
စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည်၊ စည်ပင်ကွပ်ကဲမှူးရုံးမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနတို့ပူးပေါင်း၍၊ ဝန်ဆောင်မှု ကဏ္ဍ (၃) ရပ်နှင့် စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရမည့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများအား (၂၃.၁၂.၂၀၂၅ ) ရက်နေ့၊ နံနက် (၀၉း၀၀)အချိန်ခန့်တွင် အောင်မင်္ဂလာအဝေးပြေးကားဂိတ်အတွင်းရှိ မန္တလာမင်း၊ ရွှေစင်စင်္ကြာ၊ မန်းရွှေပြည်၊ ရွှေလင်းယုန် စသည့်ယာဉ်လိုင်များအား စားသုံးသူများ နစ်နာမှုမရှိစေရေးအတွက် သိသည့်သိထိုက်သည့်အချက်အလက်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)က ခရီးသည်ပို့ဆောင်ရေးမော် တော်ယာဉ်အသင်းမှသတ်မှတ်ထားသော စည်းကမ်းချက်များညွှန်ကြားထားသည့် အချက်(၂၂) ချက်အပေါ်အခြေခံ၍ စစ်ဆေးခဲ့ရာ အဆိုပါလုပ်ငန်းသည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၃)ရှိ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အားမခံချက်ပေးရသည့် လုပ်ငန်းဖြစ်ကြောင်း မည်သည့်လုပ်ငန်းရှင်မဆို စားသုံးသူပေါ်ဝန်ဆောင်မှုပေးခြင်းနှင့်ပတ်သက်သည့် အချက်(၅)ချက်အား ရှင်းလင်းအသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
