သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အင်္ဂပူမြို့နယ် အခြေခံပညာဦးစီးဌာန ကျောင်းဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၄.၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၃၀) အချိန်တွင် အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းရှိ ငုရွှေဝါခန်းမတွင် ၂၀၂၅ခုနှစ် စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြသင်တန်းတွင် ဆရာ/ဆရာမ(၈၈)ဦးအား စားသုံးသူ ကာကွယ်ရေးဥပဒေ၊ အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောခြင်းတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူ ကာကွယ် ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူ ကာကွယ် ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူ တတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာ စွာစိစစ် ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်း အမှတ် အသားများ အကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း၊အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်းမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဖြစ်စေ အွန်လိုင်း စနစ်မှ တစ်ဆင့် ဝန်ဆောင်မှုရောင်းချသည့် လုပ်ငန်းဖြစ်ကြောင်း၊ အွန်လိုင်း မှတစ်ဆင့် ဝယ်ယူခြင်းတွင် အားသာချက်နှင့်အားနည်းချက်ဟူ၍ ယှဉ်တွဲဖော်ပြထားပြီး၊ ၎င်းတို့အား အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ် ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူ ရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားးသုံးသူကာကွယ်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၃.၂.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊သပြေကုန်းကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဌ ဦးမျိုးတင့်နှင့်တွေ့ဆုံ၍ အသင်းမှ လက်ရှိလှုပ်ရှားဆောင်ရွက်နေမှု များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

             ထိုသို့ဆွေးနွေးခဲ့ရာတွင် အသင်းမှ ဒု- ဥက္ကဌ ဦးမျိုးတင့်က လက်ရှိတွင်ကော်မတီအဖွဲ့ဝင်( ၁၁) ဦးရှိပြီး အသင်းအနေဖြင့် ရန်ကုန်ကုမ္ပဏီများမှ ထုတ်ယူရရှိသော စားအုန်းဆီများအား လက္ကား ကိုယ်စား လှယ်(၆)ဦးမှ သတ်မှတ်ရည်ညွှန်းဈေးဖြင့် လက်လီကိုယ်စားလှယ်များ၊ ကုန်စုံဆိုင်များနှင့်  စားသုံးသူ ပြည်သူများလက်ဝယ်ရောက်ရှိစေရေး၊ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ မြန်အောင် မြို့နယ်အတွင်း ရပ်ကွက်၊ကျေးရွာများရှိ အိမ်ထောင်စုတိုင်း ဆီလုံလောက်စွာရရှိနိုင်ရန် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း၊ အသင်းအနေဖြင့်လည်း လိုအပ်ချက်များ ရှိလာပါက အသင်းအဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ်မှ စားအုန်းဆီခွဲတမ်းရလက်လီအရောင်းဆိုင် လုပ်ငန်းရှင်များအား စနစ်တကျ ဖြန်ဖြူးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၃.၂.၂၀၂၅)ရက်နေ့ နေ့လည် (၁၄:၃၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍  ဟင်္သာတမြို့၊နတ်မော်လမ်း၊ ပဒေသာ ဈေးအတွင်းရှိ ဈေးတာဝန်ခံရုံး၌   ဟင်္သာတမြို့နယ်မှ စားအုန်းဆီခွဲတမ်းရ လက်လီအရောင်း ဆိုင်လုပ် ငန်းရှင်များအား စနစ်တကျ   ဖြန်ဖြူးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က  ဟင်္သာတမြို့နယ် ပဒေသာဈေးအတွင်း ရှိ စားအုန်းဆီအရောင်းဆိုင်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရရှိသောခွဲတမ်းရ စားအုန်းဆီဖြန့်ဖြူး ရာတွင် ပြည်သူများထံသို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့်စနစ်တကျဖြန့်ဖြူးရောင်းပေးနိုင်ရေး၊  ပစ္စည်းမှန်၊ ဈေးနှုန်း မှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ရောင်းချပေးနိုင်ရေး ယခုလိုခေါ်ယူ ဆွေးနွေးရခြင်း ဖြစ် ကြောင်း ပြောကြားပါသည်။ မိမိတို့ဌာနအနေဖြင့် ဆီဖြန့်ဖြူး ရာတွင် ပါဝင်စွက်ဖက်ခြင်းမရှိပဲ ပြည်သူများ စနစ်တကျဝယ်ယူရရှိနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း၊ တက်ရောက် လာ သူများမှလည်း ပြန်လည်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး အစည်းအဝေးကို နေ့လည် (၁၅:၃၀)နာရီအချိန် တွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် ပဲချောင်းလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးဆွေးနွေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်ဦးစီးမှူးသည်(၃.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)အချိန် တွင် ဇလွန်မြို့နယ်၊ဦးပုညလမ်း၊ညောင်ပင်ဈေးရပ်ကွက်ရှိ  “ချစ်ကိုလေး” ပဲချောင်းလုပ်ငန်းရှင်နှင့် တွေ့ ဆုံ၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  ထုတ်ပိုးသည့် ကုန်စည်ပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည် များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ် ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေး ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ် သီးနှံစိုက်တောင်သူများအားအသိပညာပေး ဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၃.၂.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဟင်္သာတခရိုင်/မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များနှင့်အတူ ဟင်္သာတမြို့၊ မြို့ကွင်းကျေးရွာ ရှိ ရှင်းလင်းဆောင်၌ သီးနှံစိုက်တောင်သူများအား  သုံးသီးစားသီးနှံ စိုက်ပျိုးနိုင် ရေးနှင့် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

