သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Wilmar ပေါင်းဆန် ဆန်စက်ရုံတွင် MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းမှုဆောင်ရွက်

            ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ကျိုက်လတ်မြို့ရှိ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်းတို့သည် ဆန်စပါးကုန်သည် အသင်းတို့နှင့်အတူ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၂၈)ရက်နေ့တွင် Wilmar  ပေါင်းဆန်စက်ရုံသို့ သွားရောက်၍ Export ဆန်တင်ပို့နို်ငရေး လျှောက်ထားမှု့နှင့် MSMEs  ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်စစ်ဆေးရာတွင် ကျိုက်လတ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ ဦးကျေးပိုင်ဆို်ငသည့် Wilmar ပေါင်းဆန် ဆန်စက်မှ  လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ စပါးဝယ်ယူရရှိမှု၊ ထုတ်လုပ်မှုအခြေအနေ၊ စွန့်ပစ် ပစ္စည်းများအား စနစ်တကျ စွန့်ပစ်မှု အခြေအနေ နှင့် စက်ရုံလုပ်သားဦးရေ မေးမြန်ခြင်းနှင့် လုပ်ခလစာ အခြေအနေ မေးမြန်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ (၃)မိုင်မြို့ရှိစက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၂၈.၁.၂၀၂၅)ရက်နေ့ နေ့လည်(၁:၃၀)အချိန်တွင် လပွတ္တာမြို့နယ် (၃)မိုင်မြို့ရှိစက်မှုစိုက်ပျိုးမွေးမြူရေးကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံမှ မိတ်ဆက် စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေး ဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန်အကျူးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက် များအားမိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၉၀)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များအား ဈေးနှုန်းအခြေအနေနှင့် ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၂၆.၁.၂၀၂၅)ရက်နေ့ နေ့လည်(၃:၃၀)အချိန်တွင် ဝါးခယ်မမြို့နယ် အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ဘိလပ်မြေများဈေးနှုန်းအခြေအနေနှင့် ပစ္စည်း ပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံမှ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ဘိလပ်မြေပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိနှင့် လက်ကျန် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ၌ ယခုရာသီတွင် ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ကိုင်ချိန်ဖြစ် ၍ဘိလပ်မြေများဝယ်လိုအားများခြင်း၊ ကုန်ပစ္စည်းများအဝင်နည်းခြင်းကြောင့် ဘိလပ်မြေလက်ကျန်များ လျော့နည်းလျက်ရှိကြောင်း၊ ဆိုင်ပိုင်ရှင်များအနေဖြင့် ဘိလပ်မြေကုန်ပစ္စည်းများအပေါ် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုရန်၊ ပစ္စည်းမှန်ဈေးနှုန်းမှန်ကန်စွာဖြင့် သုံးစွဲသူပြည်သူများအားရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ပစ္စည်းသိုလှောင်ထားရှိခြင်းများ တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ဈေးနှုန်းအခြေအနေနှင့် ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် (၂၈.၁.၂၀၂၅)ရက်နေ့ နေ့လည်(၁:၃၀)အချိန်တွင် မော်ကျွန်းမြို့နယ် အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များအား ဈေးနှုန်းအခြေအနေနှင့် ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ် တာဝန်ခံမှ အိမ်ဆောက်ပစ္စည်းဖြန့်ဖြူးရောင်းချလျက်ရှိသော (ထွန်းထွန်း) အိမ်ဆောက်ပစ္စည်းဆိုင်၊ (ဦးဝင်းအောင်) အိမ်ဆာက်ပစ္စည်းဆိုင်နှင့် (ရတနာလွင်) အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့  ဆိုင်ပိုင်ရှင်များနှင့် သွားရောက်တွေ့ဆုံ၍ ဘိလပ်မြေအမျိုးအစားများအလိုက် လက်လီ/လက္ကားဈေးနှုန်းများ၊ ယခင်လ/ယခုလ ကွာခြားချက်ဈေးနှုန်းများ အတက်အကျဖြစ်သည့် အကြောင်းအရင်းများ၊ မြေပြင်လက်ကျန် အခြေအနေများ၊ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ၊ ဈေးကွက်အခြေအနေများအား မြေပြင်တွင်ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင် များအားလက်ကျန်ပစ္စည်းများကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားရှိခြင်းများ မပြုလုပ်ကြရန် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် ဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေး ပြောကြား ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းရှင်များနှင့် အသိပညာပေးပြုလုပ်ဟောပြော ဆွေးနွေးခြင်း

          မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းသည် (၂၇.၁.၂၀၂၅) ရက်နေ့တွင် ဘီးလင်းမြို့နယ်တာဝန်ခံရုံး၌ အလှကုန်ပစ္စည်း များ၊ စားသောက်ကုန်ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချသူ လုပ်ငန်းရှင် (၂) ဦးအား ခေါ်ယူ၍ စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပါဝင်သော ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ပါဝင်ရမည့်အချက်များ၊ Online Shopping ရောင်းချခြင်း၊ ဝယ်ယူခြင်းနှင့် ပတ်သက်၍ သုံးစွဲသူပြည်သူများ ငွေကြေးလိမ်လည်ခံရသည့် ဖြစ်စဉ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အချက်များ၊ အွန်လိုင်းရောင်းချခြင်းအတွက် အွန်လိုင်း မှတ်ပုံတင်လိုင်စင်ပြုလုပ်ရန်နှင့် လိုင်စင်ပြုလုပ်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းရှင်များမှ သိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်ပညာရေးကောလိပ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

