သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ “စိန်ကြည်” ခေါက်ဆွဲစက်ရုံလုပ်သားများ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လယ် (၁၅း၀၀)အချိန်တွင် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ “စိန်ကြည်”  ခေါက်ဆွဲစက်ရုံလုပ်သား စုစုပေါင်း (၄၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ပွဲများ ပြုလုပ်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံအကြောင်း ပြောကြားပြီး   စားသုံးသူကာကွယ်ရေး ဥပဒေကို  ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက် နေ့က ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ ၈၄ ခု ပါဝင် ပါကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ ပြီးဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၉) ပုဒ်မ(၁၉)နှင့်ပုဒ်မ (၂၀) တွင် ပြဌာန်း ထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များကို ရှင်းလင်း ပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ သိသာထင်ရှားစွာ ဖော်ပြမည့် အချက်(၈) ကို အသေးစိတ်ရှင်းလင်း ပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသား ဖော်ပြရမည် ဖြစ်ကြောင်း၊ပုဒ်မ(၄၃)ပါပြဌာန်းချက်နှင့်ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ် ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၇)နှင့် ပုဒ်မ(၆၈)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့်ဥပဒေတစ်ခု ဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင် ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website လိပ်စာမှာ www.doca.gov.mm တို့ဖြင့် ဖြစ်စေ၊  Call Center နံပါတ် 1535 တို့ဖြင့် ဖြစ်‌စေ၊ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး ပန်းဖလက်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဒေးဒရဲမြို့နယ်  ဂွေးကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)၌ လူငယ်ရေး ရာ အသိပညာပေးဟောပြောပွဲကျင်းပ

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ  အသိပညာ ဗဟုသုတများ တိုးပွားစေရေး၊ စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရန် ရည်ရွယ်၍   လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို စက်တင်ဘာလ( ၁၂)ရက်နေ့ မွန်းလွဲ (၂)နာရီခွဲက ဂွေးကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ  ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်းသိရသည်။
        အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ ဗလငါးတန်ပြည့်စုံ၍ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့် ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှု့သည့် အလေ့အကျင့်ကောင်း များရရှိစေရန်၊ အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှု၍ အချိန်ကိုအကျိုးစွာ အသုံးချနိုင် စေရေး၊ စာအုပ်စာပေလေ့လာခြင်းအားဖြင့် အသိဉာဏ်ပညာဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့် မိမိလူမျိုးကိုအကျိုးပြုနိုင်မည့်လူငယ်များဖြစ်ပေါ်လာစေရေးအတွက်  အခြေခံပညာကျောင်းများအရောက် ကွင်းဆင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေမှုအားရှင်းလင်းဆွေးနွေးခဲ့ပြီးလူငယ်နှင့် ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူ များအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။

(Doca ဧရာဝတီ)

ဒေးဒရဲမြို့၌ အွန်လိုင်းလိမ်လည်မှုဖြစ်စဉ်များ မဖြစ်ပွားစေရေး အသိပညာပေး ဟောပြော

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အွန်လိုင်းလိမ်လည်မှုဖြစ်စဉ်များ မဖြစ်ပွားစေရေးနှင့် ကြိုတင်သတိထား ဆောင်ရွက်ရမည့် နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ကျောင်းအခြေပြု အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ ၉ရက်နေ့ နံနက် (၁၁) နာရီက အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
       အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး  အတွင်းရေးမှူး ရဲမှူးပိုထွန်းက ယနေ့ခေတ် နည်းပညာများ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားလျက်ရှိသဖြင့် ကြိုတင်သတိထားလိုက်နာရမည့် အချက်များ ဆွေးနွေးဟောပြောခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်သား၊ ကျောင်းသူများ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့်  မူးယစ်ဆေးဝါး အန္တရာယ်များအကြောင်း အသိပညာပေး ဟောပြောခြင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်စိုးက အင်တာနက်အွန်လိုင်းအသုံးပြု၍ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံမှ ငွေကြေးနှင့် အချက်အလက်များ လိမ်လည်လှည့်ဖြားရယူခြင်းများ၊ အင်တာနက်အွန်လိုင်း အသုံးပြု၍ လောင်းကစားမှု၊ လိမ်လည်မှုများအား ကျောင်းသား၊ ကျောင်းသူများ သတိပြုဆင်ခြင်နိုင်ရေး အသိပညာပေး ဟောပြောခြင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းလှိုင်က အိမ်နီးချင်းနိုင်ငံများ၌ ဆောင်ရွက်လျက်ရှိသည့် ဆက်သွယ်ရေး လိမ်လည်မှု တိုက်ဖျက်ရေး ဆိုင်ရာ (Video Click)အား ပြသရှင်းလင်းခြင်းနှင့် အွန်လိုင်းလိမ်လည်မှုများကြောင့် ကျခံရမည့် ပြစ်ဒဏ်များအား အသိပညာပေး ဟောပြောခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

