
၁၆.၁၂.၂၀၂၅ ရက်နေ့ (၁၅:၀၀) ချိန်တွင် M/S BAY LINE SHIPPING PTE,LTD (SINGAPORE) ကုမ္ပဏီပိုင် M.T HAIXIANG-19 အမည်ရှိ စက်သုံးဆီတင်သင်္ဘောသည် သင်္ဘောကပ္ပတိန် Mr.ZHOU JIAFENG ပါ တရုတ်နိုင်ငံသား သင်္ဘောသား ၈ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သင်္ဘောသား ၃ ဦး၊ မြန်မာနိုင်ငံသား သင်္ဘောသား ၈ ဦး၊ ပေါင်း ၁၉ ဦးတို့ လိုက်ပါလျှက် Myanmar Energy King Co.Ltd မှ ပြည်ပမှတင်သွင်းလာသည့် 92(ဓာတ်ဆီ) ၃၃၂၁.၅၂၄ မထ္ထရစ်တန်၊ ဒီဇယ်(ပရီမီယမ်) ၂၉၇၉.၇၂၃ မထ္ထရစ်တန် တင်ဆောင်ကာ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ Puma Power International Port Terminal သို့ ရောက်ရှိလာကြောင်း သိရှိရသည်။
အဆိုပါနေရာသို့ ပြည်နယ်ရေကြောင်းရဲတပ်ဖွဲ့၊ မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်အကောက်ခွန်ဦးစီးဌာန၊ ပြည်နယ်ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာ (မွန်ပြည်နယ်)၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၊ မုဒုံမြို့နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့စု(မုဒုံ)၊ မုဒုံမြို့နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မွန်ပြည်နယ်အတွင်းသို့ စက်သုံးဆီဝင်ရောက်မှုမှာ ၉.၆.၂၀၂၅ မှ ၁၆.၁၂.၂၀၂၅ ရက်နေ့ထိ သင်္ဘော (၂၃) စီးတွင် ပရီမီယမ်ဒီဇယ် (၇၃၈၈)တန်၊ ရိုးရိုးဒီဇယ်(49376.773)တန်၊ 95 (၈၃၃၇.၀၇၈) တန်၊ 92 (21027.563) တန်၊ စုစုပေါင်းတန်ချိန် (၈၆၁၂၉.၄၁၄) တန် ဝင်ရောက် ပြီးဖြစ်ကြောင်း သိရှိရသည်။
DOCA (မွန်)
