သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မုဒုံမြို့နယ်တွင် စားသုံးသူအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

       ၂၄.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ “ဘေးအန္တရာယ်ရှိသော ကုန်စည်ကို စျေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းစေခြင်း သို့မဟုတ် ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကို တားမြစ်ခြင်းဆိုင်ရာ အသိပညာပေး Talk Show” အား ကျင်းပ ပြုလုပ်ခဲ့ပါသည်။

          ထိုဆွေးနွေးပွဲတွင် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်ဇာဇာဖြိုးမှ (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဠာန်းချက်အရ ဘေးအန္တရာယ်ရှိသော ကုန်စည်ကို စျေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်း သို့မဟုတ် ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကို တားမြစ်ခြင်းနှင့် ပတ်သက်သည့် အချက်များ၊ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ကုန်စည်နှင့် ပတ်သက်၍ စားသုံးသူ နစ်နာဆုံးရှုံးမှုရှိပါက တာဝန်ရှိသူနှင့် ပတ်သက်သည့် အချက်များ  တိုင်ကြားနိုင်သည့် နည်းလမ်းများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)

မုဒုံမြို့နယ်အတွင်းရှိ “စိန်မေတ္တာ”ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

      ၂၄.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် တာဝန်ခံသည် မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်၊ မော်သံလမ်းရှိ စိန်မေတ္တာဆန်ဆိုင်သို့ သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်းအား ဆောင်ရွက်ခဲ့သည်။

          ထိုသို့ တွေ့ဆုံရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ် တာဝန်ခံမှ “စိန်မေတ္တာ” ဆန်စက်လုပ်ငန်းရှင်အား MyRO တွင် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းနှင့် ပတ်သက်သည့် အချက်များ၊ MyRO တွင် လစဥ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းအား ထည့်သွင်းရမည့် အချက်များ ပြောကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

        DOCA (မွန်)

ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)(၁၂/၂၀၂၅) အခမ်းအနားအားကျင်းပပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး CICC ခန်းမ၌ (၂၁.၁၁.၂၀၂၅)ရက်နေ့၊  နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးနှင့် ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)(၁၂/၂၀၂၅)အစည်းအ‌ဝေးအား ပြုလုပ်ခဲ့ကြောင်း သိရသည်။

   အဆိုပါ အစည်းအဝေးတွင် ခရိုင်ဦးစီးမှူးက ဝန်ထမ်းများအား ရုံးချုပ်၏ လမ်းညွှန်ချက်များ အား ပြောကြား၍ ဌာနခွဲတာဝန်ခံများက ဌာနခွဲအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအားတင်ပြခဲ့ရာ ခရိုင်ဦးစီးမှူးက လိုအပ်သည်များ ညွှန်ကြားခဲ့ပြီး ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းများအား ပေါင်းစပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

    ဆက်လက်၍ ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အစည်းအ‌ဝေးအား ကျင်းပခဲ့ပြီး သက်ဆိုင်ရာ ဌာနခွဲအလိုက် ဝန်ထမ်းများက လိုအပ်ချက်များ တင်ပြခဲ့ရာ ခရိုင်ဦးစီးမှူးက လိုအပ်သည် များကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား (၁၅း၃၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားဖို့ Thursday Talk အသိပညာပေးသင်တန်းဆောင်ရွက်ကြစို့

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဌာနတွင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အသိပညာ ပြန့်ပွားရေးနှင့် စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်မှုတို့ကို  မြှင့်မားစေရန် အတွက် (၂၀.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ CICC ခန်းမ၌ (၁၁/၂၀၂၅)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်း ဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး ဟောပြော ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် ဒေါ်သန္တာခင် အငယ်တန်းစာရေးက  စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၂၁)ပါ အယူခံဝင်ခြင်းနှင့် အခန်း(၂၂)ပါ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များနှင့် ဆောင်ရွက်မည့်အချက်များအကြောင်း အားလည်းကြောင်း၊ ဒေါ်ခိုင်ဇင်ကျော် အကြီး တန်းစာရေးမှ အခန်း(၂၃)ပါ တားမြစ်ချက်များ၊ အခန်း(၂၄)ပါ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ အခန်း(၂၅)ပါ အထွေထွေ အကြောင်းအားလည်းကောင်း  အသေးစိတ်ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဂန့်ဂေါမြို့၊  အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျောတိုက်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် ဝန်ထမ်းသည်  (၁၁.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၂:၀၀)အချိန်တွင် ဂန့်ဂေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျောတိုက်ကျောင်း ၌ ဆရာ/ဆရာမ()ဦး၊ ကျောင်းသား/ ကျောင်းသူ(၂၁၀)ဦး၊ စုစုပေါင်း(၂၁၈)ဦးအား စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

