
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဘုရားလမ်းဒေါင့်ရှိ ကျားပဲမုန့်လုပ်ငန်းရှင် ၏ ပဲမုန့်လုပ်ငန်းအား ဒေါ်ခိုင်ခိုင်လင်း၊နှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့်အတူ (၂၂.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၅:၀၀) နာရီ အချိန်တွင် ဈေးကွက်မရောက်မီကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။
စစ်ဆေးဆောင်ရွက်ရာတွင် ဒေါ်ခိုင်ခိုင်လင်း ဒုဦးစီးမှူးက ဈေးကွက်မရောက်မီ ကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကိုမေးမြန်းခြင်း၊ ထုတ်လုပ်သည့် ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိမှု ကုန်စည်ဖော်ပြချက် အမှတ်တံဆိပ်များကို ကြည်ရှု စစ်ဆေးခြင်း၊ ရောင်းချမည် မုန့်အမျိုးအစားအလိုက် ဈေးနှုန်းအခြေအနေများကို မေးမြန်းခြင်း၊ ကုန်ကြမ်းရရှိမှု အခြေအနေများကို ဆွေးနွေးခြင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက လုပ်ငန်းလိုင်စင်စစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပြီး ဌာန၏ လမ်းညွှန်းချက်များအကြောင်းကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
