သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မိတ္ထီလာမြို့နယ်၊ ဆည်ကုန်းကျေးရွာတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးခြင်း

မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်rမိတ္ထီလာမြို့နယ်၊ ဆည်းကုန်းကျေးရွာတွင်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် ၂၀၂၅ခုနှစ် ၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နံနက်(၁၀၀၀)နာရီချိန်တွင် စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် တာဝန်ခံစိမ်းစိမ်းထွေးမှ စားသုံးသူရေးရာဦးစီးဌာနတွင် လက်ရှိဆောင်ရွက်နေသော စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်း  များနှင့် နစ်နာဆုံးရှုံးမှုများအတွက် ညှိနှိုင်းဖြေရှင်းမှုများလုပ်ဆောင်ရွက်လျှက်ရှိကြောင်း ၂၀၁၉ စားသုံး သူကာကွယ်ရေး ဥပဒေအရစားသုံးသူအခွင့်အရေးများ၊ လိုက်နာရမည့််တာဝန််များအကြောင်း၊ စားသုံး သူအခွင့််အရေး နစ်နာဆုံးရှုံးမှုများအတွက် ဖြေရှင်းပေးမှုမျာအား အကျယ်တဝင့်ဆွေးနွေး ခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကိုဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင် စားသုံးသူ များဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ ပြည်နယ် နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင် ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင် ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်း ဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲတွင် ကျေးရွာနေပြည်သူ စုစုပေါင်း   (၅၂) ဦးတက်ရောက်ခဲ့ပါသည်။ လက်ကမ်းစာစောင် များလည်းဖြန့်ဝေခဲ့ပြီး ဟောပြော ပွဲကိုနံနက် (၁၁၀၀)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

မြင်းခြံမြို့ရှိ ဆိတ်သားခြောက်ကင်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊  မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြင်းခြံမြို့ရှိ MSME လုပ်ငန်းများ ဖွံ့ဖြို့တိုးတက်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဥပဒေများနှင့်အညီထုတ်လုပ်နိုင်စေ ရေးအတွက်  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရှိရာ ( ၂၄.၂. ၂၀၂၅ ) ရက်နေ့၊ နေ့လည် ( ၁၃:၀၀ ) နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် ဝန်ထမ်းများသည် မြင်းခြံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အန်တီနှင်းအမှတ်တံဆိပ် ဆိတ်သားခြောက်ကင်၊ ကြက်သား ခြောက်ကင်၊ ငါးရံ့ခြောက်ကင်နှင့် အာဗြဲခြောက်ကင်လုပ်ငန်းခွင်သို့ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အန်တီနှင်းအမှတ်တံဆိပ်လုပ်ငန်းသည် ယခင်ကနေ့စဉ်ကုန်ကြမ်း(ဆိတ်သား) အချိန် (၁၀၀) ပိဿာ အသုံးပြုရကြောင်း၊  လက်ရှိတွင်ကုန်ကြမ်း (ဆိတ်သား) ရရှိမှုနည်းပါး၍ ၇၀/၈၀ ပိဿာ ခန့်သာလုပ်ကိုင်လျက်ရှိပါကြောင်း၊ အသားခြောက်လှန်းနှင့် အသားခြောက်ထုရာတွင် အမျိုးသား လုပ်သား(၁၀)ဦးခန့်နှင့် အသားကင် ၊ ပါကင်ထည့်လုပ်သားအမျိုးသမီး (၁၅) ဦးဖြင့် နေ့စဉ်လုပ်ကိုင် လျက်ရှိကြောင်း ၊ အသားခြောက်ဗူးများကို (၅)ကျပ်သား၊ (၁၀) ကျပ်သား၊ (၁၅)ကျပ်သား ဖြင့် ထုတ်လုပ်ပြီး တောင်ကြီးမြို့၊ ကလောမြို့ ၊ ရန်ကုန်မြို့ ၊ မိတ္ထီလာမြို့ စသည့်ဒေသများသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။ ခရိုင်ဦးစီးမှူးမှ  MSME လုပ်ငန်းများဖွံ ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သောကုန်ပစ္စည်း များကို သန့်ရှင်းသပ်ရပ်စွာဖြင့်ထုတ်လုပ်၍ ကျန်းမာရေးနှင့်ညီညွတ်ရန် အထူးအလေးထားလုပ် ဆောင်ရမည်ဖြစ်ပါကြောင်း၊ ဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပညာပေး၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

