သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်လတ်မြို့ ၊ မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များတွင် စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ဆောင်ရွက်

           စားသုံးသူရောရာဦးစီးဌာနမှ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် မြို့မဈေးရှိ ကုန်စုံဆိုင်များမှ စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်းသိရသည်။

          သို့ဖြစ်ပါ၍ ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များတွင်စားအုန်းဆီများ သက်သာဈေးဖြင့် ရောင်းချပေးခြင်းရှိပြီး၊ ယခုရောင်းချနေသော  ဈေးနှုန်းများမှာ (၇၅၉၀)ကျပ် ဈေးနှုန်းဖြင့် ဗွီနှိုင်းချိတ်ဆွဲ၍ ရောင်းချလျက်ရှိမှု၊  ဈေးကွက်စောင့်ကြည့်စိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်၊ စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြသင်တန်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ရေကြည်မြို့နယ် တာဝန်ခံ ဦးအေးမင်းလတ် နှင့် ဝန်ထမ်းများသည် (၁၇.၂.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၃၀) နာရီအချိန်တွင် ရေကြည်မြို့နယ် အ.ထ.က မြို့မကျောင်းတော်ဝင်ခန်းမတွင် စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြသင်တန်းတွင် ဆရာ/ဆရာမများအား စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေကြည်မြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများဖြစ်သည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်(၁၀) ချက်၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားနိုင်သည့်နေရာနှင့် တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့အား ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပြီး၊ Online Sale ရောင်းချခြင်းနှင့် ပတ်သက်၍လည်း Online  မှဝယ်ယူရရှိသောကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊  Online Sale ရောင်းချသူများအား မှတ်ပုံတင်ဆောင်ရွက်နိုင်ရန် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ပညာရေးမှ ဆရာ/ ဆရာမ စုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကန်ကြီးထောင့်မြို့နယ်အထကစိုက်ပျိုးမွေးမြူရေးကျောင်းရှိဆရာ/ဆရာမများနှင့်ကျောင်းသူကျောင်းသားများအားအရေးကြီးဝန်ဆောင်မှုOnlineSaleလုပ်ငန်းများမှတ်ပုံတင်ခြင်းနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခြင်း

             (၁၇.၂.၂၀၂၅)ရက်နေ့တွင် ကန်ကြီးထောင့် အ.ထ.က စိုက်ပျိုးမွေးမြူရေးကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၅၂) ဦးအား စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်မှ စစ်ဆေးရေးအရာရှိ  ဦးမြင့်နိုင်ထွန်းဦးဆောင်၍ ကန်ကြီးထောင့်မြို့နယ်  အ.ထ.က စိုက်/မွေးကျောင်းတွင် တွေ့ဆုံပြီး အွန်လိုင်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊အွန်လိုင်း ရောင်းချခြင်းဆိုင်ရာ ကိစ္စရပ်များအားအသိပညာပေးဟောပြောခဲ့ပါသည်။

           အဆိုပါသင်တန်းတွင်Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား ၂၁.၇.၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ Online Sale မှတ်ပုံတင် လက်မှတ်လျှောက်ထား လာမှုများအား မြေပြင်ကွင်းဆင်းစစ် ဆေး၍ လျှောက်ထားသည့်အချက်အလက်များနှင့် မြေပြင်တွင် အမှန်တကယ် ကိုက်ညီမှုရှိမှသာလျင် မှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

အရေးကြီးဝန်ဆောင်မှုOnlineSaleလုပ်ငန်းများမှတ်ပုံတင်ခြင်းနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခြင်း

           Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား ၂၁.၇.၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ Online Sale မှတ်ပုံတင်လက်မှတ်လျှောက်ထားလာမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး၍ လျှောက်ထားသည့်အချက်အလက်များနှင့် မြေပြင်တွင် အမှန်တကယ် ကိုက်ညီမှုရှိမှသာလျှင် မှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည်။

