သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်လတ်မြို့နယ် ကုန်မျိုးစုံ အရောင်းဆိုင်များရှိ ခေါက်ဆွဲခြောက်များအား FDA ထောက်ခံချက်ရှိ/မရှိ ကွင်းဆင်းစိစစ်

      ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၁.၉.၂၀၂၅) ရက်၊ နံနက် (၉:၃၀) နာရီအချိန်တွင် မြမြင့်မိုရ် ဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချ နေသော ခေါက်ဆွဲခြောက်ထုပ်များအား ကုန်အညွှန်းအမှတ်အသားနှင့် FDA ထောက်ခံချက် ပြည့်စုံမှုရှိ/ မရှိ စိစစ်ခဲ့ကြပါသည်။စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈) ၊ ပုဒ်မ (၄၁) ခွဲအရ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စိစစ်ခဲ့ရာ ရောင်းချနေသော ခေါက်ဆွဲခြောက်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသား များကို မြန်မာဘာသာဖြင့် ဖော်ပြထားရှိပြီး FDA ထောက်ခံချက်များလည်း ပြည့်စုံစွာ  ဖော်ပြထားသည်ကို ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါ သည်။

(Docaဧရာဝတီ)

ကျိုက်လတ်မြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်အသင်းအား စားသုံးသူအသိပညာပေး ဟောပြောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးတွင် (၁.၉.၂၀၂၅) နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် လုပ်ငန်းရှင်(၇)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များ၊သိုလှောင်ရုံများ Myro တွင် မှတ်ပုံထားရှိိနိုင်ရေး ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီး အစိုးရဖွဲ့သို့ စာရင်းပြုစုပေးပို့ရသည့် အတွက် အသင်းရုံးမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးရန် နှင့် ထုတ်လုပ်သူလုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သည့် ကုန်ပစ္စည်းများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စံချိန်စံညွှန်းအရည်အသွေးမီ ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ထုပ်ပိုးမှုနည်းစနစ်များ ပါဝင်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီမံခန့်ခွဲမှုနည်းလမ်း များဖြင့် ပြစ်မှုပြစ်ဒဏ်များ ၊စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူများသာမက လုပ်ငန်းရှင်များပါ စားသုံးသူကိစ္စရပ်များနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းဖြေကြားခဲ့ကြောင်း အသိပညာပေးဟောပြောခဲ့မှုအရ သတင်း ရရှိပါသည်။

(Docaဧရာဝတီ)

ကျိုက်လတ်မြို့ပေါ်ရှိ အင်တာနက် မိုဘိုင်း ဆိုင်များအား ကွင်းဆင်းစိစစ်

     ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြေအောက်ကေဘယ် ဆက်သွယ်ရေးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ လျှပ်စစ်ဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၁.၉.၂၀၂၅) နံနက် (၁၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ အင်တာနက် မိုဘိုင်းဆိုင်(၂) ဆိုင်တွင် ရောင်းချနေသော Router ၊ Canal + ၊ ဒေတာပလန်၊ စသည့်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစိစစ်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ဆိုင်ရှင်များက လိုင်းမရပါက ပြန်လည်လဲလှယ်ပေးခြင်း ငွေပေးသွင်းမှုအား ဆောင်ရွက်ပေးခြင်း စသည့် ဝန်ဆောင်မှုများပြန်လည်ပေးဆောင်ပေးခဲ့ကြောင်းနှင့် မြို့နယ်တာဝန်ခံက အခန်း(၁၁)ပုဒ်မ (၂၄) အရ စားသုံးသူတောင်းဆိုသော အခွင့်အရေးများ ပျက်ကွက် ပါက စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်းကို အခန်း(၂၀) ပုဒ်မ (၅၂) အရ ဆောင်ရွက်မည်ဖြစ် ကြောင်း ဆိုင်ရှင်အား ရှင်းလင်းပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

(Docaဧရာဝတီ)

ကျိုက်လတ်မြို့ “ဝေမာ” ကုမ္ပဏီ ဆန်စက်မှ စပါးသည် ရန်ကုန်သီလဝါဆီသို့

       ကျိုက်လတ်မြို့နယ်ရှိ Wilmar Myanmar Riceland. Kyaiklat.L.td မှ  ကျိုက်လတ်မြို့နယ် အတွင်းရှိ စပါးများကို နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးဖြင့် ဝယ်ယူ ကြိတ်ခွဲလျက် ရှိပါသည်။ ပေါင်းဆန်အနေဖြင့် တန်(၁၀၀) ၂၄ နာရီ ထုတ်လုပ်နိုင်ပြီး ဆန်စက် အနေဖြင့် တန်(၂၅၀) ၂၄ နာရီ ထုတ်လုပ်နိုင်ပါသည်။ကြိတ်ခွဲထုတ်လုပ်ပြီး ဆန်နှင့် ပေါင်းဆန်၊ ဇကွဲ၊ ဖွဲနု များကို ရန်ကုန် သီလဝါရှိ “ဝေမာ” ကုမ္ပဏီ သို့ ပို့ဆောင်ပေးလျက်ရှိပါသည်။