ဆောင်းအကုန်နွေအကူးက ပေါ်ဦးစကြက်သွန်နီဈေး ဈေးမကျ ဈေးအရကို တွေးမျှော်

မြန်မာတစ်နိုင်ငံလုံးမှသည် ပြည်ပတင်ပို့သည့်တိုင် မြင်းခြံကြက်သွန်နီသည် ဈေးကွက်ဝင် သီးနှံတစ်ခုပင်ဖြစ်ပါသည်။ ကြက်သွန်နီကို အင်္ဂလိပ်အမည် Onion ရုက္ခဗေဒအမည် Allium Copa ဖြစ်ပြီး မူရင်းဒေသသည် အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်း ၊ အာဖဂန်နစ္စတန်နှင့်ပါလက်စတိုင်း တို့မှဖြစ်ကြောင်း လေ့လာမှုအရ သိရသည်။ ရန်ကုန်ဈေးကွက်မှာဆို မြင်းခြံစ ၊ မြစ်သားစ ၊ ပခုက္ကူစ ၊ မကွေးစဟူ၍ပင်ရှိပြီး မြင်းခြံကြက်သွန်နီသည် ဈေးတန်းတစ်ခုတွင်ရှိသည်ဟု သိရသည်။ ကြက်သွန်နီ စိုက်ပျိုးမှုတွင် မိုးစိုက် ၊ ဆောင်းစိုက်ရယ်လို့ နှစ်မျိုးရှိပြီး မိုးစိုက်ဆိုလျှင် တော်သလင်းနှင့်ဆောင်းစိုက် ဆိုလျှင် နတ်တော်လဖြစ်ပြီး ရာသီမှန်စိုက်ပျိုးသောကာလလို့ဆို ကြပါကြောင်းသိရသည်။ ဒါကိုမှ လရှေ့ အစောကာလနှင့်လနောက် နောက်ပိုင်းကာများတွင် စိုက်ပျိုးကြသည်များလည်းရှိပါသည်။ တော်နှစ် တော်လို့ပင်ဆိုကြပါသေးသည်။ မိုးစိုက် မိုးကြက်သွန်ကတော့ ဆောင်းကြက်သွန် (နွေပင်လေး) / နွေကြက်သွန်ဘဝတွင် ဖြစ်ထွန်းမှုနည်းတဲ့ဥသေးများကို ရွေးချယ်စုစည်းပြီး မိုးကြက်သွန်မျိုး (ကြမ်းကျွံ) လို့လဲခေါ်ကြကြောင်း  နွေကြက်သွန်ဝယ်ပြီး လှောင်ကြတဲ့အခါမှာ လေဝင်လေထွက် ကောင်းအောင်ချဲထားသည့် ကြမ်းပေါက်ကလေးများမှ ကျွံကျသည့်အတွက် ကြမ်းကျွံလို့ ခေါ်ဆိုကြခြင်း ဖြစ်ပါသည်။ ဒါကိုမှ မိုးကာလ စက်တင်ဘာလနှင့်အောက်တိုဘာလတွင် မိုးကြက်သွန်မျိုးအဖြစ် ဥစိုက် ပိဿာ ၅၀၀ စိုက် ၊ ပိဿာ ၁၀၀၀ စိုက်ဆိုပြီး ဧကအနည်းအများအလိုက် စိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာလနှင့် ဇန္နဝါရီလများတွင် ထွက်ပေါ်ပြီး အထွက် ၃ ဆ ၊ ၄ ဆ   (ပိဿာ ၁၅၀၀ က နေ ၃၀၀၀ ) အကြားထွက်ရှိ ကြကြောင်းသိရသည်။ ဆောင်းကြက်သွန်နီကိုတော့ ပြီးခဲ့သောနွေမှ အရွယ်အစားလှပသော ကြက်သွန် ဥများကို ပင်ခံအဖြစ်ထားရှိပြီး ရရှိသောမျိုးစေ့အနက်စေ့သေးသေးများကို အပင်ပေါက်များရအောင် အနံ ၃ ပေ နဲ့ အလျားကို လိုသလိုအရှည်ထားပြီး သဲ ၊ နုန်းမြေနဲ့နွားချေး သမအောင်ထွန်မွှေပြီး ပျိုးပင် ပေါက်လေးများရရှိအောင် ပျိုးထောင်ပြီးကာမှ စိုက်ပျိုးရန်အသင့်ပြုပြင်ထားသောမြေမှာ ပြောင်းရွှေ့ စိုက်ပျိုးရကြောင်း ကြက်သွန်စိုက်ပျိုးထုတ်လုပ်သူ တောင်သူတစ်ဦးထံမှသိရသည်။ မြင်းခြံခရိုင်အနေဖြင့် ဆောင်းကြက်သွန်နီကို မြင်းခြံမြို့နယ်၌ ၈၆၀၀ ဧက ၊ တောင်သာမြို့နယ်၌ ၉၂၀၄ ဧက ၊ နွားထိုးကြီး မြို့နယ်၌  ၂၃၉၄ ဧက စုစုပေါင်း ၂၀၁၉၈ ဧကစိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနမှသိရသည်။ တစ်ဧကထုတ်လုပ်မှု မျိုးသွင်းအားစု ၊ မြေပြုပြင်လုပ်သားခအပါအဝင် စုစုပေါင်း ငွေကျပ် ၃၅ သိန်းခန့် ကုန်ကျစရိတ်ရှိကြောင်းသိရသည်။ မကြာသောကာလတွင် မိုးအပြီး နွေကြက်သွန် များ တစ်ဖန်ထွက်ပေါ်လာတော့မည်ဖြစ်သည့်အတွက် လာမည့်အရေးတွေးဆလို့ ဈေးမကျ ဈေးအရကို တောင်သူများ တွေးမျှော်နေကြကြောင်း စုစည်းရေးသားလိုက်ရပါသည်။

