
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဌာနတွင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အသိပညာ ပြန့်ပွားရေးနှင့် စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်မှုတို့ကို မြှင့်မားစေရန် အတွက် (၂၀.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ CICC ခန်းမ၌ (၁၁/၂၀၂၅)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်း ဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး ဟောပြော ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ဒေါ်သန္တာခင် အငယ်တန်းစာရေးက စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၂၁)ပါ အယူခံဝင်ခြင်းနှင့် အခန်း(၂၂)ပါ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များနှင့် ဆောင်ရွက်မည့်အချက်များအကြောင်း အားလည်းကြောင်း၊ ဒေါ်ခိုင်ဇင်ကျော် အကြီး တန်းစာရေးမှ အခန်း(၂၃)ပါ တားမြစ်ချက်များ၊ အခန်း(၂၄)ပါ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ အခန်း(၂၅)ပါ အထွေထွေ အကြောင်းအားလည်းကောင်း အသေးစိတ်ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