           သို့ဖြစ်ပါ၍ (၁၇.၂.၂၀၂၅)ရက်နေ့တွင် ကြောင်ပန်းကုန်းကျေးရွာနေ စားသုံးသူပြည်သူ (၂၅) ဦး အား စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှစစ်ဆေးရေးအရာရှိဒေါ်ဟေမာန်ဦး ဦးဆောင်၍ ကြောင်ပန်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင်တွေ့ဆုံပြီး အွန်လိုင်မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းရောင်းချခြင်းဆိုင်ရာ ကိစ္စရပ်များအားအသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျင့်ဝတ်သိက္ခာရှိသော အရောင်းအဝယ်အလေ့အကျင့်များ ပိုမိုဖြစ်စေ၍ စားသုံးသူများကို ကာကွယ်ရန် ဘရူးနိုင်း လုပ်ဆောင်

            ဘရူနိုင်းနိုင်ငံ စီးပွားရေးစီမံကိန်းနှင့် စာရင်းအင်းဌာန (DEPS) အနေဖြင့် ကျင့်ဝတ် သိက္ခာရှိသော အရောင်းနှင့် မြှင့်တင်ရေးအလေ့အကျင့်များ၏ အရေးပါမှုကို မီးမောင်းထိုးပြနိုင်ရေး ပူးပေါင်းဆောင်ရွက်ချက်စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့သည်။ ထို ပူးပေါင်းလုပ်ဆောင်မှု Brunei Salebration 2025 (BSb 2025) တွင် ပါဝင်သူများအား စားသုံးသူအခွင့်အရေးများကို ကာကွယ်နိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအကြား ယုံကြည်မှုကို မြှင့်တင်ပေးနိုင်ရေးအတွက် ရှင်းလင်း၍ ပွင့်လင်းမြင်သာမှုရှိသော ရောင်းချမှုများကို ဆောင်ရွက်ရောင်းချကြရန် အသိပညာပေးခြင်း၊ သတိပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပူးပေါင်းလုပ်ဆောင်မှုသည် စားသုံးသူများကို ကာကွယ်ပေးရန်သာမက ဈေးနှုန်းချိုသာ စွာရောင်းချမှုဆိုင်ရာ စည်းမျဉ်းများကို လိုက်နာမှုရှိစေရန်နှင့် ဈေးနှုန်းထိန်းချုပ်မှုဥပဒေနှင့် အလေး ချိန်နှင့်အတိုင်းအတာဥပဒေ (၁၉၈၃)တို့အရ ပြဌာန်းချက်များကို အတည်ပြုရန် ရည်ရွယ်ပြုလုပ်ခြင်း လည်းဖြစ်သည်။ ထိုဥပဒေစည်းမျဉ်းများသည် မျှတသော ကုန်သွယ်မှုအလေ့အကျင့်များကို မြှင့်တင် ရန်နှင့် စားသုံးသူအကျိုးစီးပွားကို ကာကွယ်ရန် မရှိမဖြစ် လိုအပ်သော ဥပဒေများဖြစ်ကြောင်း ဘရူးနိုင်းနိုင်ငံ (DEPS) ကပြောကြားခဲ့သည်။