DOCA(မန္တလေး)

Online Sale မှတ်ပုံတင်လက်မှတ်ထုတ်ပေးနိုင်ရေးမြေပြင်ကွင်းဆင်းစစ်ဆေး

   Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းအား ၂၁-၇-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစ၍    Online Sale မှတ်ပုံတင်လက်မှတ် လျှောက်ထားလာမှုများအား  မြေပြင်ကွင်းဆင်း စစ်ဆေး၍ လျှောက်ထားသည့့််အချက်အလက်များနှင့်  မြေပြင်တွင် အမှန်တကယ် ကိုက်ညီမှုရှိမှသာလျှင် မှတ်ပုံတင်လက်မှတ်ထုတ်ပေးမည်ဖြစ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မေသက်ထွန်း၊ ဦးမျိုးထွန်း ၊ ဦးတင်ချစ်ကောင်း နှင့် ဒေါ်မြင့်မာလာဝင်း တို့သည် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ (၁၄-၂-၂၀၂၅)၊ (၁၉-၂-၂၀၂၅ )နှင့် (၂၀-၂-၂၀၂၅ ) ရက်နေ့တို့တွင် မန္တလေးမြို့ပေါ်ရှိ Online Sale မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ  ဖြစ်သည့် WahWah Online Busciness ၊ ROYAL AURORA GEMS& JEWELRY၊ THE PERFECT DIAMOND ၊ Zambu Diut ၊ B2G Mobile Accessories ၊ JOB COMET COMPANY LIMITED ၊ Lithium Battery ၊ Nyein Lay ၊ Yin Phyo Wai ၊ Htet Yadanar Online Shop ၊ Yadanar Moe Clothing Store ၊ Japan Crazy Online Shop ၊ Nora Bags Retail & Wholesale ၊ Win Win Organic ၊ Zabu Htate Tan Gold Shop ၊ Cele ၊ T Group ၊ Y2A-Clothing ၊ Joy Detox & Healthy Meal ၊Eait Yadanar Gems & Jewelry ၊V's Collection ၊Ma Yin Yin စသည့် (၂၂) ဆိုင်တို့မှ လျှောက်ထားသည့် ကုန်စည်များဖြစ်သည့် လက်ဝတ်ရတနာပစ္စည်းများ၊ ဖန်စီ ပစ္စည်းများ၊အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင် ပစ္စည်းများ၊ ကျန်းမာရေးဝန်ဆောင်မှု၊  FDA မှ အတည်ပြုထားသည့် ဆေးဝါး၊ ဖြည့်စွက်စာများ၊ ကုသရေးသုံး ပစ္စည်းများ၊အလှကုန်များနှင့့််လူသုံးကုန်များစသည့်လုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ 

