သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြင်းခြံမြို့ရှိ MSME လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

          မြင်းခြံမြို့ စက်မှုဇုန်ရှိ ဆီစက်လုပ်ငန်းရှင်၊ ဂျုံစက်လုပ်ငန်းရှင်၊ ပဲခွဲစက်လုပ်ငန်းရှင်၊ ဇီးခွဲ စက်လုပ်ငန်းရှင်တို့အား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ယူထားသည့် ချေးငွေများ အပြေအကြေပေးဆပ် နိုင်ရေးကို တိုက်တွန်းနှိုးဆော်ရန်အတွက် မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး သည် အခါအားလျော်စွာ ပေးအပ်သောတာဝန်ကို ဆောင်ရွက်ရန်အတွက် (၁၄.၁၁.၂၀၂၅) ရက်နေ့ နေ့လည်(၁၁:၀၀) နာရီအချိန်၌ မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များကို ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေး လုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေများ အကျိုးရှိစွာ အသုံးချရန်အတွက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်မတိုင်မီ ချေးငွေခွင့်ပြုထုတ်ပေးထားပြီး ချေးငွေရယူထားသော လုပ်ငန်းရှင်များက ချေးငွေပေးဆပ်နိုင်ရေး အတိုးနှင့်အရင်းကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း အပြေအကြေပေးဆပ်နိုင်ရေးအတွက် လုပ်ငန်းရှင်များအား တိုက်တွန်းနှိုးဆော်ပြီး ကတိပြုဝန်ခံချက်များ ရေးထိုးရယူရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

                                                                                               

မြင်းခြံမြို့ ဝေဖြိုးအောင် ဓာတ်မြေဩဇာအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

          မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် (၂၀.၁၁.၂၀၂၅)ရက်နေ့ နံနက် (၀၈:၀၀)နာရီ အချိန်တွင် မြင်းခြံမြို့ ဝေဖြိုးအောင် ဓာတ်မြေဩဇာအရောင်းဆိုင်သို့ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိစေရေး၊ သင့်တင့်မျှတသော ဈေးနှုန်းများဖြင့်ရောင်းချမှုရှိစေရေး၊စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ ထိုသို့ကွင်းဆင်းခဲ့ရာ အာမိုအပြာကျား (50 kg) တစ်အိတ်လျှင် (၁၉၇၀၀၀) ကျပ်၊ နိုက်ထရိုဖော့စကာ(50 kg) တစ်အိတ်လျှင်(၂၀၀၀၀၀)ကျပ်၊ ဖြိုးမောက်ပုလဲ(50kg )တစ်အိတ်လျှင် (၁၀၅၀၀၀)ကျပ်နှင့် ယူရီးယား(ထိုင်း) တစ်အိတ်လျှင် (၁၁၅၀၀၀) ကျပ် အရောင်းအဝယ်ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့မှ သယ်ယူရောင်းချပါကြောင်းနှင့် ရန်ကုန်မြို့မှ သယ်ယူခအနေဖြင့် တစ်အိတ်လျှင် (၇၅၀၀)ကျပ် ရှိပြီး မန္တလေးမြို့မှ သယ်ယူခအနေဖြင့် (၅၀၀၀)ကျပ် ကျသင့်ပါကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Online Sale မှတ်ပုံတင်လက်မှတ်ထုတ်ပေးနိုင်ရေးမြေပြင်ကွင်းဆင်းစစ်ဆေး

