ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၂) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့နယ်ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ပင်းတယမြို့၊ ဈေးတန်းရပ်ကွက်ရှိ   ဒေါ်အေးအေးသက် ကုန်စုံဆိုင်တွင် စည်သွပ်ဗူးအမျိုးမျိုးအား စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ပါသည်။ ထိုသို့ စစ်ဆေး ရာ၌ A1 Boss နှင့် A1 Flying Fish ဆာဒင်းငါးသေတ္တာ စည်သွပ်ဗူးနှင့် တခြားကုန်စည် အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားကြောင်း တွေ့ရှိ ရပြီး အဆိုပါ စီးပွား‌ရေးလုပ်ငန်းရှင်အား စားသုံးသူ ဘေးအန္တရာယ် ဖြစ်စေနိုင်သော ကုန်စည် များရောင်းချခြင်း မပြုရန်၊ သတ်မှတ်စံချိန် စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြ ထားသည့်ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာ ပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)