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊  ဇန်နဝါရီလ (၁) ရက်နေ့မှ(၂၄-၂-၂၀၂၅)ရက်နေ့ အထိ   Online Sale မှတ်ပုံတင်လျှောက်ထားသည့်   မြေပြင်စစ်ဆေးရမည့် လုပ်ငန်း (၉၈ )ခုရှိရာ Online Sale မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများဖြစ်သည့် လက်ဝတ်ရတနာပစ္စည်းများ၊ ဖန်စီပစ္စည်းများ ၊ ကလေးအသုံးအဆောင်ပစ္စည်းများ ၊ အထည်အလိပ် ၊ အဝတ်အထည်နှင့်ဆက်စပ် ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ ၊ အလှကုန်များ ၊ လူသုံးကုန်များ ၊ လက်မှုပစ္စည်းများ၊ အခြားသုံးပစ္စည်းများနှင့် FDA မှအတည်ပြုထားသည့်ဆေးဝါးဖြည့်စွက်စာများ၊ ကုသရေးသုံးပစ္စည်းများ ရောင်းချသည့် လုပ်ငန်း (၉၁) ခုအား မြေပြင်စစ်ဆေးခဲ့ပြီး တင်ပြဆောင်ရွက်လျှက်ရှိကြောင်းနှင့် စစ်ဆေးရန် ကျန်ရှိနေသော Online Sale မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများအား ဆက်လက်၍ မြေပြင်စစ်ဆေးသွားမည်ဖြစ်ကြောင်း  သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

လေးမျက်နှာမြို့ပေါ်ရပ်ကွက်ရှိ စားအုန်းဆီ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည်( ၂၅.၂.၂၀၂၅ )ရက်နေ့ ၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လေးမျက်နှာမြို့ပေါ်ရပ်ကွက်ရှိစားအုန်း ဆီရောင်းချနေသောဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ပူးပေါင်းအဖွဲ့သည် ဟင်္သာတခရိုင် ဆီထုတ်လက်ကား ကိုယ်စား လှယ်များမှတစ်ဆင့် လေးမျက်နှာမြို့နယ်အတွက် ခွဲတမ်းရရှိသော စားအုန်းဆီများအား ဆီကိုယ်စား လှယ် များမှတစ်ဆင့် လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိပြီး၊ ထိုသို့ရောင်းချရာတွင်လည်းအဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ရောင်းချမှုမရှိကြောင်း၊ရောင်းချမှုလက်ခံဘောက်ချာများထားရှိခြင်း၊သတ်မှတ် ရည်ညွှန်းဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်းသိရှိရပြီး ဇလွန်မြို့ပေါ်ရှိ စားအုန်းဆီ ရောင်းချနေသော အရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့နယ်တွင် ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များ သို့အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့အား ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှ ဝယ်ယူရကြောင်း၊ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုမရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