 

ဒေးဒရဲမြို့၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်  အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

                ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊‌ ဒေးဒရဲမြို့နယ်၊  အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၏  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား အခြေခံပညာ အထက်တန်း၊ အလယ်တန်းအဆင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၈ရက်နေ့နံနက်ပိုင်းကမြို့နယ်အားကစားခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
      အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများ၊ အားကစားသမားများနှင့် အခမ်းအနား တက်ရောက်လာကြသူများကနိုင်ငံတော်အလံအလေးပြုခြင်းနှင့် အားကစားသမားများက သစ္စာ အဓိဋ္ဌာန်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာမြင့်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းဟောပြောခြင်း၊  မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးတင်မျိုးလွင်က  ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများ ရှင်းလင်းဆွေး နွေးခဲ့ကြောင်းသတင်းရရှိပါသည်။

(Doca ဧရာဝတီ)

 

ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပ

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre)ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ကို သိရှိလိုက်နာနိုင်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲနှင့် မူလတန်းအဆင့်ဉာဏ်စွမ်းရည်ပြိုင်ပွဲများကို စက်တင်ဘာလ ၈ရက်နေ့ နံနက်(၁၁)နာရီကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
        အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတများ တိုးပွားရရှိစေရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ ကျောင်းသင်ခန်းစာအပြင် စာပေဗဟုသုတ ပြည့်စုံနိုင်စေရေးနှင့် နှုတ်မှုစွမ်းရည် တိုးတက်စေရေးတို့အတွက် ဟောပြော ပွဲများ၊ ပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့က ဒုတိယတပ်ကြပ်ကိုကိုဇော်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် လိုက်နာရမည့်အချက်များကိုအသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

(Doca ဧရာဝတီ)

ဒေးဒရဲမြို့နယ်၌ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းစိစစ်မှုများအား ကြည့်ရှုအားပေး

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြေပြင်လူဦးရေစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ လူဦးရေစာရင်း မှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်း စာရင်းစိစစ်မှုများအား တစ်မြို့နယ်လုံးအတိုင်းအတာဖြင့်  ဆောက်ရွက်လျက်ရှိရာ စက်တင်ဘာ လ ၈ ရက်နေ့၊ နံနက်ပိုင်းက အမှတ် (၂) ရပ်ကွက်၌ မြေပြင်ကွင်းဆင်းဆောင်ရွက် လျက်ရှိသည့်လုပ်ငန်းများအား တာဝန်ရှိသူများကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
       အဆိုပါမြေပြင်လူဦးရေစာရင်းကွင်းဆင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်တာဝန်ရှိသူများကအိမ်ထောင်စု အမှတ်စဉ်နှင့် မိသားစုအမှတ်စဥ်များကို နေရပ်လိပ်စာအတိုင်း၊ နေထိုင်ခြင်း ရှိ/မရှိ၊ စာရင်းပြုစုခြင်း၊ သေဆုံးစာရင်းများ အတည်ပြုခြင်း၊ စာရင်းရှိသော်လည်း မြေပြင်တွင် နေထိုင်မှုမရှိသူများနှင့် စာရင်းမရှိ နေထိုင်သူများ စာရင်းပြုခြင်း၊ မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ခြင်း မရှိသူများ၊ အိမ်ထောင်စုစာရင်း မရှိသူများအား စိစစ်၍ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်တစ်ခုခု ရရှိစေရေးတို့ကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်း များအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်ချက်များကို ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(Doca ဧရာဝတီ)

