ဘီးလင်းမြို့နယ်တွင် “ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ စိတ်ချယုံကြည်စားသုံးကြ” ခေါင်းစဥ်ဖြင့် အသိပညာပေး “Talk Show” ပြုလုပ်ခြင်း

Powered by Drupal

              ၂၂.၁၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ “ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ စိတ်ချယုံကြည်စားသုံးကြ” ခေါင်းစဥ်ဖြင့် အသိပညာပေး “Talk Show”အား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ Talk Show တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ လုပ်ငန်းရှင်များ လိုက်နာ ရမည့်အချက်များ၊ ကုန်စည်များတွင် မြန်မာဘာသာနှင့် ဖော်ပြရမည့်အ‌ချက်များ၊ ကုန်စည် အုပ်စုအလိုက် မြန်ဘာသာဖြင့်တွဲ၍ ဖော်ပြရမည့်အချက်များနှင့်စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စီးပွားရေးကျင့်ဝတ်၊ စည်းမျဥ်း၊ စည်းကမ်း၊ ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်၍ အဆိုပါ Talk Show အား ပြုလုပ်ရကြောင်းတို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)