၂၆-၂-၂၀၂၅

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နေ့လည် ၁၃:၀၀ နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ စားအုန်းဆီလက်ကား ကိုယ်စားလှယ် (၈)ဦးအနက် စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ လင်းလင်းဆီဆိုင်နှင့် ဦးထွန်းရွှေဆီဆိုင်များ၏ ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ရာ ဆီဆိုင်တစ်ဆိုင်အနေဖြင့် ဥပုဒ်နေ့မှအပ ကျန်နေ့များတွင်တစ်ရက်လျှင် ရပ်ကွက်/ ကျေးရွာ တစ်ခုစီရှိ အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းနှင့် ရောင်းချပေးလျက်ရှိရာ ယနေ့တွင် လင်းလင်းဆီဆိုင်အနေဖြင့် အာလောင်ကျေးရွာသို့လည်းကောင်း၊ ဦးထွန်းရွှေဆီဆိုင်အနေဖြင့် လက်ပန် ကျေးရွာသို့လည်းကောင်း တစ်ပိဿာလျှင် (၇၉၅ဝိ/-)နှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး ဌာနဆိုင်ရာ ဝန်ထမ်းများကို တစ်ဦးလျှင် နှစ်ပိဿာနှုန်းဖြင့် တစ်ပိဿာလျှင် (၇၉၅ဝိ/-)နှုန်းဖြင့် တနင်္လာနေ့မှ သောကြာနေ့ထိ အလှည့်ကျဖြန့်ဖြူး ရောင်းချလျက်ရှိပြီး လက်လီဆိုင်များသို့လည်း ရောင်းချပေးလျက် ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံ ဆွေးနွေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်စီမံချက်များပြည့်မီအောင် ဆောင်ရွက်လျက်ရှိရာ (၂၅.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် ရွှေဘိုမြို၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုဇုန်ရှိ ဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက ပြည်တွင်းဒေသထွက် စားသုံးဆန်များအား သင့်တင့် မျှတသောဈေးနှုန်းဖြင့်ရောင်းချရေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနက ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလအတွက် ဆန်အမျိုးအစားအလိုက် သင့်တင့်မျှတသော ဈေးကွက်၊ ဈေးနှုန်းထုတ်ပြန်ချက်(ဆန်ရည်ညွှန်းဈေးနှုန်းများ)ကို သိရှိလိုက်နာဆောင်ရွက်ရန်၊ ပြည်တွင်း ဆန်ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ် မှန်စွာဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ သတင်းထုတ်ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် အသိပညာပေးခဲ့ပြီး ဆန်လက်ကျန်အခြေအနေ၊ ရောင်းချသည့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်မရောက်မီကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်မရောက်မီကုန်စည်နှင့် ဈေးကွက်ရောက်ပြီးကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊  စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၂၅.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ (ရှယ်ကစ်) အသားခြောက်မျိုစုံထုတ်လုပ်သည့် အလုပ်ရုံအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

             ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက ဆိတ်သားခြောက်၊ အမဲသား ခြောက်အမျိုးမျိုး နေ့စဉ်ထုတ်လုပ်မှု၊ ကုန်ကြမ်းရရှိမှု၊ ဈေးနှုန်း၊ ဈေးကွက်နှင့် လုပ်သားဌားရမ်းမှု အခြေအနေများကို မေးမြန်းဆွေးနွေးပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ အကြောင်းများ၊ အသားနှင့်အသားထွက် ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊  ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့် အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ် မေးမြန်းနိုင်သည့်အကြောင်းများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်း နှင့်ပတ်သက်၍ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဂန့်ဂေါ်မြို့ပေါ်ရှိ “ရွှေလျှံငွေလျှံ” ငှက်ပျောကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

            မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၅.၂.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင်   စီးပွားရေးလုပ်ငန်းရှင်များထုတ်လုပ်သော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်လာစေရန်အတွက် ဂန့်ဂေါမြို့၊ မြောက်ကုန်း ရပ်ကွက်ရှိ  “ရွှေလျှံငွေလျှံ” ငှက်ပျောကြော် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်ထံသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          ဒုတိယဦးစီးမှူးမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်းရှိ  မိမိတို့ ထုတ်ကုန် များမှာ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များ အပေါ်  ယုံကြည်မှုများရရှိလာပြီး အကျိုးစီးပွားများပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထား နိုင်ပါကြောင်းနှင့် ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်တို့ကို ပြုလုပ်ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန် အညွှန်းအမှတ်အသားများပြည့်စုံမှုမရှိသည့် ကုန်စည်များကိုတွေ့ရှိလာပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ကြစေလိုကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