သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲဒုတာဝန်ခံသည် heathy life ပန်းကန်ဆေးဆပ်ပြာဆီ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲဒုတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၂၆..၂၀၂ ရက်နေ့တွင် heathy life ပန်းကန်ဆေးဆပ်ပြာဆီ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲဒုတိယတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ရေကြည်မြို့နယ်စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း

              (၂၀.၉.၂၅) ရက်နေ့၊ နံနက် (၇:၀၀) အချိန်တွင်၊ ရေကြည်မြို့နယ်၊ မြို့မရပ်ကွက် ဗထူးအောင်ဆန်းလမ်း  ထူပါရုံဘုရားကျောင်းရှေ့ လမ်းဘေးဝဲယာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA (ဧရာဝတီ)

 

 

ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်သက်တမ်းတိုးခြင်း လုပ်ဆောင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

     ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်သက်တမ်းကျော်လွန်မှု မရှိစေရေး သက်တမ်းတိုးနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့မှ (၂၆.၉.၂၀၂၅) ရက်နေ့ ညနေပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

    ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဦးဇင်ကိုလတ်၊ ဦးမင်းစိုးဦး၊ ဦးဆန်ဝင်း၊ ဦးမောင်မောင်၊ ဦးသက်လွင်တို့နှင့် တွေ့ဆုံ၍ ဆန်စပါးသိုလှောင်ရုံများ တစ်နှစ်လျှင်တစ်ကြိမ် သက်တမ်းတိုးရန်၊ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများကိုလည်း လစဥ် လဆန်း (၁) ရက်မှ (၇) ရက်အတွင်း ပုံမှန်ထည့်သွင်းကြရန်နှင့် ဆန်စပါး စျေးနှုန်း တည်ငြိမ်ရေး၊ ဆန်စျေးနှုန်းများ မြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ရေကြည်မြို့နယ်တွင် စားသောက်ကုန်လုပ်ငန်းများအား ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ရေကြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း၍ အောင်ဆန်းရပ်ကွက် (၉)လမ်းရှိ ကောင်းဆက် ငှက်ပျော်ကြော်လုပ်ငန်းသည် အမှန်တကယ်လုပ်ကိုင်ခြင်းရှိ/မရှိ၊ စက်မှုလုပ်ငန်းသုံး ဆီများကို အမှန်တကယ်သုံးစွဲမှုရှိ/မရှိ၊ မုန့်ပြုလုပ်ရာတွင် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိ/မရှိ၊ အသုံးပြုသော ရေသန့်ရှင်းမှု ရှိ/မရှိ တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA (ဧရာဝတီ

ရေကြည်မြို့နယ်တွင် ငှက်ပျော်ကြော်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း

              ရေကြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၂၂.၉.၂၅) ရက်နေ့တွင် ရေကြည်မြို့နယ်၊ အောင်ဆန်းရပ်ကွက်(၉) လမ်းရှိ ကောင်းဆက်ငှက်ပျော်ကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် စက်မှုလုပ်ငန်းသုံးဆီခွဲတမ်းများ အမှန်တကယ်သုံးစွဲမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါရှိစေရေးနှင့် ကုန်ကြမ်းရရှိမှုနှင့် ဈေးကွက် အခြေအနေ များကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA (ဧရာဝတီ)

 

ရေကြည်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား သက်သာသော ဈေးနှုူန်းဖြင့် ဆီနှင့် ကြက်ဥများရောင်းချပေးခြင်း

               ရေကြည်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်တွင် သက်သာ သော ဈေးနှုန်းဖြင့် စားအုန်းဆီနှင့် ကြက်ဥများကို (၂၂.၉.၂၅) ရက်နေ့တွင် ရောင်းချပေးခဲ့ပါသည်။

          ထိုသို့ရောင်းချရာတွင် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် စားအုန်းဆီ တစ်ပိဿာလျှင် (၃၆၀၀) ကျပ်နှင့် ပိဿာ (၂၀၀၀) ၊ ကြက်ဥ တစ်လုံးလျှင် (၃၅၀) ကျပ်ဖြင့်၊ အလုံး (၅၀၀) တို့အား ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA (ဧရာဝတီ)

ညောင်တုန်းမြို့နယ် သခွတ်ချောင်းကျေးရွာ ဆန်စက်လုပ်သားများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အောင်မြင်စွာကျင်းပပြီးစီး

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင် နှင့် ဝန်ထမ်းများသည် (၂..၂၀၂) ရက်နေ့ နေ့လည် (၁၃၀၀) မှ (၁၃၄၅) နာရီအချိန်ထိ စားသုံးသူ ကာကွယ် ရေးအသိပညာပေး ဟောပြောပွဲကို ဌာနဆိုင်ရာ မိတ်ဖက် ဌာနများဖြစ်သော ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပါဝင်ပြီး ညောင်တုန်းမြို့နယ် သခွတ်ချောင်းကျေးရွာ ခွန်အားဆန်စက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

         ဟောပြောပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ် ပေးရေးဥပဒေများအကြောင်း၊ စားသုံးသူအခွင့်အရေးများအကြောင်း၊  ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအကြောင်းဟောပြောခဲ့ပါသည်။