          ကျိုက်လတ်မြို့နယ်ရှိ “ဝေမာ” ဆန်စက်မှ အထိုင်ဝယ်ယူရရှိထားသည့် စပါးများကို ပေါင်းဆန်တန်းမြင့် (၂၄) နာရီ တန်(၅၀၀) ကျ အဆင့်မြင့်နေသည့် ကာလအတွင်း ရန်ကုန်သီလဝါရှိ “ဝေမာ” စက်ရုံသို့ စပါးများ သယ်ယူကြိတ်ခွဲခွင့်ကို တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြလျောက်ထား ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စပါးတင်း(၁၇၆၀၀၀၀) တန်ချိန်အား ဖြင့် (၄၀၀၀၀) အား သယ်ယူခွင့် ပြုပါသည်။

          ထိုသို့ သယ်ယူရာတွင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ စားသုံးသူရေးရာ၊ လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဆန်စပါးလုပ်ငန်းရှင်၊ မီးသတ်ဦးစီးဌာန တို့ (ပူးပေါင်း)အဖွဲ့နှင့်အတူ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ၊ ခရိုင်စားသုံးသူရေးရာတို့မှ ပူးပေါင်း၍ ဆန်အရည်အသွေး စစ်ဆေးပြီးမှ သယ်ယူခွင့် ပြုပါသည်။

          ကျိုက်လတ်”ဝေမာ” ဆန်စက်မှ သီလဝါသို့ “အေးချမ်းခွန်အား-၅” ရေယာဉ်ဖြင့် စပါးတန်ချိန် (၁၀၄၂) တန်၊ စပါးတင်း (၄၅၈၄၈) အား တင်ဆောင်ထားရှိမှုကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး ထွက်ခွာခွင့် ပြုခဲ့ကြောင်း သတင်းရရှိပါသည်။

(Docaဧရာဝတီ)

ကျိုက်လတ်မြို့နယ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်‌ရေးပူးပေါင်းအဖွဲ့ဖြင့် ရွှေဆိုင်များသို့ ကွင်းဆင်းစိစစ်

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံသည် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်‌ရေး ပူးပေါင်းအဖွဲ့ဖြင့် (၁.၉.၂၀၂၅) နေ့တွင် ရွှေိဆိုင်များသို့ ကွင်းဆင်းစိစစ်ခြင်းကို‌ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် လိုင်စင်တွင် တင်ပြထားသော အရောင်းအဝယ် အလေးချိန်၊ အချိန်/အတွယ်များကို တိကျမှန်ကန်မှုရှိ/မရှိ၊ ရောင်းချသည့် ရွှေအရည်အသွေး အနိမ့်ဆုံး တင်ပြ လျောက်ထားသည့် (၁၄) ပဲရည်အောက် မရောက်ရှိစေရန် ဆိုင်များမှ ဂရုတစိုက် ပြုလုပ်ကြရန် နှင့် ရွှေနှင့် ပက်သက်၍ အရေးကြီး ကုန်စည်ဥပဒေဖြင့် ကြေငြာထားပြီး ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအတိုင်း လိုက်နာဆောင်ရွက်ကြရန် ရွှေဆိုင်များအား သတိပေးခဲ့ သည်ဟု ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

(Docaဧရာဝတီ)

Wifi ဝန်ဆောင်မှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြိီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ (၁.၉.၂၀၂၅) နေ့လယ်  (၁၅:၀၀) နာရီ အချိန်တွင် ဒေးဒရဲမြို့၊ အမှတ်(၂) ရပ်ကွက်၊ ပဒုမ္မာလမ်းရှိ “မင်္ဂလာနက်” Wifi ဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူနှင့် တွေ့ဆုံ၍ မေးမြန်းဆွေးနွေးခဲ့ပါသည်။

          Wifi ဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူက ဒေးဒရဲမြို့တွင် “မင်္ဂလာနက်” Wifi ကို တပ်ဆင်အသုံးပြုသည့် အိမ်ထောင်စု (၄၀၀) ခန့်ရှိကြောင်း၊ တပ်ဆင်အသုံးပြုသူများမှာ မြို့ပေါ် ရပ်ကွက်ရှိ အိမ်ထောင်စု များ ဖြစ်ကြောင်းသိရသည်။“မင်္ဂလာနက်” Wifi အသုံးပြုမှုအနေဖြင့် တစ်လလျှင် ကုန်ကျစရိတ်မှာ 10 Mbps  (၂၇၀၀၀) ကျပ်၊ 20 Mbps (၃၆၀၀၀) ကျပ်၊30 Mbps  (၄၅၀၀၀) ကျပ်၊50 Mbps  (၆၅၀၀၀) ကျပ် အထိ အမျိုးအစားလိုက် တန်ဖိုးပေးချေရကြောင်း သိရသည်။ ဝန်ဆောင်မှုအနေဖြင့် အင်တာနက်လိုင်း ပြင်ဆင်ခြင်းများကို (၂၄) နာရီအတွင်း ဝန်ဆောင်မှုပေးလျက်ရှိပြီး တာဝါတိုင်မှ လိုင်းပြတ်တောက်မှုဖြစ်လျှင် ရက်အနည်းငယ် ကြန့်ကြာ ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်တာဝန်ခံမှ စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးအတွက် ဝန်ဆောင်မှုကဏ္ဍများအကြောင်း ထပ်မံ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

