သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည်‌ ဆေးနှင့်ဆေး ပစ္စည်းများအား လက်ကားဈေးပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီ ရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ခရိုင်အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စစ်ကိုင်း မြို့ ရွှေမင်းဝံရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များဖြစ်သော JS နှင့် ပြည့်စုံဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် JS နှင့် ပြည့်စုံ ဆေးဆိုင်များအနေဖြင့် ကုမ္ပဏီများမှ ခွဲတမ်း ရရှိမှုအပေါ်မူတည်၍ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထိ အမြတ်တင် ရောင်းချခြင်းများရှိ သလို ဆေးကဒ်တစ်ကဒ်အား ၁၀ဝိ/- မှ ၂၀ဝိ/- ထိ အရေအတွက်ပေါ်မူတည်၍သာ အမြတ်ယူရောင်းချကြကြောင်း၊ ကုမ္ပဏီများထံမှဝယ်ယူရသည့် ဈေးနှုန်းအပေါ်အခြေပြု၍ ဈေးနှုန်းအပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ဆေးအရောင်းဆိုင် ပိုင်ရှင်များအနေဖြင့် တရားဝင်ဆေးဝါးမှတ်ပုံတင် လျှောက်ထားရရှိပြီးသော ဆေးဝါးများကို တင်သွင်းဖြန့်ဖြူးရောင်းချရန်နှင့် ဆေးနှင့်ဆေးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ATOM ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍအား စစ်ဆေးအသိပညာပေးခြင်းဆောင်ရွက်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများအပြင် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၂၀.၁၁.၂၀၂၅)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက် ရှိ ATOM ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူများအား စစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက ဆက်သွယ်ရေး ဝန်ဆောင်မှုကဏ္ဍသည် စားသုံးသူပြည်သူများ၏ နေ့စဉ်ဆောင်ရွက်နေရသော လုပ်ငန်းဆောင်တာများ အားလုံးအတွက် အလွန်အရေးပါသောကဏ္ဍမှပါဝင်နေကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်တွင် သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်ရှိ၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များကို စားသုံးသူများသိရှိနိုင်အောင် ကြေငြာပေရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းခြင်းအကြောင်းများ၊ ဆက်သွယ်ရေးကဏ္ဍစုံနှင့်စပ်လျဉ်း၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့် အချက်(၁၁)ချက်ပါအကြောင်းများအား လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိ  စစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဘိလပ်မြေအရောင်းဆိုင်များအား အပတ်စဉ်ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက် နံနက်(၀၉:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့်အိမ်ဆောက်ပစ္စည်း ရောင်းချသည့်ဆိုင်များသို့ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်းအခြေအနေအားလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းများ၏ လက်ကျန်အခြေအနေများအားလည်းကောင်း၊ ကွင်းဆင်း စိစစ်ခဲ့ရာ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ယခုပတ်အတွင်း ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုမရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြိတ်မြို့အတွက် စားအုန်းဆီ ပေပါ များရောက်ရှိ

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ မြိတ်ဆီကိုယ်စားလှယ်သည် ရန်ကုန်မြို့ရှိ  Myanmar Oil Alliance ကုမ္ပဏီမှ (၁၂.၁၁.၂၀၂၅)ရက်နေ့တွင် စားအုန်းဆီထုတ်ယူ၍ ယာဉ် အမှတ် 6D-4521 ဖြင့် စားအုန်းဆီပေပါ (၆၀)နှင့် Yadanarbon Global Network Distribution ကုမ္ပဏီမှ ထုတ်ယူခဲ့သော စားအုန်းဆီပေပါ (၄၇)သည် ယာဉ်အမှတ် 1Q-4273 ဖြင့်လည်းကောင်း ၊ (၁၃.၁၁.၂၀၂၅)ရက်နေ့တွင် Global Good Pure Group ကုမ္ပဏီမှ ထုတ်ယူခဲ့သော စားအုန်းဆီ ပေပါ (၆၅) သည် ယာဉ်အမှတ် 6L-9521 ဖြင့်လည်းကောင်း ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့၊ မွှန်းလွဲ (၁၂း၃၀) အချိန်တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါစားအုန်းဆီများကို မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ၎င်းတို့ကို ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ ပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည် ရောင်းချမည်ဖြစ်ကြောင်း ဆီကိုယ်စားလှယ်ထံမှ သိရှိရပါ သည်။   

