
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး CICC ခန်းမ၌ (၂၁.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးနှင့် ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)(၁၂/၂၀၂၅)အစည်းအဝေးအား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ခရိုင်ဦးစီးမှူးက ဝန်ထမ်းများအား ရုံးချုပ်၏ လမ်းညွှန်ချက်များ အား ပြောကြား၍ ဌာနခွဲတာဝန်ခံများက ဌာနခွဲအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအားတင်ပြခဲ့ရာ ခရိုင်ဦးစီးမှူးက လိုအပ်သည်များ ညွှန်ကြားခဲ့ပြီး ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းများအား ပေါင်းစပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အစည်းအဝေးအား ကျင်းပခဲ့ပြီး သက်ဆိုင်ရာ ဌာနခွဲအလိုက် ဝန်ထမ်းများက လိုအပ်ချက်များ တင်ပြခဲ့ရာ ခရိုင်ဦးစီးမှူးက လိုအပ်သည် များကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား (၁၅း၃၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
