ပြည်ခရိုင်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လက်လီဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်အနေဖြင့် ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းနှင့် ရွှေတောင် မြို့နယ်(၄)မြို့နယ်ပါဝင်ပြီး စားအုန်းဆီများကို ရည်ညွှန်းဈေးနှင့်အညီ ဖြန့်ဖြူးရောင်းချရာတွင် နေ့စဉ် ပြည်မြို့နယ်အနေဖြင့်(၉၆၈)ပေပါ၊ ပိဿာအားဖြင့်(၁၀၆၄၈၀)၊ ရွှေတောင်မြို့နယ်အနေဖြင့် (၄၅၁)ပေပါ၊ ပိဿာအားဖြင့်(၄၉၆၁၀)၊ ပေါက်ခေါင်းမြို့နယ်အနေဖြင့်(၃၆၂)ပေပါ၊ ပိဿာအားဖြင့် (၃၉၈၂၀)၊ ပန်းတောင်းမြို့နယ်အနေဖြင့်(၄၄၅)ပေပါ၊ ပိဿာအားဖြင့်(၄၈၉၅၀)၊ စုစုပေါင်း ခရိုင်အနေဖြင့် (၂၂၂၆) ပေပါ၊ ပိဿာအားဖြင့်(၂၄၄၈၆၀)ကို လက်ကား၊လက်လီကိုယ်စားလှယ်များမှ စားသုံးသူပြည်သူသို့ နေ့စဉ် အိမ်ထောင်စုအလိုက် စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

          မိမိတို့ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အဆိုပါခွဲတမ်းရ စားအုန်းဆီများအား ရည်ညွှန်းဈေးနှင့် အညီရောင်းချမှုရှိ/ မရှိ၊ ရရှိသည့်အရေအတွက်အတိုင်း အပြည့်အဝရောင်းချမှုရှိမရှိ၊ အလေးချိန် မှန်ကန်မှု ရှိ/ မရှိတို့ကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် သက်ဆိုင်ရာ လက်ကားကိုယ်စားလှယ်နှင့် လက်လီရောင်းချသူများအား ခေါ်ယူတွေ့ဆုံဆွေးနွေးခြင်း၊ လက်လီအရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းမျာကိုလည်း သက်ဆိုင်ရာ အဖွဲ့ဝင်များဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

          ခရိုင်အတွင်းရှိ လက်ကား၊ လက်လီ ကိုယ်စားလှယ်များအား သတ်မှတ်ရည်ညွှန်းဈေးနှင့် အညီ ရောင်းချစေရေး၊ ရရှိသည့်အရေအတွက်အတိုင်း အပြည့်အဝရောင်းချစေရေး၊ အလေးချိန် မှန်ကန်မှုရှိစေရေးတို့အတွက် ခေါ်ယူတွေ့ဆုံဆွေးနွေးခြင်းများကို (၂၀.၁.၂၀၂၆)ရက်နေ့တွင် ပြည်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ပြည်မြို့နယ်မှ လက်လီကိုယ်စားလှယ်(၅၄)ဦး၊ ရွှေတောင်မြို့နယ်မှ လက်လီကိုယ်စားလှယ်(၅)ဦးနှင့် ပေါက်ခေါင်းမြို့နယ်မှ လက်လီကိုယ်စားလှယ် (၉)ဦးတို့အားလည်းကောင်း၊ ပန်းတောင်းမြို့နယ်မှ လက်လီကိုယ်စားလှယ်(၁၈)ဦးတို့အား(၂၁.၁.၂၀၂၆)ရက်နေ့တွင် ဥသျှစ်ပင်မြို့၊ ရွှေပင်ရတနာခန်းမ၌လည်းကောင်း တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့တွေ့ဆုံဆွေးနွေးခြင်းများအပြင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကိုလည်း ပြည်ခရိုင် အဆင့်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များလိုက်ပါ၍ ပြည်မြို့ပေါ်ရှိ လက်လီဆိုင်များသို့ (၂၀.၁.၂၀၂၆) ရက်နေ့၊ နံနက်ပိုင်း၌လည်းကောင်း၊ ပန်းတောင်းမြို့နယ်ရှိ လက်လီဆိုင်များသို့ (၂၁.၁.၂၀၂၆)ရက်‌နေ့၊ နံနက်ပိုင်း၌လည်းကောင်း မြေပြင်ကွင်းဆင်းစစ်ဆေးပြီး အလားတူ ရွှေတောင်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် သက်ဆိုင်ရာမြို့နယ် ကြီးကြပ်အဖွဲ့ဝင်များပါဝင်သော မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ဖြင့်လည်းကောင်း မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)