ဈေးကွက်မရောက်မီကုန်စည်များဖြစ်သော “ပြည့်ပြည့်ဝင်း”အမှတ်တံဆိတ် လက်ဖက်နှင့် အကြော်စုံ လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်မရောက်မီကုန်စည်ဖြစ်သော ဖျာပုံမြို့၊ နေသူရိန်လမ်းရှိ  “ပြည့်ပြည့်ဝင်း” အမှတ်တံဆိပ် လက်ဖက်နှင့် အကြော်စုံအား ဘေးအန္တရာယ်ရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

         အဆိုပါစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့် အချက်များပါဝင်မှုရှိ/ မရှိ ကြည့်ရှုစစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရးဥပဒေပါပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ရန်၊ စားသုံးသူပြည်သူများအား အန္တရာယ်မဖြစ်ပေါ်ရေး၊ ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာ စာသားများဖော်ပြပါရှိရေး၊ သက်တမ်းကုန်ဆုံးရက်များထည့်သွင်းရေးသားရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာ ဝန်ကြီး ဒေးဒရဲမြို့၌ မြေပြင်လူဦးရေ စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း  မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ(၅)ရက်နေ့၊နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊သယံဇာတရေးရာ ဝန်ကြီး ဦးအုန်းမြင့် နှင့် တာဝန်ရှိသူများက အုန်းပင်ကျေးရွာအတွင်း မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေးခြင်း လုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
          ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့် တာဝန်ရှိသူများသည် ဖျာပုံခရိုင်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ဖျာပုံခရိုင်  စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များနှင့်အတူ   အုန်းပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  e-ID  Server အတွင်းရှိ အသက်(၁၈) နှစ်နှင့်အထက် လူဦးရေစာရင်းကို ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် မြေပြင်တွင် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများအားကြည့်ရှုစစ်ဆေးရာ နေအိမ်များအရောက် ပုံစံ(၆၆/၆)ရှိ အသက် (၁၈) နှစ်နှင့် အထက် လူဦးရေစာရင်း၊ အိမ်ထောင်စုအမှတ်စဉ်နှင့် မိသားစုအမှတ်စဉ် များကို နေရပ်လိပ်စာအတိုင်း နေထိုင်ခြင်းရှိ/ မရှိ စာရင်းပြုစုခြင်း၊ သေဆုံးခြင်း စာရင်းများ အတည်ပြုခြင်း၊စာရင်းရှိသော်လည်း မြေပြင်တွင် နေထိုင်မှုမရှိသူများနှင့် စာရင်းမရှိနေထိုင်သူများ စာရင်းပြုစုခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

(Doca ဧရာဝတီ)

ဒေးဒရဲမြို့နယ် မူလတန်းကြိုကျောင်း၌ ကျောင်းတွင်းဉာဏ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲ ကျင်းပ

                 ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှုဖြင့် ဒေးဒရဲမူလတန်းကြိုကျောင်း၌ ကလေးငယ်များ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်စေရန်နှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  ကျောင်းတွင်းဉာဏ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးအပ် ပွဲအခမ်းအနားကိုစက်တင်ဘာလ(၂၀)ရက်နေ့နံနက်(၉)နာရီက ဒေးဒရဲ မူလတန်းကြိုကျောင်း၌ ကျင်းပရာ  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်၊ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်မူမူထွန်း၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်သား၊ ကျောင်းသူများနှင့် မိဘများတက်ရောက်ခဲ့သည်။
          အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က ကလေးများ ကာယဥာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာ ဌာနများပူးပေါင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများရှင်းလင်းဟောပြောခဲ့သည်။  ဆက်လက်၍ ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပခဲ့ရာ မူလတန်းကြို ကျောင်းသား၊ ကျောင်းသူ များက တစ်ဦးချင်း ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ နှင့် အဖွဲ့လိုက် သီချင်းဆိုပြိုင်ပွဲများကို တပျော်တပါးပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
         ပြိုင်ပွဲအပြီးတွင် ဆုရရှိသူများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်၊  ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုး ဒေါ်မူမူထွန်း၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နီနီမြင့်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

