သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အင်းမ အထက်တန်းကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အင်မကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသူ/သူများကို လူငယ်အသိပညာ စကားဝိုင်းတွင် စားသုံးသူအသိပညာပေး ဟောပြောခြင်းကို ၁၇-၉-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။

   ဟောပြောပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်စကားဝိုင်း ပြုလုပ်ခြင်း၊ ကျန်းမာရေးဦးစီးဌာနက လူငယ်နှင့် ဆေးလိပ်သောက်သုံးခြင်းဆိုးကျိုးများအကြောင်း၊ အားကစားလိုက်စားခြင်း၏ကောင်းကျိုးများ၊ အသိပညာပေး ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဦးအောင်ကျော်သက်က စားသုံးသူအခွင့်အရေးအကြောင်း၊ လိုက်နာရမည့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့် လုပ်ငန်းတာဝန်များအကြောင်း၊ ဈေးကွက်အတွင်း ကုန်စည်များကို စစ်ဆေးနိုင်ရန် စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာ အချက်အလက်များအကြောင်းကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်း ၇မျိုး အကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြီး ဥပဒေပါ ပြစ်မှု ၊ ပြစ်ဒဏ်များ၊ စီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေများချမတ်ဆောင်ရွက်ခြင်းအကြောင်းတို့ကို ရှင်းလင်းဟောပြောပြီး တက်ရောက်သူ ကျောင်းသား/သူ ၁၂၅ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

DOCA(ဧရောဝတီ)

အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြော

    ဧရာဝတီ  တိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်’မတွင် (၁၇-၉-၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများနှင့် ရပ်ကျေး စာရေးများကို စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင် ဦးစီးအရာရှိ)က Online Sale မှတ်ပုံတင်ခြင်းဆိုင်ရာနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

       ဟောပြောဆွေးနွေးရာတွင် ခရိုင်တာဝန်ခံမှ Online Sale ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်း ချသူ (Online Sales)များ မှတ်ပုံတင်ရန်အတွက် အမိန့်ကြော်ငြာစာပါအချက်အလက်များကို ရှင်းလင်းခြင်း၊ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ရန်နည်းလမ်းများ၊ မှတ်ပုံတင်ရာတွင်ပူးတွဲ တင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့်စည်းကမ်းချက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း(Online Sales)၊ လုပ်ငန်းမှတ်ပုံတင်(အသစ်) လျှောက်ထားရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်များ၊ မှတ်ပုံတင်လျှောက်ထားရာတွင် သိရှိရန်အချက်များ စသည်တို့ကို ပြည့်ပြည့်စုံစုံ ဆွေးနွေးခဲ့ပြီး တက်‌ရောက်သူ  စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဝန်ဆောင်မှု လုပ်ငန်းနှင့် စပ်လျဉ်း၍ Talk Show ပြုလုပ်

   ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပွဲကို ၁၆-၉-၂၀၂၅ ရက်နေ့ နံနက် (၁၀ : ၀၀)နာရီအချိန်က ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအ​ခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပသည်။

          ဆွေးနွေးပွဲတွင် စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဝန်ဆောင်မှုလုပ်ငန်းအကြောင်း ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က အသိပညာ ပေး ဆွေးနွေးရာတွင်  စားသုံးသူ ကာကွယ်ရေးဥပဒေတွင် ဝန်ဆောင်မှုဆိုသည်မှာ လုပ်ငန်း (သို့မဟုတ်) လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏ လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကို ခေါ်ဆိုတာ ဖြစ်ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂၆ အရ စားသုံးသူအပေါ် အာမခံ ချက်ပေးထားသည့်ကာလတိုင်း ဝန်ဆောင်မှုမပေးနိုင်လျှင် (သို့မဟုတ်) ဝန်ဆောင်မှုပေးရန် ပျက်ကွက်လျှင် ဝန်ဆောင်မှုပေးရန်ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် ယင်းအတွက် လျော်ကြေးပေးရန်၊ အာမခံထားသော အချိန်ကာလအတွင်း သဘောတူညီထားသော ဝန်ဆောင်မှုကိုမရခဲ့လျှင် စားသုံးသူ၏ နစ်နာမှုအတွက် ကုစားခွင့်ပေးရန် စားသုံးသူမှ တောင်းဆိုပိုင်ခွင့် ရှိကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များကို အသိပညာပေး ဆွေးနွေးဟော ပြောခဲ့ပြီး ဆက်လက်၍ သက်ဆိုင်ရာဌာနများမှ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းရှင်များ သိရှိလိုက်နာ ရမည့် စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များ၊ ဥပဒေများပါသတ်မှတ်ပြဌာန်းချက်များ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရောဝတီ)

စားသောက်ကုန်နှင့် ကုန်ပစ္စည်းမျိုးစုံ ရောင်းချသော စတိုးဆိုင်များအား ကွင်းဆင်းစစ်ဆေး

