စစ်ကိုင်းမြို့မဈေးအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

                                        စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်()ဦးတို့သည်‌ဆေးနှင့်ဆေးပစ္စည်းများအား လက်ကားဈေးပေါ်တွင်ဒေသပေါက်ဈေးထက်ဈေးနှုန်းပိုမိုအမြတ်တင်ပြီးလက်လီရောင်းချနေမှုအပေါ်ဈေးနှုန်းတည်ငြိမ်စေရေးအတွက်ခရိုင်အုပ်ချုပ်ရေးဦးစီးဌာန၊ခရိုင်ကျန်းမာရေးဦးစီး ဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စစ်ကိုင်းမြို့ဈေးအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များဖြစ်သော မင်းမင်းနှင့် ဗိုလ်ဗိုလ်ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်  မင်းမင်း နှင့် ဗိုလ်ဗိုလ်ဆေးဆိုင်များအနေဖြင့် နေ့စဥ်သုံးနှင့်ရံဖန်ရံခါသုံး ရောင်းချသည့်ဆေးအမယ်ပေါင်း ၁၀၀/၁၅၀ မျိုးခန့်ရှိပြီး ကုမ္ပဏီများမှ ခွဲတမ်းရရှိမှုအပေါ် မူတည်၍ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထိ အမြတ်တင် ရောင်းချခြင်းများရှိသလို ဆေးကဒ်တစ်ကဒ်အား ၁၀ဝိ/- မှ ၂၀ဝိ/- ထိ အရေအတွက်ပေါ်မူတည်၍သာ အမြတ်ယူ ရောင်းချကြကြောင်း၊ကုမ္ပဏီများထံမှဝယ်ယူရသည့်ဈေးနှုန်းအပေါ်အခြေပြု၍ဈေးနှုန်းအပြောင်းအလဲများဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပြီးစားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူများကဆေးအရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် တရားဝင်ဆေးဝါးမှတ်ပုံတင် လျှောက်ထားရရှိပြီးသော ဆေးဝါးများကို တင်သွင်း ဖြန့်ဖြူးရောင်းချရန်နှင့် ဆေးနှင့်ဆေးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)