        ဆက်လက်၍ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများနစ်နာမှု ရှိလာပါကအရေးဆို တိုင်ကြားနိုင်သည့် Call Center 1535 သို့ ဆက်သွယ် မေးမြန်း တိုင်ကြား နိုင်ပြီဖြစ်ကြောင်း၊ စားသုံးသူ များသာမက ကုန်စည်၊ ဝန်ဆောင်မှု ထုတ်လုပ်ဖြန်းဖြူးရောင်းချနေသော လုပ်ငန်းရှင်များပါ စားသုံးသူကာ ကွယ်ရေးကိစ္စရပ်များနှင့် ပတ်သက်၍  သိရှိလိုသည်များကို မည်သူမဆို Call Center 1535  မေးမြန်း နိုင်ပါ ကြောင်း၊ အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ စားသုံးသူကာကွယ်ပေးရေးနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ဦးစီးမှူးမှ အကျယ်တဝင့်ရှင်းလင်း ဖြေကြား ပြီး လက်ကမ်းစာ စောင် များဖြန့်ဝေခဲ့ကြောင်း နှင့် ဟောပြောပွဲသို့ ဆန်စက်လုပ်သား (၂၅) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရ ရှိပါသည်။

DOCA(ဧရာဝတီ)

ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့ပေါ်ရှိ စားအုန်းဆီရောင်းချပေးနေမှုအား မြေပြင်ကွင်းဆင်းစစ်ဆေး

      ၂၉.၉.၂၀၂၅ ရက်နေ့ နံနက် (၀၇း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်များ၌ စားအုန်းဆီ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင် (၉)ဆိုင်သို့ စားအုန်းဆီရောင်းချပေးနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်နေရာတွင် ရောင်းချခြင်း ရှိ/မရှိ၊ စျေးနှုန်း မှန်ကန်မှု ရှိ/မရှိ၊ အရေအတွက်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ချိန်အတွင်းရောင်းချခြင်း ရှိ/ မရှိ၊ ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ တို့အား ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မအူပင်မြို့နယ် ဆီစက်လုပ်ငန်း ထုတ်လုပ်လည်ပတ်မှုအခြေအနေ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် လေ့လာ စစ်ဆေး

              စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ပူးပေါင်းအဖွဲ့ဖြစ်သော စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ပူးပေါင်း၍ (၂၂..၂၀၂) ရက်နေ့ နေ့လည် (၁)နာရီ အချိန်တွင် မအူပင်မြို့နယ် ရွှေတောင်ပေါ်ကျေးရွာရှိ၊ ဆီစက်ပိုင်ရှင်များဖြစ်သော ဦးမြင့်ဦးနှင့် ဦးအေးလွင် တို့၏ ဆီစက် လုပ်ငန်းသို့ သွားရောက်၍ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ ကွင်းဆင်းလေ့လာဆောင်ရွက်မှုတွင် ဆီကြိတ်ခွဲမှု နေ့၊ ည လည်ပတ်နိုင်မှု အခြေအနေ၊ ဆီကုန်ကြမ်းများဖြစ်သော နေကြာနှင့် မြေပဲများရရှိနိုင်မှု၊ ဈေးကွက်၊ ဈေးနှုန်းတွက်ချေကိုက်မှုနှင့် ဆီဖြန့်ဝေ ရောင်းချနိုင်မှု အခြေအနေများ၊ စားသုံးသူကာကွယ်ပေးရေးဥပဒေပါ ထုတ်လုပ်သောကုန်စည်တွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြထားရှိမှုအခြေအနေ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အခြေအနေများကို စစ်ဆေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ပေးရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်ရှိ စားအုန်းဆီလက်လီလက္ကားကိုယ်စားလှယ်များအား ဆီရောင်းချရာတွင် သတ်မှတ်စည်းကမ်းများနှင့်အညီရောင်းချနိုင်ရေးကို အသိပညာပေး

         (၂၀.၉.၂၀၂၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်  ပန်းတနော်မြို့နယ်ရှိ စားအုန်းဆီလက်လီလက္ကားကိုယ်စားလှယ်များအား ဆီရောင်းချရာတွင် သတ်မှတ်စည်းကမ်းများနှင့်အညီရောင်းချနိုင်ရေးကို ပန်းတနော်မြို့နယ် တာဝန်ခံရုံးတွင် အသိပေးပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

        ပြောကြားဆွေးနွေးရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦး‌ဇော်မင်းက ပန်းတနော် စားအုန်းဆီ လက္ကားလက်လီဖြန့်ဖြူးသည့် ကိုယ်စားလှယ်များအား နေ့စည် ရောင်းချပေးသည့် ဆီရောင်းချမှုစာရင်းများ မှန်ကန်မှုရှိစေရေး၊ ဖြန့်ဖြူးသည့်စားအုန်းဆီများအား စားသုံးသူများထံသို့ မှန်ကန်ပြည့်ဝစွာ ရောက်ရှိစေရေး၊ ဆီအုန်းဆီထုတ်ယူခွင့် ဆီစာအုပ်များဖြင့်ဖြန်ဖြူးရောင်းချရာတွင် အဆင်ပြေချောမွေ့စွာရောင်းချစေရေး၊ သတ်မှတ်ထားသည့်ဒေသစျေးနှုန်းများဖြင့်ရောင်းချမှုရှိစေရေး၊ ရရှိသောစားအုန်းဆီခွဲတမ်းများအား သိုလှောင်ထားမှုမရှိဘဲ အပြည့်အဝရောင်းချစေရေး၊ အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့ ကိုအသိပညာပေးပြောကြားခဲ့ပြီး သတ်မှတ်စည်ကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး ဆီရောင်းချသူ လက်ကား/ လက်လီ လုပ်ငန်းရှင် ၂၅ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