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့၊ နေ့လယ် (၁၄း၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ  ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် စည်ပင်သာယာရေးအဖွဲ့၊ ဗဟိုစာရင်းအင်းအဖွဲ့တို့နှင့်ပူးပေါင်း၍ စျေးနှုန်းများ ထားဝယ်မြို့ပေါ်ရှိ ဘိလပ်မြေဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ဘိလပ်မြေစျေးနှုန်းအခြေအနေများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ဘိလပ်မြေစျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိ၊ ဘိလပ်မြေများ ပြတ်လပ်မှုရှိ/မရှိနှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများ ရှိ/မရှိ  စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့၊ နေ့လည် (၁း၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ  ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် စည်ပင်သာယာ ရေးအဖွဲ့၊ ဗဟိုစာရင်းအင်းအဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်တွင်းဆန် စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ထားဝယ်မြို့ပေါ်ရှိဆန်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေး အတွက် ဆန်စျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိ၊ အလေး ချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများ ရှိ/မရှိနှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများ ရှိ/မရှိ၊ MyRO တွင် ရထုတ်ကျန်စာရင်းများ လစဉ်ဖြည့်သွင်းဆောင်ရွက်နိုင်ရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့မှ မြိတ်မြို့သို့ ထွက်ခွာမည့် စက်လှေအား ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက်(၁၁း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့်ပူးပေါင်း၍ ထားဝယ်မြို့၊ ဝင်းဖူးခိုင်ဆိပ်ခံတံတားမှ မြိတ်မြို့သို့ ကြက်သွန်နီ (၁၇၅)တန် တင်ဆောင်ထွက်ခွာမည့် အောင်ရတနာမင်း စက်လှေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ပူးပေါင်းစစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထုတ်ပြန်ထားသည့်စည်းကမ်းချက် များနှင့်အညီ သယ်ဆောင်မှုများရှိမရှိနှင့်တရားမဝင်ကုန်စည်များ တင်ပို့မှုမရှိ‌စေရေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့တွင် ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ စစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက်(၁၁း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မြန်မာ့ဆက် သွယ်‌ရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှု ကဏ္ဍ ၃ ရပ်နှင့်စပ်လျဉ်း၍ စစ်ဆေးရမည့် ဆက်သွယ်‌ရေးဝန်ဆောင်မှု(အင်တာနက် ဝန်ဆောင်မှု)နှင့် ပတ်သက်၍ ထားဝယ်မြို့ပေါ်ရှိ Atom တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် ဆက်သွယ်‌ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)နှင့် ပတ်သက်၍ စစ်ဆေးဆောင်ရွက်ရမည့်အချက်များနှင့်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် ထားသည့် စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ Atom FTTH အင်တာနက် ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးလျက်ရှိသည့်အခြေအနေများကိုလည်း မေးမြန်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

       ၂၀၂၅ ခုနှစ်၊ ‌နိုဝင်ဘာလ ၂၄ ရက်နေ့၊  ၁၅း၃၀ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးစတားယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Yadanarbon Global Network Distribution Co,Ltd မှ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၃၅) ပေပါကို ယာဥ်မောင်း ဦးမြင့်ဇော်သန်း၊ ယာဉ်အမှတ် 1I-6178/ FUSO မော်တော်ယာဥ်ဖြင့်ရောက်ရှိလာရာ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီး မှူးနှင့်အတူ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်စစ် ဆေးခဲ့ပြီး အဆိုပါစားအုန်းဆီ (၃၅) ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှ တစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် အထိုင် ရောင်းချနေသည့် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စားသုံးသူပြည်သူများ သို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီ လက်လီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

       စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် နံနက်(၀၈:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်မှ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံး၌ နိုင်ငံ့ဝန်ထမ်းများကို စားအုန်းဆီ လက်လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် စားအုန်းဆီအရည် အသွေးတို့အား မှန်ကန်ပြည့်ဝမှုရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်ကခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အ မြတ်တို့ဖြင့် လက်လီအရောင်းဆိုင်များမှတဆင့်  နိုင်ငံ့ဝန်ထမ်းတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့်ရောင်းချပေးခဲ့ကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