          ၂၈.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်သည် မွန်ပြည်နယ် ပညာရေးမှူးရုံးမှ ကြီးမှူးပြီး မော်လမြိုင် ပညာရေးကောလိပ်တွင် ကျင်းပသော ၂၀၂၅ ခုနှစ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အတွက်စဉ်ဆက်ပညာရေး လုပ်ငန်းဆောင်ရွက်ရန် ပြည်နယ်အဆင့် နည်းပြနှင့် ကြီးကြပ်သင်တန်းသို့ သွားရောက်၍ ပညာရေးဝန်ထမ်းများအား စားသုံးသူကာကွယ် ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ ပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေး ဥပဒေပါသိကောင်းစရာအကြောင်းအရာများ ဖြစ်သည့် စားသုံးသူ အခွင့်အရေး (၈) ချက်နှင့် စားသုံးသူများလိုက်နာရမည့် တာဝန်(၄)ချက်၊ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်(၁၁)ချက်၊ ဥပဒေ၏ အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြား နိုင်ကြောင်း၊ တိုင်ကြားနိုင်သည့်နေရာနှင့် တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ကုန်အညွှန်းအမှတ် အသားနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့အား အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ ပညာရေးမှ နည်းပြနှင့် သင်တန်းသား/သူ (၅၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(မွန်)

သထုံခရိုင်၊ ဘီးလင်းမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှဆီကားများ ရောက်ရှိလာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းနှင့် ဝန်ထမ်းများသည် (၁၀.၁.၂၀၂၅) ရက်နေ့တွင် ဘီးလင်းမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ Kaung Hlyan New Asia ကုမ္ပဏီမှ(ယာဉ်အမှတ် 9B-8875) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ(၁၄)ပေပါနှင့် (ယာဉ်အမှတ် 6J-3308) မော်တော်ယာဉ် ဖြင့် စားအုန်းဆီ(၁၆)ပေပါနှင့် (၁၂.၁.၂၀၂၅) ရက်နေ့ နံနက် (၇:၅၀) နာရီအချိန်တွင် (ယာဉ်အမှတ် 4G-2351) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ(၁၁)ပေပါ စုစုပေါင်း (၄၁)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ စားအုန်းဆီများကို သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး‌ရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် ဘီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ လက်လီ/လက်ကားဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်းနှင့် လက်လီ/လက်ကား ဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူ့များထံသို့ ၂%အမြတ်ဖြင့်ပြန်လည်ရောင်းချနေခြင်းအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန် ပြည့်/မပြည့်၊ သတ်မှတ်ခွဲတမ်းများအား ပြည့်ဝစွာရောင်းချခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

          ၂၈.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်ထိုခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးစီးမှူး ဦးဇော်ဦး တို့သည် ကျိုက်ထိုမြို့နယ် အခြေခံပညာအထက်တန်း အ.ထ.က(၁)ကျောင်း၌ ၂၀၂၅ ခုနှစ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အတွက်စဉ်ဆက်ပညာရေး လုပ်ငန်းဆောင်ရွက်ရန် ပြည်နယ်အဆင့်နည်းပြနှင့် ကြီးကြပ် သင်တန်းသို့ သွားရောက်၍ ပညာရေးဝန်ထမ်းများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင်ကျိုက်ထိုခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်ထိုခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းက စားသုံးသူကာကွယ်ရေး ဥပဒေပါသိကောင်းစရာအကြောင်းအရာများ ဖြစ်သည့် စားသုံးသူအခွင့်အရေး (၈) ချက်နှင့် စားသုံးသူများလိုက်နာရမည့် တာဝန်(၄)ချက်၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်(၁၁)ချက်၊ဥပဒေ၏ အခန်း(၁၁)ပါကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြား နိုင်ကြောင်း၊ တိုင်ကြားနိုင်သည့်နေရာနှင့် တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ကုန်အညွှန်းအမှတ် အသားနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့အား အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ ပညာရေးမှ နည်းပြနှင့်ကြီးကြပ် (၃၃) ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(မွန်)

သထုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

          မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူနှင့် ဝန်ထမ်းများသည် ၂၈.၁.၂၀၂၅ ရက်နေ့တွင် သထုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁)ရှိ ၂၀၂၅ ခုနှစ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အတွက်စဉ်ဆက်ပညာရေးလုပ်ငန်းဆောင်ရွက်ရန် ပြည်နယ်အဆင့်နည်းပြနှင့် ကြီးကြပ် သင်တန်းသို့ သွားရောက်၍ ပညာရေးဝန်ထမ်းများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

          ထိုဆွေးနွေးပွဲတွင် သထုံခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူ က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများဖြစ်သည့် စားသုံးသူ အခွင့်အရေး (၈) ချက်နှင့် တာဝန် (၄)ချက်၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန် (၁၁) ချက်၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင် သည့် နေရာနှင့် တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပြစ်မှုပြစ်ဒဏ် များအကြောင်းတို့အား ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ ပညာရေးမှ ဆရာ/ဆရာမ (၁၄၃) ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(မွန်)

AK- 9 အွန်လိုင်းမှတ်ပုံတင်ဆိုင်ရာအချက်အလက်များ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

၂၈.၁.၂၀၂၅ ရက်နေ့ နံနက်(၁၁:၂၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ စစ်ဆေးရေးအရာရှိပါ (၃)ဦးတို့သည် အမှတ်(၂၇)၊ ပန်းခြံ(၃၁)၊ (၁၅) ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်မှ “AK- 9” အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက် အလက်များ ကိုက်ညီမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ စစ်ဆေးရေးအရာရှိက AK- 9 ဆိုင်တွင် အဝတ် အထည်ရောင်းချနေသော ပိုင်ရှင်အား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ၊ လျှောက်လွှာနှင့် မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/မရှိတို့ကို စစ်ဆေး ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၁၀)ရှိ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