            ပူးပေါင်းလုပ်ဆောင်မှုစစ်ဆင်ရေး ပြုလုပ်နေစဉ်အတွင်း ကလေးနို့မှုန့်အား အမြင့်ဆုံးဈေး ထက်ပိုမိုရောင်းချနေသော လုပ်ငန်းတစ်ခုနှင့် ဈေးနှုန်းအညွှန်းများအား ရှင်းလင်းစွာ ပြသရောင်းချ ခြင်းမရှိသော လုပ်ငန်းနှစ်ခုအား တွေ့ရှိခဲ့ရသဖြင့် ဘရူနိုင်းဒေါ်လာ ၅၀၀ စီ ဒဏ်တပ်ခြင်းနှင့် သတိပေး ခြင်းများ ပြုလုပ်ခဲ့သည်။ အလေးချိန်နှင့် အတိုင်းအတာယူနစ်ရုံး (SDT) မှလည်း အလေးချိန် မမှန်သော အချိန်တွယ်ကိရိယာ ၁၇ ခုကို စစ်ဆေးတွေ့ရှိခဲ့ရပြီး မှတ်ပုံတင်သက်တမ်း ကုန်ဆုံး  လျက်ရှိသော ကိရိယာတစ်ခုကို တွေ့ရှိရသဖြင့် ကိရိယာများအား သိမ်းဆည်းခြင်းနှင့် လုပ်ငန်း များအား ရုံးဖွင့်ရက် ၇ ရက်အတွင်း SDT ရုံးသို့ လာရောက်အစီရင်ခံရန် သတိပေးခြင်းများ ပြုလုပ်ခဲ့ သည်။

DEPS ၏ စားသုံးသူရေးရာဦးစီးဌာနနှင့် SDT ရုံးတို့အနေဖြင့် စားသုံးသူများ၏ ယုံကြည်မှုနှင့် စိတ်ကျေနပ်မှုကို မြှင့်တင်ပေးနိုင်ရန်၊ ကျင့်ဝတ်သိက္ခာရှိပြီး ပွင့်လင်းမြင်သာသော ရောင်းချမှုများမှ မျှတသော ဈေးကွက်အဖြစ် မြှင့်တင်ပေးနိုင်ရန် ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်မှုများကို ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။

DOCA (မန္တလေး)

 

လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး

ရက်စွဲ၊၁၈.၂.၂၀၂၅

          စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနက ဖွင့်လှစ်သော လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၅ /၂၀၂၅)တွင်    ဖေဖော်ဝါရီလ ၁၄ရက်နေ့ နံနက် (၁၀း၃၀)အချိန်တွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးက စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို သင်တန်းတစ်ချိန် ဟောပြောဆွေးနွေးခဲ့ရာ သင်တန်းသူ/သား (၂၀)ဦး တက်ရောက်ခဲ့ပါသည်။

          စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ      အဆင့်ဆင့်ကို ပြောကြားပြီး ၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်၉။ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ၈၄ခု ပါဝင် ကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ ကြောင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း(၉) ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဌာန်း ထားသည့် စားသုံးသူအခွင့် အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များကို ရှင်းလင်း ပြောကြားခြင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာ ထင်ရှားစွာဖော်ပြမည့် အချက်(၈) ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည် ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)ပါ ပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၇)နှင့် ပုဒ်မ(၆၈)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ် ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူ များကို ကာကွယ် ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်း သည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူ အခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website လိပ်စာမှာ www.doca.gov.mm တို့ဖြင့် ဖြစ်စေ၊  Call Center နံပါတ် 1535 တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး တိုင်ကြားရန် လိပ်စာများပါသည့် ပန်းဖလက်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀:၀၀ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည်  ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီမြန် မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိနှင့် (၁/၂၀၂၁)နှင့်အညီ ပိဿာ/ကျပ်သားတို့ကို ဖော်ပြထားခြင်း ရှိ/မရှိစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသော စားသုံးဆီများ ၊ တရားမဝင်တင်သွင်းလာသော စားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက်နာ ရန်လိုအပ်ကြောင်း  အသိပညာပေးပြောကြားခဲ့ပြီး  လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များ သို့အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့ အား ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှ ဝယ်ယူရကြောင်း ၊ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုမရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူမြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တာဝန်ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၇ ရက် နံနက်(၁၁:၃၀)နာရီအချိန်တွင် ကန့်ဘလူခရိုင်စီမံကိန်းဦးစီးရုံးရှိ ဝန်ထမ်း(စားသုံးသူ) များအား အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် တာဝန်ခံက စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချ ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ကို အမိန့်ကြော်ငြာစာ အမှတ်(၅၁/၂၀၂၃)ဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ မည်သူမဆို အွန်လိုင်းဖြင့်ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရ မည်ဖြစ်ကြောင်း ၊ လုပ်ငန်းရှင်များအနေဖြင့် Online မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ Online မှတဆင့်ဝယ်ယူရာတွင် လိမ်လည်မှုမခံရအောင် သိရှိရမည့်အချက်များကို  ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

