
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် (၁၅.၁၂.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀)အချိန်ခန့်တွင် အိုးတန်းရပ်ကွက် ရုံးခန်းမတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဦးရှင်းခန့်ကိုကိုမှ စားသုံးသူများအွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူ၏အခွင့်အရေးများ၊တာဝန်များအွန်လိုင်းစနစ်ဖြင့်ဈေးဝယ်ယူခြင်းအတွက်အားနည်းချက်/အားသာချက်များကို၎င်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှု နှင့် စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့်အချက်အလက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်မှုများ လိမ်လည်မှုများ နှင့် မှတ်ပုံတင် ထားသည့်အွန်လိုင်းရောင်းချမှုလုပ်ငန်းမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိသည့်အကျိုး ရလဒ်များကို အကျယ် တဝင့်ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ (၆)ဦးတက်ရောက်ခဲ့ကာ (၁၁:၀၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
