
( ၂၂.၁.၂၀၂၆ ) ရက်နေ့တွင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဦးဆောင်၍ တရားမဝင်ကုန်သွယ်မှု စစ်ဆေးရေးအဖွဲ့ဝင်များဖြစ်သည့် ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မိတ်ဖက်ဌာနများသည် ကလေးမြို့ပေါ်ရှိ Hnin Thet Thet Wai Shopping Center, Myo Myanmar Trading, Chu Yint General Trading နှင့် ရွှေကံ့ကော် ဘိလပ်မြေဂိုဒေါင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် တရားမဝင်ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက် ပွင့်လင်း မြင်သာမှုရှိစေ၍ သယ်ဆောင်သည့်လမ်းကြောင်းတွင်သာမက သိုလှောင်သည့် အဆောက်အဦများ ရောင်းချသည့်ဈေးဆိုင်များအထိပါ စစ်ဆေးအရေးယူနိုင်မည့်နည်းလမ်းများ ဖော်ထုတ်စစ်ဆေး အရေးယူနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