 

ဒေးဒရဲမြို့၊ ညောင်တပင်ကျေးရွာ အ.မ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

       စားသုံးသူရေးရာဦးစီးဌာနမှ ဒေးဒရဲမြို့နယ် တာဝန်ခံဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် (၁.၉.၂၀၂၅) နေ့လယ်  (၁၄:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့၊ ညောင်တပင်ကျေးရွာ အ.မ.က ကျောင်းရှိ ကျောင်းသား/သူများအား စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရန်နှင့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ တောင်းဆိုရယူတတ်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာဟောပြောခြင်း ကို ဆောင်ရွက်ခဲ့ပါသည်။

          မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိ ပြုရမည့်အချက်များ၊ စားသုံးသူအခွင့်အရေးနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆို တိုင်ကြားနိုင်သည့် စင်တာများ ဖွင့်လှစ်ထားရှိကြောင်း၊ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ လူကိုယ်တိုင် ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း ဟောပြောခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ ဆရာ/မ နှင့် ကျောင်းသား/သူ (၇၂) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

(Doca ဧရာဝတီ)

မိဘမေတ္တာ ဆန်စက်သို့  MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း

      ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် (၁.၉.၂၀၂၅) နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ ကမ်းနားလမ်းရှိ “မိဘမေတ္တာ” ဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

          မြို့နယ်တာဝန်ခံမှ MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီ စက်ကိရိယာများ တပ်ဆင်ထား ရှိမှု အခြေအနေ၊ ထုတ်လုပ်ရာတွင် ဆန်အရည်အသွေး ပြည့်မီမှုရှိ/မရှိ ၊ ထုပ်ပိုးမှုနည်း စနစ်များ၊ ထုတ်ကုန်အရည်အသွေး ပြည့်ဝမှုရှိစေရေးနှင့် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် အရည်အသွေးပြည့်မီသော ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် စပ်လျဉ်း၍ MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

Talk Show ကျင်းပပြုလုပ်

       ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍(၁.၉.၂၀၂၅) နေ့လယ်  (၁၄:၃၀) နာရီအချိန်တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ Talk Show တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ၊ ပုဒ်မ (၄၁) အရ ထားသိုသိမ်းဆည်းပုံ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်သည့် ရက်စွဲ၊ အလေးချိန် ဂရမ် စသည့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိရန်လိုကြောင်း၊ ပုဒ်မ (၄၃) အရ မြန်မာဘာသာဖြင့် ဖြစ်စေ၊ အခြားဘာသာ တစ်ခုထက်ပို၍ တွဲလျက်ဖော်ပြထားရှိမှသာ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်မည်ဖြစ်ကြောင်း ၊ စားသုံးသူများ အနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

 

Gasifire ဆန်စက်များအား ဌာနဆိုင်ရာ အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြိီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ (၁.၉.၂၀၂၅) နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာနှင့် လမုဝကျေးရွာရှိ  ဆန်စက်များသို့ MSMEs ဖွံ့ဖြိုး တိုးတက်ရေးနှင့် Gasifire အသုံးပြုနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်ထုတ်လုပ်မှုနှင့် ပက်သက်၍ အရည်အသွေးပြည့်မီစေရေး၊ အချင်အတွယ်များ ပြည့်မီမှန်ကန်မှုရှိ/မရှိ ၊ ဆန်စပါး ဈေးနှုန်း ဈေးကွက်အခြေအနေ၊ ဈေးကွက်အတွင်းထုတ်လုပ်ရောင်းချတင်ပို့နိုင်မှု အခြေအနေတို့ကိုစစ်ဆေးခဲ့ သည်။ Gasifire အသုံးပြု၍ ဆန်စက်လည်ပတ်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး၊ အထူးအလေးထားဆောင်ရွက်ရန် ၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် လည်ပတ် မောင်းနှင်ရန်၊ Gasifire စနစ်မှ ထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေ၊စပါးခွံ ဂိုဒေါင်များ စနစ်ကျစွာ ဆောက်လုပ်ထားမှုရှိ/မရှိ တို့ကို ဌာနဆိုင်ရာ အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