    (၁၇. ၉. ၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ညောင်တုန်းမြို့နယ်၊ ရပ်ကွက်များရှိှိတိုးဆိုင်ကြီးများနှင့် Minimark ဆိုင် ၁၂ဆိုင် တို့သို့ သွားရောက်ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    မြို့နယ်တွင် ရောင်းချနေသော ကုန်စည်များတွင်  ယိုးဒယားနိုင်ငံမှတင်သွင်းသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ ကုန်အညွှန်းဖော်ပြ ပါဝင်ခြင်း ရှိ/မရှိ၊ ကုန်စည် ထပ်ပိုး အညွှန်းကပ်နှိပ် ဖော်ပြပါဝင်ခြင်း ရှိမရှိ၊ ဈေးနှုန်းမြှင့်တက်မှုရှိ/မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်းရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ပြည်ပတင်သွင်းထားသောတရားဝင်ကုန်စည်များ ဈေးကွက်အတွင်းရောင်းချမှုအခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းနှင့် ကုန်စည်များနှင့် ပတ်သတ်၍ အမိန့်ညွှန်ကြားချက်များကို လုပ်ငန်းရှင်တို့သိရှိနိုင်ရန် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ညောင်တုန်း တဇင်ရေကျော် ကျေးရွာ မူလတန်းလွန် ကျောင်းမုန့်ဈေးတန်း စစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ တဇင်ရေကျော်ကျေးရွာရှိ အခြေခံပညာကျောင်းများတွင် ရောင်းချနေသည့် ကျောင်းမုန့်စျေးတန်းများစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ၁၇-၉-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

     ထိုသို့ဆောင်ရွက်ရာတွင် ညောင်တုန်းမြိ့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက အခြေခံပညာကျောင်းများရှိ ကျောင်းမုန့်စျေးတန်းများတွင် ရောင်းချနေသည့် မုန့်များတွင် FDA မှ ခွင့်ပြုချက်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်သော ကုန်စည်များ ရောင်းချမှု ရှိမရှိ စစ်ဆေးကာ ရက်လွန်မုန့်များရောင်းချခြင်း၊ မသန့်ရှင်းသောပစ္စည်း၊ ဓာတုဆိုးဆေးနှင့် ယင်နားစာများ စနစ်တကျထားသို ရောင်းချခြင်းရှိ/မရှိတို့ကို ကျောင်းတာဝန်ခံဆရာ/ဆရာမများနှင့် ပူးပေါင်းစစ်ဆေးခဲ့ကြ သည်။

     ကျောင်းသား/ကျောင်းသူများ မိုးရာသီကာလ မသန့်ရှင်းသောအစားအစာများကြောင့် ဝမ်းပျက်/ဝမ်းလျှောရောဂါများမဖြစ်ပွားစေရေးအတွက် ကျောင်းမုန့်စျေးတန်းများစစ်ဆေး ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် စပါးစိုက်တောင်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး

     မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်သည်  (၁၇.၉.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးတွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေး သော တောင်သူ(၁၅၀) ဦးအား တွေ့ဆုံ၍  စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့သည်။

     ဟောပြောရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁) အဓိပ္ပါယ် ဖွင့်ဆိုချက်များ စားသုံးသူအခွင့်အရေး (၈) ချက်၊ စားသုံးသူလိုက်နာရမည့် တာဝန်(၄)ချက်၊ ဦးစီးဌာန၏ လုပ်ငန်းခွင်နှင့် လုပ်ငန်းတာဝန်များအကြောင်းတို့ အား ပြည်သူများသိရှိ၍ စားသုံးသူများနစ်နာမှုမရှိစေရန် ၊ နစ်နာမှု ရှိလာပါက Consumer Call Center 1535 သို့ ဆက်သွယ်မးမြန်း တိုင်ကြားနိုင်ကြောင်းကို စားသုံးသူအသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

             ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၁၃.၉.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ဝါတန်းဆိပ်ကမ်းနှင့် သိန်းဦးဆိပ်ကမ်းအား အကောက် ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

“ အခြေခံစားသောက်ကုန်ဈေးနှုန်းပြောင်းလဲမှုအခြေအနေဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေး ”

              ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့နှင့် ဩဂုတ်လကုန်မှ စက်တင်ဘာလဝက်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်း ပြောင်းလဲမှုအခြေအနေအား စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်း၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့သည် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များဖြစ်သော ဆန်အမျိုးအစားအလိုက် ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်အရောင်းဆိုင်များ၊ ကုန်ခြောက်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင်များ အသား၊ ငါး၊ ပုဇွန် အရောင်းဆိုင်များ၊ ငါးပိ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥနှင့် ကုန်စိမ်းအရောင်းဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးနှုန်းများအား စာရင်း ကောက်ယူစစ်ဆေးခဲ့ရာတွင် ဩဂုတ်လကုန်မှ စက်တင်ဘာလ၏ လလယ်အထိ အခြေခံစား သောက်ကုန်ပစ္စည်းအများစု၏ ဈေးနှုန်းမှာသိသိသာသာပြောင်းလဲမှုမရှိသော်လည်း စားအုန်းဆီ ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်မှုရှိသည်ကို ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး စိစစ်‌ တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဆောက်လုပ်ရေးလုပ်ငန်းသုံး အရောင်းဆိုင်များအား ကွင်ဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဆောက်လုပ် ရေးပစ္စည်း အရောင်းဆိုင်များအား ဈေးမြှင့်တင်ရောင်းချမှုမရှိစေရန်နှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများ မရှိစေရန်၊ ရောင်းချမှုမရှိဘဲ ကြာရှည်စွာ သိုလှောင်ထားရှိမှုများမရှိစေရန် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များဖြင့် ၁၆-၉-၂၀၂၅  မနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ထို့သို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲ တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးမှူးရုံး၊တို့ပါဝင်သောပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွင်း ရောင်းချနေသော ဈေးနှုန်းများကို အပတ်စဉ် စာရင်းကောက်ခြင်း၊ ဈေးနှုန်းသုံးသပ်ခြင်း၊ သင်တင့်မျှတသောဈေးဖြင့် ရောင်းချနိုင်ရန်ကြပ်မတ်ခြင်း၊ ပစ္စည်းပြတ် လပ်မှုရှိ/ မရှိ စောင့်ကြည့်စစ်ဆေး ခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် သတိပေးပြောကြားခဲ့ပြီး ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် စားသောက်ဆိုင် ဝန်ဆောင်မှု လုပ်ငန်းများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် စားသောက်ဆိုင်များ၊ အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်း (၁၀)တိုင်အား (၁၇-၉-၂၀၂၅)ရက် နံနက်ပိုင်းက တတိယအကြိမ် စက်င်ဘာလအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမြို့နယ်ဦးစီးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့​ပူးပေါင်း၍ ပန်းတနော်မြို့နယ် အတွင်းရှိ စားသောက်ဆိုင်များ၊ အစားသောက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများသို့ ကွင်းဆင်းစစ် ဆေးရာ ဇူလိုင်လက စစ်ဆေးဆောင်ရွက်ချက်များအရ ဒုတိယအကြိမ် ဝန်ဆောင်မှုပတ်သက်၍ ကောင်းမွန်သောကျင်စဉ်နှင့်အညီ ရောင်းချနိုင်ရေး မှာကြားခဲ့သော၊ အစားအသောက်ချက်ပြုတ်ရာအခန့်များ သန့်ရှင်းသပ်ရပ်စွာ ကိုင်တွယ်ထားရှိမှုရှိ/ မရှိ၊ စားမိုဆောင် စွန်ပစ်အမှိုက်ပုံးများခွဲခြားဆောင်ရွက်ထားခြင်းရှိမရှိ၊ စားသုံးသူများ ဈေးနှုန်းကို ကြိုတင်အသိပေးကြေငြာထားမှုရှိ/ မရှိကို စစ်ဆေးခြင်း၊ စားသုံးသူများအတွက် အခွန်အခပါအဝင် ကြိုတင်သတင်းအချက်အလက် ကြေငြာဆောင်ရွက်ထားရှိမှုရှိ/ မရှိကို စစ်ဆေးခြင်းများကို မှာကြားပြောကြားခဲ့ပြီး တတိယအကြိမ်စစ်ဆေးသည့်အခါ လိုက်နာဆောင်ရွက်မှုရှိ/ မရှိကို စစ်ဆေးခဲ့ပြီး စားသောက်ဆိုင် များ က  လိုက်နာဆောင်ရွက်ထားကြောင်း တွေ့ရှိရပြီး၊ စားသောက်ဆိုင်များမှ စားသုံးသူ၏ အခြေခံလိုအပ်ချက်များအပေါ် အချိန်နှင့် တပြေးညီ‌ဆောင်ရွက် ပေးနိုင်ရန်နှင့် စားသုံးသူ စိတ်ကျေနပ်စွာ ဝန်ဆောင်မှုများပေးနိုင်ရန်ကို အလေးထားဆောင်ရွက်ရန် ထပ်မံမှာကြားခဲ့ကြောင်းနှင့်  စားသုံးသူပြည်သူများ သန့်ရှင်းလက်ဆက်သော အစားအသောက်များ ဖြစ်စေရေး၊ စားသောက်ဆိုင်သုံးပစ္စည်းများ သန့်ရှင်းမှုရှိစေရေးနှင့် သက်တမ်းလွန်ပစ္စည်းများ အသုံးမပြုစေရေး၊ စာသောက်ဆိုင် စွန်ပစ်ရေလမ်းကြောင်းများ သန့်ရှင်သပ်ရပ်စွာ ဆောင်ရွက်‌ရေးတို့အတွက် အသိပညာပေးပြောကြားကာ စစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