ဓနုဖြူမြို့နယ် ဈေးကွက်အတွင်း အလှကုန်နှင့် ဆက်စပ်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ရှိ ကုန်စုံဆိုင်နှင့် အလှကုန်အရောင်းဆိုင် များတွင် ကုန်ပစ္စည်းများ သတ်မှတ်ထားသည့် ကုန်အညွှန်း အမှတ်အသားများ ဖော်ပြထားသော ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းကို ၂၂-၁၁-၂၀၂၅ ရက်နေ့ ၊ နံနက် ၁၀ နာရီက စစ်ဆေး ဆောင်ရွက်ခဲ့သည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ပစ္စည်းများ (၁၀)ဂရမ်အထက် အလှကုန်များ တွင် မြန်မာလိုမဖြစ်မနေဖော်ပြရမည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင် သတိပေးချက်၊ ထား သိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ ပါရှိရမှာဖြစ်ပြီး (၁၀) ဂရမ်အောက် အလှကုန် များတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ဓာတ်မတည့်ကြောင်းဖော်ပြချက် တို့ဖော်ပြထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်းနှင့် ရေးသားဖော်ပြထားခြင်း မရှိသော  အလှကုန်များကို စစ်ဆေးတွေ့ရှိပါက ဥပဒေ အရ‌ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)