" ဓနသစ် " ရှယ်ပဲစုံခြမ်းနှစ်ပြန်ကြော် အလုပ်ရုံအား သွားရောက်စစ်ဆေး

Powered by Drupal

                 ( ၂၂..၂၀၂၆ ) ရက်နေ့တွင် ကလေးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သိမ့်သိမ့်ထွန်း ( ဒု:စီးမှူး ) သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ " ဓနသစ် " အမှတ်တံဆိပ် ရှယ်ပဲစုံခြမ်းနှစ်ပြန်ကြော် အလုပ်ရုံသို့သွားရောက်၍ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

              ကွင်းဆင်းစစ်ဆေးရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာထန်လမ်းဒိမ်မှ လုပ်ငန်းမှတ်ပုံတင်ဆောင်ရွက်ရာတွင် လိုအပ်သည့် အချက်များနှင့် ကွင်းဆင်းစစ်ဆေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သိမ့်သိမ့်ထွန်း ( ဒုဦးစီးမှူး ) မှ လုပ်ငန်းရှင်အနေဖြင့်အသုံးပြုသည့် အမှတ်တံဆိပ်အနေဖြင့် မြန်မာစာဖြင့်ဖော်ပြရန် သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပြီး အမှတ်တံဆိပ်ပေါ်တွင်ဖော်ပြထားသည့် အသားတင်အလေးချိန်နှင့် ကိုက်ညီစွာ ထည့်သွင်းရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)