          DOCA(စစ်ကိုင်း)

DeepSeek AI ၊ Chatbot နှင့်အမျိုးသားလုံခြုံရေး

ဆိုးလ်- တရုတ်နို်ငငံမှ ရေးဆွဲသည့် တရုတ် AI Chatbot ဖြစ်သည့် deepseek ကို ကမ္ဘာလုံးဆိုင်ရာindustryများတွင် ၄◌င်း၏ R1 ပရိုဂရမ်ကို ထုတ်ဖော်ပြသလိုက်ပြီး deepseek သည်အမေရိကန်နည်းပညာထက် ပို၍ ဈေးပေါပြီး နည်းပညာမြင့်စွမ်း ဆောင်ရည်များ ဖွံ့ဖြိုး လာသည့်အတွက်  အမေရိကန်နည်းပညာစတော့ရှယ်ယာဘီလီယံပေါင်းများစွာကို  ဖယ်ရှားခဲ့ပြီး deepseek ကို ပို၍ အသုံးပြုသူများလာခဲ့သည်။ဥရောပ၊ တောင်ကိုရီးယားအစိုးရများမှ အဆိုပါ တရုတ်နည်းပညာမြင့် Deep seek သည် သုံးစွဲရန်လွယ်ကူသော်လည်း AIမှ တစ်ဆင့် သတင်းအချက်အလက်များ ပေါက်ကြားမှုကိုမူ ကာကွယ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

DEEP  SEEK ကိုပိတ်ပင်ထားသည့်နိုင်ငံများ

အီတလီနိုင်ငံမှ  Deep seek  နှင့်စပ်လျဉ်း၍ အီတလီနည်းပညာအသုံးပြုသူများ၏ အချက်အလက်များကို ကာကွယ်ရန်အတွက် အဆိုပါ deep seek နည်းပညာကို ပိတ်ပင် သင့်ကြောင်းပြောကြားခဲ့သည်။အီတလီသတင်းအချက်အလက်ကာကွယ်ရေးအာဏာပိုင်အဖွဲ့မှ အမေရိကန်မှ chatgpt ကိုလည်း ၂၀၂၃ ခုနှစ်တွင် ပိတ်ပင်ခဲ့သေးသည်။ဆက်လက်၍ ထိုင်ဝမ်မှ deep seek အသုံးပြုမှုအား  အဆိုပါ တရုတ်နည်းပညာအနေဖြင့် နိုင်ငံတော်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာနို်ငသည့်အတွက် အစိုးရကဏ္ဍနှင့် အခြား  အဓိကကျသော အခြေခံအချက် အလက်များအတွက် deepseek အသုံးပြုခြင်းအား ပိတ်ပင်ခဲ ့ကြောင်းပြောကြားခဲ့သည်။

ထို့နောက် ထပ်မံ၍ တောင်ကိုရီးယားအစိုးရမှ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး အတွက် စစ်ဘက်ဆိုင်ရာသုံးနှင့် ရဲတပ်ဖွဲ့၏ ကွန်ပျူတာများတွင် deep seek  ကိုပိတ်ပင်ကြောင်း ကြေငြာခဲ့သည်။         

တနင်္လာနေ့တွင် အာဏာပိုင်များမှ ပြောကြားချက်အရ deepseek အပလီကေးရှင်းအား download ရယူရန်အတွက် ပြည်တွင်း အပလီကေးရှင်းများ မှ ရယူ၍ မရရှိနိုင်ဘဲ မိမိ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များကို ဝင်ရောက်ပြီးမှသာ download ရယူနိုင်သည့် application တစ်ခုဖြစ်သည်ဟုဆိုသည်။