                      Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား ၂၁-၇-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ Online Sale မှတ်ပုံတင်လက်မှတ် လျှောက်ထားလာမှုများအား မြေပြင်ကွင်းဆင်း စစ်ဆေး၍လျှောက်ထားသည့်အချက်အလက်များနှင့်  မြေပြင်တွင် အမှန်တကယ် ကိုက်ညီမှုရှိမှသာလျှင် မှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှစစ်ဆေးရေးအရာရှိ ဦးမျိုးထွန်းနှင့် ဒေါ်မြင့်မာလာဝင်းတို့ ဦးဆောင်၍(၆-၁၁-၂၀၂၅)၊ (၁၁-၁၁-၂၀၂၅)၊(၁၇-၁၁-၂၀၂၅)နှင့်(၁၈-၁၁-၂၀၂၅)ရက်နေ့တို့တွင်မန္တလေးမြို့ပေါ်ရှိ Online Sale မှတ်ပုံတင် လျှောက်ထားသည့် လုပ်ငန်း (၃၄) ဆိုင်တို့မှလျှောက်ထားသည့် ကုန်စည်များဖြစ်သည့်ဖန်စီပစ္စည်းများ၊အထည်အလိပ်အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ၊ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊အလှကုန်များနှင့်လူသုံးကုန်များ၊လက်မှုပစ္စည်းများ၊စားသောက်ကုန်များ၊ အီလက်ထရောနစ်ပစ္စည်းများ၊ အခြားဝန်ဆောင်မှုများ၊ ဆောက်လုပ်ရေးဝန်ဆောင်မှု၊ စက်မှုလုပ်ငန်းသုံး၊ လက်ဝတ်ရတနာများ၊ ပညာရေးဝန်ဆောင်မှု၊ အခြားသုံးပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ စသည့်လုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်း ရရှိပါသည်။

DOCA(မန္တလေး)

(Premium) သောက်ရေသန့် လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရေး အသိပညာပေးဆွေးနွေးခြင်း

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်လှလှဝင်း၊ ဒု-ဦးစီးမှူးသည် ၂၄-၁၁-၂၀၂၅ ရက်နေ့ နေ့လည်(၃း၀၀)နာရီ အချိန်တွင်  “Premium” အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချသော သောက်ရေသန့် လုပ်ငန်းရှင်အား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံ ခြုံစိတ်ချရမှု ဌာနခွဲရုံးခန်းအတွင်း၌ အသိပညာပေးဆွေးနွေးခဲ့ပါသည်။    

           ထိုသို့ အသိပညာပေး ဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း(၁၈)ပါကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအချက်အလက်များအား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း  သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(မန္တလေး)

(ငြိမ့်ရွာငံကော်ဖီ)လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရေး အသိပညာပေးဆွေးနွေးခြင်း

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်ခင်သူဇာ၊ ဒု-ဦးစီးမှူးသည် ၂၄-၁၁-၂၀၂၅ ရက်နေ့ နေလည်(၂း၀၀) နာရီအချိန်တွင်  “ငြိမ့်” အမှတ်တံဆိပ်ဖြင့်ထုတ်လုပ်ရောင်းချသော စားသောက်ကုန် လုပ်ငန်းရှင်အား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲရုံးခန်း အတွင်း၌ အသိပညာပေးဆွေးနွေးခဲ့ပါသည်။    

                ထိုသို့ အသိပညာပေး ဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊တားမြစ်ချက်များနှင့်အခန်း(၁၈)ပါကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်အလက်များနှင့် မြန်မာ နိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအချက်အလက်များအား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်းသိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းအသိပညာပေးဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။ DOCA(မန္တလေး)

သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲတာဝန်ခံမှ ဆန်စပါးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

       ၂၇.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲတာဝန်ခံသည် ပြည်နယ် ဦးစီးမှူးရုံး၌ ဆန်စပါးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံ ခန့်ခွဲမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ဆန်စပါးလုပ်ငန်းကိုလုပ်ကိုင်ပါက မြန်မာဆန်စပါး အွန်လိုင်း (Myanmar Rice Online- MyRo) တွင် သိုလှောင်ရုံမှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီးပါက ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများကို လစဉ် လဆန်း (၁ ရက်မှ ၇) ရက်အတွင်း ထည့်သွင်းရမည်ဖြစ်ကြောင်း၊ သိုလှောင်ရုံသက်တမ်းကုန် ဆုံးပါကလည်း သိုလှောင်ရုံသက်တမ်းတိုးခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် လိုအပ်သော စာရွက်စာတမ်းများနှင့် MyRo တွင် ဖြည့်သွင်းမှုအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