(Doca ဧရာဝတီ)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၌ စားအုန်းဆီဖြန့်ဖြူး ရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဝင်  ဝန်ထမ်းများအား ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ရှင်းလင်းဆွေးနွေး

 

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချမှုလုပ်ငန်းများကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး မူဝါဒများချမှတ်နိုင်ရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် လိုအပ်သည့်အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍  ၂၄-၉-၂၀၂၅ ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့် စားသုံးဆီဖြန့်ဖြူးရောင်း ချမှုကြီးကြပ်ရေး ကော်မတီ ဥက္ကဌ၊ စီးပွားရေးရာဝန်ကြီးမှ ညွှန်ကြားချက်အား  စားအုန်း ဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဝင် (ဌာနပေါင်းစုံ)မှ အရာထမ်း၊ အမှုထမ်း(၂၆)ဦး နှင့် ဝန်ထမ်းများအား တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

         တိုင်းဒေသကြီးဦးစီးမှူးက ဆွေးနွေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ မှတာဝန် ပေးအပ်ထားသည့် ဈေးကားကြီးကြပ်ရေးအဖွဲ့များက သတ်မှတ်ထာသည့် အရေအတွက်အတိုင်း မှန်ကန်စွာရောင်းချရန်၊ ဈေးနှုန်းမှန်မှန်ကန်ကန် ရောင်းချနိုင်ရေး ဆောင်ရွက်ရန်၊  ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိဘဲ သတ်မှတ်ပေးထားသည့် ဒေသရည်ညွှန်း ဈေးနှုန်းအတိုင်းရောင်းချရန်၊ အလေးထား ဆောင်ရွက်စေလိုကြောင်း၊ မုံရွာမြို့ပေါ်ရှိ (၃၁)ရပ်ကွက်မှ ပြည်သူများလက်ဝယ်ထံသို့ အမှန် တကယ်ရောက်ရှိစေရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဈေးကားကြီးကြပ်သည့်အဖွဲ့ဝင်များက နေ့စဉ် ရောင်းချသည့် ရပ်ကွက်၊ လမ်း၊ အိမ်ထောင်စုအရေအတွက် တိတိကျကျဖော်ပြပေးရန်၊ စားအုန်းဆီများဖြန့်ဖြူး ရောင်းချမှုများအား ကြီးကြပ်ရာတွင် အခက်အခဲများရှိပါက လုံခြုံရေးအဖွဲ့အား အကူအညီ တောင်းခံနိုင်ပါကြောင်း၊ မုံရွာမြို့ပေါ်တွင် ရောင်းချလျက်ရှိသော စားသုံးဆီ လက်လီ၊ လက်ကား ဆိုင်များကိုကြီးကြပ်စစ်ဆေးရာတွင်လည်း  မှန်(၆)မှန်ဖြင့် စစ်ဆေးရန်နှင့် ရပ်ကွက်အလိုက် စားသုံးဆီအရောင်းဆိုင်များကို စာအုပ်စနစ်ဖြင့် ရောင်းချနိုင်ရေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် တက်ရောက်လာသူများက ဆွေးနွေးလိုသည်များရှိပါက ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများမှလည်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချမှု ရှိစေရေး၊ သတ်မှတ်ထားသည့် အရေအတွက် အတိုင်း တိကျမှန်ကန်စွာ ရောင်းချစေရေး၊ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးကြပြီး အစည်းအဝေးကို (၁၆:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