အမေရိကန်လွှတ်တော်မှ ဥပဒေပြုသမားများက deepseekအား အစိုးရဌာနဆိုင်ရာ ကွန်ပျူတာများတွင် DeepSeek အသုံးပြုမှုကာကွယ်ရေးဥပဒေတစ်ရပ်ကို စတင်မိတ်ဆက်ခဲ့ပြီး ကွန်ကရက်မှ ပြောရေး ဆိုခွင့်ရှိသူ darin la hod က အဆိုပါ တရုတ်ကုမ္မဏီမှ ထုတ်လုပ်သည့် deepseekသည် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်ယုံသာမက အမေရိကန်နိုင်ငံ၏ နည်းပညာလောကခြိမ်းခြောက်ရန်အတွက် alarmပေးခြင်းတစ်ရပ်ပင်ဖြစ်သည်ဟုဆိုသည်။

ဆက်လက်၍ deepseek ကို နယူးရော့၊ ဗာဂျီးနားနှင့် တက်ဆက် ပြည်နယ်များမှလည်း ပြည်နယ်အဆင့် ပိတ်ပင်ခဲ့ကြသည်။တက်ဆက် အု်ပချုပ်သူအာဏာပိုင်အဖွဲ့မှ ပုဂ္ဂိုလ်ရေးအချက် အလက်များကို ကာကွယ်ရန်အတွက် ပိတ်ပင်ရန်လိုအပ်သည်ဟုပြောကြားခဲ့သည်။

ဘာကြောင့်စိုးရိမ်ပူပန်မှုတွေမြင့်တက်လာရသလဲ?

Deep seek  သည် Open AI Chat GPT တို့နှင့် အလားသဏ္ဍာန်တူသည့် အပလီ ကေးရှင်းတစ်ခုဖြစ်သော်လည်း Deepseek ၏ စည်းကမ်းနှင့်မူဝါဒများအရ ပုဒ်မခွဲတစ်ခုအနေဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို ဖတ်ကြားနိုင်ရန်ထည့်သွင်းထားသည်။

အမေရိကန် နည်းပညာကုမ္ပဏီများမှ အစိုးရ၏ ဒေတာအချက်အလက်များ တောင်းခံမှု အတွက် အသုံးပြုသူ၏အချက်အလက်များအား နည်းပညာကုမ္ပဏီများမှ ဥပဒေအရ အကာကွယ် ပေးရန် တာဝန်ရှိသည်ဟု Soonchunhyang University မှ သတင်း အချက်အလက် နည်းပညာလုံခြုံရေး ပါမောက္ခ Heung Youl ကဆိုသည်။

ဆက်လက်၍ အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များလုံခြုံမှုကို လေးစားရန်နှင့် ကုမ္မဏီများအနေဖြင့်  အစိုးရ၏ အသုံးပြုမှုနှင့် မည်သည့်နိုင်ငံများ၏ ကုမ္ပဏီများက ယုံကြည် စိတ်ချရကြောင်းစသည့်အချက်အလက်များ ကွာခြားချက်များကို ကို ပုံဖော်နို်ငရန်လိုကြောင်း ပြောကြားခဲ့သည်။

Deepseek ၏ မူဝါဒများအရ သတင်းအချက်အလက်များကို စုစည်းရန် အတွက်  အဓိကpatternများ rhythums  များထည့်သွင်းထားပြိး ခလုတ်/button တစ်ခုချင်းစီအတွက် လူတစ်ဦးချင်းစီ၏ အပြန်အလှန်တုံ့ပြန်ပုံများကို သိရှီစုဆောင်းနိုင်သည့်အတွက် အချက်အလက် များကို ကာကွယ်ရန် လိုအပ်ကြောင်း တွေ့ရှီရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