ဟောပြောပွဲတွင် ပထမဦးစွာ ခရိုင်စိုက်တိုးမြှင့်အဖွဲ့မှ မြို့ကွင်းလျှပ်စစ်မြစ်ရေတင် စီမံကိန်းဧက တွင် သုံးသီးစားသီးနှံစိုက်ပျိုးနိုင်ရေး အသိပညာပေးခြင်းများ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦး​မိုးကျော်က ဌာန၏လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း (၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ် ရေးဥပဒေပါ စားသုံးသူအခွင့်အရေး နှင့် တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်း အမှတ် အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ် ဝယ်ယူနိုင်ရန်၊ အစား အသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူ အသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆို တင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံး သူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေ ကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီး ဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များ အကြောင်း သိရှိလို ပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ကိုလည်းကောင်း စသည်တို့ကို အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် အ.ထ.က သပြုကွင်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၃.၂.၂၀၂၅)နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ဇလွန်မြို့၊ သပြုကွင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၃၂၀ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့် စာဖတ်ရှိန်မြှင် တင်ရေးအသိ ပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက အစားအသောက်များတွင် ပါဝင်သော ဓါတုဆိုးဆေး၏ ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာဆောင်ရွက်ရ မည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆို တင်ပြတိုင်ကြားခွင့်နှင့်ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေး ခဲ့ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူးက လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး နေ့လည်(၁၄:၃၀)အချိန်တွင် ဟောပြောပွဲကို ရုပ် သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသူ ဖူးပွင့်ခိုင်၊ ဗီးနပ် ဖက်ရှင်၊ ဖူးကော်စမတ်တစ်စတိုး၊ ပန်းဝတ်ရည်မင်း၊ မိုင်ဒေး မုန့်အအေး၊ မှတ်ပုံတင်လျှောက်ထားမှုနှင့် မြေပြင်အမှန်တကယ်ကိုက်ညီမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေး

          (၃၁.၁.၂၀၂၅) ရက်မှ (၃.၂.၂၀၂၅) ရက်အတွင်း မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း အွန်းလိုင်းစနစ်ဖြင့်ရောင်းချသူ လုပ်ငန်းရှင် အွန်လိုင်းမှတ်ပုံတင် လျှောက်ထားသူ လုပ်ငန်း(၅)ဦး ရှိသဖြင့် ညောင်တုန်းမြို့နယ် စစ်ဆေးရေးအရာရှိ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများ လျှောက်ထားသူ လုပ်ငန်းတည်နေရာနှင့် ရောင်းချသည့် ကုန်စည်များ လှောက်ထားသည့် အချက်အလက်များနှင့် ကိုက်ညီမှု ရှိ/မရှိကို မြေပြင်စစ်ဆေးခဲ့ကြသည်။