“Lwin Maung Maung”  ကုမ္ပဏီ၏ လက်လီကိုယ်စာလှယ်ဦးခင်ဇော်မှ ကွန်ပျူတာတက္ကသိုလ်၌ စားအုန်းဆီ ရောင်းချနေမှုအား သထုံမြို့နယ်တာဝန်ခံ သွားရောက်စစ်ဆေးခြင်း

    ၂၅.၁၁.၂၀၂၅ ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် “Lwin Maung Maung  ကုမ္ပဏီ၏ လက်လီကိုယ်စားလှယ် ဦးခင်ဇော်မှ သထုံမြို့နယ်၊ ဂေါ့ကျေးရွာ၊ ကွန်ပျူတာတက္ကသိုလ်၌  စားအုန်းဆီရောင်းချနေမှုအား စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် လက်လီကိုယ်စားလှယ် ဦးခင်ဇော်မှ စားအုန်းဆီရောင်းချရာ၌ သတ်မှတ်စျေးနှုန်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန်၊ အရည်အသွေးပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းရှိ/မရှိနှင့် သတ်မှတ်ဗီနိုင်း ချိတ်ဆွဲရောင်းချခြင်း ရှိ/မရှိတို့အား ကွင်းဆင်း စစ်ဆေးခဲ့ပြီး စားအုန်းဆီတစ်ပိဿာလျှင် (၇၀၂၈) ကျပ်နှုန်းဖြင့် ပိဿာ (၂၂၀)အား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်တွင် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းရှင်များအား ကွင်းဆင်းအသိပညာပေး

      ၂.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ဖြင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်ရှိ Future Net အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများသို့ သွားရောက် ကွင်းဆင်းအသိပညာ‌ပေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် စားသုံးသူများနစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် သိသင့်သိထိုက်သည့် အချက်အလက်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါ သည်။         

DOCA (မွန်)

မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ဆန်စပါးသိုလှောင်ရုံများ MyRO တွင် မှတ်ပုံတင်နိုင်ရေးကွင်းဆင်းဆောင်ရွက်

      ၂၇.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မော်လမြိုင်မြို့၊ စျေးကြို စျေးဝင်းအတွင်းရှိ ဧရာဝတီဆန်ဆိုင်အား My RO တွင် သိုလှောင်ရုံမှတ်ပုံတင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သိုလှောင်ရုံတည်နေရာ၊ သိုလှောင်ရုံအတိုင်းအတာ၊ သိုလှောင်ရုံ၏ ဝင်ဆံ့ပမာဏ၊ လက်ရှိ ဆန်တစ်မျိုးချင်းအလိုက် သိုလှောင်ထားရှိမှု အခြေအနေများများအား ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး သိုလှောင်ရုံပိုင်ရှင်အား သိုလှောင်ရုံ မှတ်ပုံတင်လက်မှတ်ရရှိပြီးပါက ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား လစဉ် လဆန်း (၁) ရက်နေ့မှ (၇) ရက်အတွင်း ထည့်သွင်းရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ဆန်စပါးသိုလှောင်ရုံများ MyRO တွင် မှတ်ပုံတင်နိုင်ရေးကွင်းဆင်းဆောင်ရွက်

 ၂၆.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မော်လမြိုင်မြို့၊ ဘိုကုန်းရပ်၊ အောက်လမ်းမကြီး၊ စတားဆန်ဆိုင် အား My RO တွင် သိုလှောင်ရုံမှတ်ပုံတင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သိုလှောင်ရုံတည်နေရာ၊ သိုလှောင်ရုံအတိုင်းအတာ၊ သိုလှောင်ရုံ၏ ဝင်ဆံ့ပမာဏ၊ လက်ရှိ ဆန်တစ်မျိုးချင်းအလိုက် သိုလှောင်ထားရှိမှု အခြေအနေများများအား ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး သိုလှောင်ရုံပိုင်ရှင်အား သိုလှောင်ရုံ မှတ်ပုံတင်လက်မှတ်ရရှိပြီးပါက ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား လစဉ် လဆန်း (၁) ရက်နေ့မှ (၇) ရက်အတွင်း ထည့်သွင်းရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

  DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