
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် စစ်ကိုင်းခရိုင် စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မန္တလေးမြို့ရှိ Mandalay Global Network Distribution ကုမ္ပဏီမှ ခွဲတမ်းရရှိသော စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ စားအုန်းဆီအရောင်းဆိုင် (၂ ) ဆိုင်ဖြစ်သော စစ်ကိုင်းဆီဆိုင်နှင့် လင်းလင်းဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စစ်ကိုင်းဆီဆိုင်နှင့် လင်းလင်းဆီဆိုင်များအနေဖြင့် သတ်မှတ်ပေးထားသည့် ရည်ညွှန်းဈေး စားအုန်းဆီ တစ်ပိဿာ (၇၆၀ဝိ/-) ဖြင့်စစ်ကိုင်းဆီဆိုင်မှ ဒါးဝယ်ဈေးရပ်ကွက်နှင့် လင်းလင်းဆီဆိုင်မှ ဆွမ်းချက်၊ စီတီးနှင့် ပုဂံရပ်ကွက်များသို့ စာအုပ်စနစ်ဖြင့် ရောင်းချကြောင်း၊ နေ့အလိုက် သတ်မှတ်ပေးထားသော ဗီနိုင်းလ်များနှင့် မှန်(၆)မှန်(စာရင်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အရေအတွက်မှန်၊အချိန်အတွယ်နှင့် အရည်အသွေးမှန်) ဗီနိုင်းများချိတ်ဆွဲထားကြောင်း တွေ့ရှိရပြီး သတ်မှတ်ထားသောရည်ညွှန်းဈေးထက် ဈေးမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ တရားစွဲဆိုမည်ဖြစ်ကြောင်း၊ ပြည်သူစားအုန်းဆီ (၂%) နှင့် စက်မှုလုပ်ငန်းသုံးစားအုန်းဆီ များအား ခွဲခြားပြီးဖြန့်ဖြူးရန်နှင့် မြင်သာသော ဗီနိုင်းလ်များချိတ်ဆွဲ၍ ရောင်းချမည့်ဈေးနှုန်းများ ချိတ်ဆွဲထားရန်၊ အစိုးရဌာနများက မေးမြန်းမှုရှိသောအခါ ဂဃနဏ ရှင်းပြနိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