          မြေမြင်ကွင်းဆင်းစစ်ဆေးရာ ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးက လျှောက်ထားသည့် လုပ်ငန်းများ၏ လုပ်ငန်းတည်နေရာ၊ ပိုင်ရှင်လိပ်စာနှင့် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင် ထား ရှိသည့်အချက် အလက်များအား တိုက်ဆိုင်စစ်ဆေးခြင်း၊ DOCA Application  အသုံးပြု၍ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိကို အတည်ပြုစစ်ဆေးခြင်း၊ မှတ်တမ်းဓါတ်ပုံတင်ခြင်းပြုလုပ်ခဲ့ပြီး၊ မြေပြင်စိစစ် ချက်များ ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိခဲ့ကြောင်းနှင့် လုပ်ငန်းရှင်များကို စားသုံးသူ ကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းနှင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ အကြောင်း ၊ ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းတို့ကို လုပ်ငန်းရှင်များအား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်

DOCA (ဧရာဝတီ)

ကန့်ဘလူမြို့နယ်၌ ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

            စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက် နံနက် (၁၁:၀၀) နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည့် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သိန်းသန်းဖြိုး ဆန်စက်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်တန်ချိန်(၂၅)တန်နှင့်အထက် သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုး ကိုပိုင်ဆိုင်သူသည် MyRO တွင်ဆန်စပါး သိုလှောင်ရုံများ မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခဲ့ပြီး၊ ဆန်စပါးကြိတ်ခွဲမှုအခြေအနေ၊ ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများ အားတွေ့ဆုံဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀) စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ HSU ကိုယ်ပိုင်အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ စားသုံးသူအသိပညာပေးဟောပြောပွဲကို ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၄ ရက် နံနက် (၀၉:၀၀) နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းနှင့်ဒေါ်အိမွန်ကျော်တို့သည် ကန့်ဘလူမြို့၊ HSUကိုယ်ပိုင်အထက်တန်းကျောင်းရှိ ဆရာ/ဆရာမ နှင့်ကျောင်းသား/သူ(၁၅၅)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ ကြောင်းသိရသည်။  

                 အဆိုပါဟောပြောပွဲတွင် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးမှ ကုန်အညွှန်းအမှတ်အသားအကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း၊ ဆက်လက်၍ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းမှ တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့်ကျောင်းသား/သူများကို စားသုံးသူအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ စားသုံးသူ၏အဓိပ္ပာယ်၊ စီးပွားရေးလုပ်ငန်းရှင် ၏အဓိပ္ပာယ်တို့အား ဟောပြောခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့်တာဝန် များအကြောင်း၊ စားသုံးသူများသည်ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအပါအဝင် ခရိုင်ဦးစီးမှူးရုံးများရှိ CICCများသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင် ကြောင်း၊ DOCA Myanmar Mobile Application မှတဆင့်လည်းကောင်း၊ DOCA Facebook Page နှင့် Consumer Call Center 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် မည်သူမဆို ကုန်စည်များကို အွန်လိုင်းစနစ်ဖြင့် ရောင်းချမည်ဆိုပါက မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိ ပြီးမှသာ ရောင်းချခွင့်ရှိမည်ဖြစ်ကြောင်း ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများကို အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

မအူပင်မြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်း တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာ ဟောပြောခြင်း

၃.၂.၂၀၂၅ ရက်နေ့ နံနက်(၁၂:၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အဖွဲ့တို့ပူးပေါင်း မအူပင်ခရိုင် အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာ အကြောင်း တို့ကို ဟောပြောဆွေးနွေးခဲ့ပါသည်။

ဟောပြောဆွေးနွေးရာ မအူပင်ခရိုင်မှ ဦးအောင်ဇော်ဦးက အဖွင့်စကားပြော ကြားပြီးနောက် ဒေါ်ခိုင်ခိုင်လင်း ဒု-ဦးစီးမှူးက  ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာ ကိုဟောပြောရာ စားသုံးသူများ၊ ထုတ်လုပ်သူများနှင့် လုပ်ငန်းရှင်များအတွက် ကာကွယ်နိုင်ရန် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်းအညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပုဒ်မ(၄၁)၊ ပုဒ်မ(၄၂)၊ ပုဒ်မ(၄၃)တို့အား ရှင်းလင်း ပြောကြားပြီး ကုန်စည်၏အမျိုးအစား၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အရေအတွက်၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေး ချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေဖော်ပြရန် လိုအပ်ကြောင်း အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