     ဂန့်ဂေါမြို့နယ်တာဝန်ခံက ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံး သူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ သိရှိရန်လိုအပ်ကြောင်း၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက ဌာနသို့တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများကို ဖြေရှင်း ပေးနိုင်သည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ(CICC) အားဖွင့်လှစ်ထားရှိကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး ကျောင်းသား/ကျောင်းသူများမှ သိလိုသည်များမေးမြန်း၍ ပြန်လည်ဖြေကြားပေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဂန့်ဂေါမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျောတိုက်ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် ဝန်ထမ်းသည်  (၁၁.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၂:၀၀)အချိန်တွင် ဂန့်ဂေါမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောတိုက်ကျောင်း ရှိ ကျောင်းမုန့်ဈေးတန်းဆိုင်များ၌ အသင့်စားမုန့် အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ရာ ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ဈေးသည်များအား ကျောင်းသား/ ကျောင်းသူများအတွက် ရောင်းချရာတွင် ကုန်စည်နှင့်ပတ်သက်၍ ချို့ယွင်းအားနည်းမှု၊ ဘေးအန္တရာယ် ဖြစ်စေနိုင်မှု ကင်းလွတ်သည့် ကုန်စည်များကိုသာ ရွေးချယ်ရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားသော အသင့်စားမုန့် အမျိုးမျိုးကိုသာရောင်းချရန်၊ ဘေးအန္တရာယ်ရှိသော သက်တမ်းလွန်မုန့်များကို ရောင်းချခြင်းမပြုရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။  

DOCA(မကွေး)

ဒေသတွင်း စားသောက်ကုန်လုပ်ငန်းရှင်များထံသို့   သွားရောက်အသိပညာပေးကြစို့

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊  ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးသည် (၁၉.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဒေသတွင်း ထုတ်လုပ်လျက်ရှိသောရီမွန်ကျော်ကောင်းကျော်လမင်းသာအမှတ်တံဆိပ် ကုလားပဲမှုန့် ထုတ်လုပ် သော လုပ်ငန်းများသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          စားသုံးသူရေးရာဌာနခွဲတာဝန်ခံက ဆွေးနွေးရာတွင် မိမိတို့ ထုတ်လုပ်သော ကုလားပဲမှုန့် များတွင် အစားအသောက်၏ အခြေခံအချက်မှာ သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ရန်ဖြစ်သောကြောင့် ကုလားပဲဆံ ရွေးချယ်ရာတွင် အဖျင်းအမှော်၊ ဖုန် သဲ ခဲ များ မပါဝင်အောင် သတိပြုရန်လိုအပ်ကြောင်း၊ ကုလားပဲ မှုန့်ကြိတ်ခွဲရာတွင်လည်း မကြာခဏ စက်သန့်ရှင်းရေးပြုလုပ်ရန်လိုအပ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း အကြောင်းအရာများအားဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ လက် ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

သရက်မြို့၊ အနောက်ရပ်တောင်ပိုင်း ရပ်ကွက်၊ ကံသာစုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ စားသုံးသူအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်းများ သည် (၂၄.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီုအချိန်တွင် သရက်မြို့၊ အနောက်ရပ်တောင်ပိုင်း ရပ်ကွက်၊ ကံသာစုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ဟောပြောပွဲတွင် ကုန်အညွှန်းအမှတ်သားပြည့်စုံပြီး လုံခြုံစိတ်ချရသည့် ကုန်စည်များ ရွေးချယ်ဝယ်ယူသုံးစွဲတက်စေရေးနှင့် စားသုံးသူအခွင့်ရေးများအကြောင်း အသိပညာပေးဟောပြော ခဲ့ပြီး တက်ရောက်လာသည့် ဆရာ/ဆရာမ()ဦး၊ ကျောင်းသား /ကျောင်းသူ (၂၁)ဦး စုစုပေါင်း(၂၇)ဦး အားလက်ကမ်းစာဆောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

သရက်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး၊ Communityခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ဟောပြောပွဲပြုလုပ်ခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တာဝန်ခံရုံးမှ ဒု-ဦးစီးမှူး ဒေါ်ရီရီထွေးသည် (၂၀.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Communityခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ (Talk Show) ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      အဆိုပါ ဟောပြောပွဲတွင် ဒေါ်ရီရီထွေးက ကုန်အညွှန်းအမှတ်သား ပြည့်စုံမှုမရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းပြုလုပ်ပါက စားသုံးသူ ကာကွယ်ရေး ဥပဒေတွင် ပြဌာန်းထားသည့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းအား အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အောင်လံမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်/အောင်လံခရိုင်တာဝန်ခံသည် (၂၁.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁ဝးဝဝ)နာရီတွင် အောင်လံမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင် သာယာအဖွဲ့တို့နှင့်ပူးပေါင်း၍ စားသောက်ကုန် လုပ်ငန်းရှင်(၂၁)ဦးအား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် သရက်/အောင်လံခရိုင်တာဝန်ခံက  စားသောက်ကုန်များ ရောင်းချရာ တွင်လည်းကောင်း၊ ထုတ်လုပ်ရာတွင်လည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည်စုံပြီး စားသုံးသူကာကွယ်ရေး ဥပေဒေ (၂၀၁၉) နှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန်၊ မြန်မာနိုင်ငံစား သုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် ပြည့်စုံစွာ ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာရောင်းချရန်၊ အကြောင်း တစ်စုံတစ်ရာပေါ်ပေါက်လာပါက အောင်လံမြို့နယ်တာဝန်ခံရုံး နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် Consumer Center No.1535 သို့ ခေါ်ဆို၍ မိမိသိလိုသည့် အကြောင်းအရာများ အကြောင်းကို ဆက်သွယ်မေးမြန်း နိုင်ပါကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။  

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