက်လီ/လက်ကား ရောင်းချနေသောဆန်ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           အဆိုပါ ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြစေရန်၊ ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ‌ရေးသားဖော်ပြ၍ ရောင်းချရန်နှင့် သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်းရှိ/ မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေး၍ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဒေါပုံမြို့နယ် Capital (City Mark) အားသွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြ

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး(ခရိုင်ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် ဒေါပုံမြို့နယ် Capital(City Mark) ရှိ (၂၈.၁.၂၀၂၅) ရက်နေ့၊ နေ့လယ်ပိုင်းတွင်  အမှတ် (၁၄ / E)၊ မင်းနန္ဒာလမ်း၊ ဒေါပုံမြို့နယ်   Capital      (City Mark) သို့သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ  ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။        

           ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် Capital (City Mark) ဆန်ဆိုင်ရှိ ရောင်းချနေသောဆန်များသည်   ပေါ်ဆန်းမွှေး(၁၂kg)၊ ရွှေဘိုပေါ်ဆန်းမွှေး (၂kg)၊ ရက်၉၀(လတ်) (၂kg)၊ မြောင်းမြ  (ပေါ်ဆန်း)  (၁၂kg) စသည့်ဆန်များကို   သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်းနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဗိုလ်တထောင်မြို့နယ် ရှိ (ဂမုန်းပွင့်) သို့ သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြ

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် ဗိုလ်တထောင်မြို့နယ် (ဂမုန်းပွင့်) ရှိ (၂၈.၁.၂၀၂၅) ရက်နေ့ ၊ နေ့လယ် ပိုင်းတွင်  အမှတ် (၄၆၀)၊ ကုန်သည်လမ်းနှင့် ဘိုကလေးဈေးလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ် ရှိ (ဂမုန်းပွင့်)  သို့ သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

           ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် (ဂမုန်းပွင့်) ဆန်ဆိုင်ရှိ ရောင်းချနေသောဆန်များသည်   Nursery (ပေါ်ဆန်း)(၁kg)(၂kg)(၅kg)(၁၂kg) ၊ Ayeyar (ပေါ်ဆန်း) (၅kg) စသည့်ဆန်များကို   သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်းနှင့် ဆန်ဈေးနှုန်း ကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမှာဖြစ် ကြောင်း  အသိပညာပေးပြောကြားခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ထွန်းတောက် (ဆန်ရောင်းဝယ်ရေးဆိုင်) အား သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး(ဒု-ဦးစီးမှူး)၊  ဒေါ်ယုယုလွင် (အငယ်တန်းစာရေး) နှင့် ဝန်ထမ်းများသည်(၃၀.၁.၂၀၂၅)ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်၊ အမှတ်-၂၇-ကုန်ဈေးတန်းလမ်း (၆)ရပ်ကွက်အတွင်းရှိ ဆန်လက်လီရောင်းချနေသော ထွန်းတောက် (ဆန်ရောင်းဝယ်ရေးဆိုင်) အား သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

           ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသောဆန်များသည် ရွှေဘိုပေါ်ဆန်း(အသစ်/‌အဟောင်း)၊ ပေါ်ဆန်း(လတ်)  ၊ပေါ်ဆန်း(ရိုးရိုး) ၊ ဧရာမင်း(သီးထပ်) ၊(ရက် ၉၀) ၊ ဧည့်မထ(ရိုးရိုး) စသည့် ဆန်များ၏(၁ပြည်) ဈေးနှုန်းများကို စစ်ဆေးရာ သတ်မှတ် ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိ ကြောင်း တွေ့ရှိရပြီး ၊ ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ် ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမှာဖြစ်ကြောင်း  အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်လက်လီရောင်းချနေသော အင်ကြင်းခိုင်(ဆန်ရောင်းဝယ်ရေးအရောင်း ဆိုင်) သို့ သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ယုယုလွင် (အငယ် တန်းစာရေး)  နှင့် ဝန်ထမ်းများသည် (၃၁.၁.၂၀၂၅) ရက်  နေ့တွင် ပုဇွန်တောင်မြို့နယ် ၊ ပုဇွန် တောင်ဈေးအတွင်းရှိ ဆန်လက်လီရောင်းချနေသော အင်ကြင်းခိုင်(ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်) သို့ သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းစစ်ဆေး မှုများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် ရွှေဘိုပေါ်ဆန်း(အသစ်/အဟောင်း)၊ ရွှေဘို(လတ်)  ၊ ကျားပျံ(ရှယ်) ၊ ကျားပျံ(လတ်) ၊ ဧရာပေါ် ဆန်း ၊ ပေါ်ဆန်း(ရိုးရိုး) ၊ ပေါ်ဆန်း(လတ်) ၊ ဇီယာ(နိမ့်) ၊ ဇီယာ (လတ်) ၊ (ရက် ၉၀) ၊ ဧရာပဒေသာ ၊ ဧရာပဒေသာ (ထိပ်စ) ပေါ်ကျွဲ စသည့် ဆန်များ၏(၁ပြည်) ဈေးနှုန်းများကို စစ်ဆေးခြင်း သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရှိ/မရှိ စစ်ဆေးခြင်းနှင့် ဆန်ဈေးနှုန်း ကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း  အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွှန့်မြို့နယ် (Makro) သို့ သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ

             စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး(ဒု-ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် မင်္ဂလာတောင်ညွှန့်မြို့နယ်( Makro)ရှိ (၃၁.၁.၂၀၂၅) ရက်နေ့ ၊ နေ့လယ် ပိုင်းတွင်  အမှတ် (322)၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ် (Makro)  သို့သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

            ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် (Makro) ဆန်ဆိုင်ရှိ ရောင်းချနေသောဆန်များသည် မြတ်(မြောင်းမြပေါ်ဆန်း)(၂၄kg) ၊ မြတ်(ရက်၉၀)(၁၂kg) ၊ မြတ်(ဧရာပဒေသာ)(၁၂kg) ၊ Ayeyar(ဇီယာ) (၁၀kg) ၊ Nursery (ပေါ်ဆန်း)(၂၄kg) ၊ Win (တောင်ပျံ-ရှယ်)(၂၄kg) ၊ Win (ရွှေဘိုပေါ်ဆန်း)(၂၄kg) ၊ မြတ် (ကျားပျံ) (၂၄kg) ၊ Meizan (ပေါ်ဆန်းမွှေး)(၁၂kg) ၊ Ayeyar (ပေါ်ဆန်းမွှေး) (၅kg) ၊ Nursery (ပေါ်ဆန်း)(၅kg) ၊ Win (ဇီယာ)(၆kg) ၊ မြ(ရွှေဘို ပေါ်ဆန်း) (၅kg) စသည့်ဆန်များကို   သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်းနှင့် ဆန် ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချ သွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမှာဖြစ်ကြောင်း  အသိပညာပေးပြောကြားခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆိပ်ဖြူမြို့၌ ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၂၇.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်း စေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆိပ်ဖြူမြို့ ယောဝရပ်ကွက်ရှိ “ဒေါ်အုန်းမြ” ပဲကြော်လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

             ပဲကြော်အမျိုးမျိုး ထုတ်လုပ်ရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူမိဘပြည်သူ များ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် မိမိ ထုတ်လုပ်သည့် ကုန်ကြမ်းပစ္စည်းများမှစ၍ အရည်အသွေးကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ် ကြရန်၊ ထုတ်လုပ်ရာတွင်လည်း အစားအစာများကို ကြော်လှော်သည့်လူများမှလည်း တကိုယ်ရည် သန့်ရှင်းသပ်ရပ်စွာ ပြုလုပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထုတ်လုပ်သည့်နေရာ ပတ်ဝန်းကျင်တွင် လည်း သန့်ရှင်းသပ်ရပ်ဖို့ လိုအပ်ကြောင်းနှင့် ကုန်စည်နှင့်ပတ်သက်၍ စားသုံးသူက တစ်စုံတစ်ခုထိခိုက် နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားလာသည့်အခါ ဥပဒေနှင့်အညီ စစ်ဆေးအရေးယူမှုများ ဆောင်ရွက်ခံရမည်ဖြစ်ကြောင်း၊ ပဲကြော်လုပ်ငန်းရှင် အနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံ ပြီး သတ်မှတ်ထားသော အလေးချိန်ပမာဏ ပြည့်မီ သော ကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူးရန် အသိပညာပေး ရှင်းလင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Online ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေး Talk Show ကျင်းပ

           မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ရေစကြိုမြို့နယ်တာဝန်ခံနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတာဝန်ခံတို့သည် (၂၂.၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ “Online ရောင်းချခြင်းလုပ်ငန်း များ နှင့်စပ်လျဉ်း၍ တိုင်ကြားမှုများ၊ ကျော်ဇောသတင်းများ အပေါ် မြေပြင်စစ်ဆေးဆောင်ရွက်မှု အား အသိပညာပေး” Talk Show  ပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။      

        ရေစကြိုမြို့နယ်တာဝန်ခံက Online ရောင်းချခြင်းနှင့်စပ်လျဉ်း၍ တိုင်ကြားမှုများ၊ ကျော်ဇောသတင်းများနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ အကြောင်းကြားလာမှု အပေါ်အခြေခံပြီး မြေပြင်စစ်ဆေးခြင်းများ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ၊ Onlineရောင်းချခြင်းတွင် မှတ်ပုံတင်လက်မှတ်မရှိပဲ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိမှုအပေါ် အရေးယူဆောင်ရွက်မည့်အကြောင်းများ၊ Online ရောင်းချခြင်းလုပ်ငန်းကို အကြောင်းပြု၍ ဥပဒေနှင့်ညီညွှတ်ခြင်းမရှိသော ပြုမှုဆောင်ရွက်မှု တစ်ရပ်ရပ်ကို စစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်ခြင်း အကြောင်းများကို ကျယ်ကျယ်ပြန့်ပြန့်  ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