
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ တာဝန်ခံ ဦးအောင်ကျော်သက်နှင့် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းတို့သည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ (၂၂.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီ အချိန်တွင် ပန်းတနော်မြို့နယ် ဘုရင့်နောင်လမ်းမပေါ်ရှိ အမှတ်တံဆိပ်ပါ စားသုံးဆီ ဗူးဆီအရောင်း ဆိုင်များတွင် ရောင်းချနေသော စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ပတ်သက်၍ ပြည့်စုံမှုရှိမရှိကို နယ်မြေဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံနှင့် ခရိုင်ဦးစီးမှူးတို့က ဈေးအတွင်းရှိ ရောင်းချနေသော ကုန်မျိုးစုံဆိုင်(၆)ဆိုင်ရှိ Meizan Lotus, Goody စားသုံးဆီဘူးများတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်း၍ ပြည်စုံမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၂၀၁၉ ပါဥပဒေ ပြဌာန်းချက်များမှ ဥပဒေအခန်း အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် ၂/၂၀၁၉ ကိုလိုက်နာ ဆောင်ရွက် ခြင်းရှိ/မရှိ ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင် ရွက်ကြ ရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိကိုလည်း စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားမည်ဟု ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
