
စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ခရေကန်ကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများကို (၁၁.၁၂.၂၀၂၅ ) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ပြည်သူများ လက်ဝယ်သို့ စားအုန်းဆီဝယ်ယူခွင့် စာအုပ်များပေးအပ်ခဲ့ပြီး ဆီထုတ်ယူခွင့်စာအုပ်များနှင့် ပက်သက်၍ ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ် ခရေကန်ကျေးရွာတွင် အိမ်ထောင်စု ၉၅၀ခန့်ရှိပြီး ကျေးရွာနေပြည်သူများကို စားအုန်းဆီထုတ်ယူခွင့်စာအုပ်ဖြင့် လစဉ် အိမ်ထောင် တစ်စုလျှင် ဆီ ၁ပိဿာခန့် လစဉ် သတ်မှတ်ရက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဆီရောင်းချသူ ကိုယ်စားလှယ်ထံမှဝယ်ယူရန်၊ ဆီစာအုပ်များကို မပျောက်မပျက်စေရန် သေခြာသိမ်းဆည်းထားရန်ကိုလည်းကောင်း၊ မိမိဆီထုတ်ယူရာတွင် ရောင်းချသူမှ ဗီနိုင်းချိန်ဆွဲဖော်ပြသည့်ဈေးထက် ပိုမိုရောင်းချကြောင်းသိရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ သတ်မှတ်ရက်အတွင်းတွင် ဆီများကိုဝယ်ယူရန်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်သူများထံ စားအုန်းဆီ အမှန်တကယ်ရောက်ရှိစေရေးကို စားအုန်းဆီ ဖြန့်ဖြူးမှုမှတ်တမ်း (၆)မျိုး မှန်(၆)မှန်ဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ကား/လက်လီ စာရင်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အရေအတွက်မှန်၊ အချိန်အတွယ်နှင့် အရည်အသွေးမှန်ရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းတို့အား ပြည်သူများသိရှိနိုင်ရန် အသိပညာပေးခဲ့ပါသည်။
ထို့နောက် တက်ရောက်သူပြည်သူများမှ သိရှိလိုသည်များ မေးမြန်းခဲ့ရာကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်းနှင့် တက်ရောက်သူ ၂၅ဦးရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
