သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ကျင်းပပြုလုပ်သော စက်မှုလုပ်ငန်းသုံးစားအုန်းဆီ ဖြန့်ဖြူးခြင်းဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခြင်း

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်၍ ကျင်းပပြုလုပ်သော စက်မှုလုပ်ငန်းသုံးစားအုန်းဆီ ဖြန့်ဖြူးခြင်းဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲအား တိုင်းဒေသ ကြီးဦးစီးမှူးနှင့်တာဝန်ရှိသူများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

       အစည်းအဝေး ပထမပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများမှ ရှင်း လင်းပြောကြားခြင်း၊ တိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌမှ ပြောကြားခြင်းများ ဆောင်ရွက်ခြင်းများဆောင်ရွက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကာ အစည်းအဝေးအား ညနေ (၁၇း၀၀) နာရီ အချိန်တွင် ပြီးမြောက် ခဲ့ပါသည်။

DOCA(တနင်္သာရီ)

 

သာစည်မြို့နယ်၊ နှမ်းကန်ကျေးရွာနှင့် ဆံမြိတ်ရှည် ကျေးရွာတို့တွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ၊ ခရိုင်ဦီးစီးမှူး၏ လမ်းညွှန်မှု ဖြင့် စားသုံးသူ ရေးရားဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှအဖွဲ့သည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန် တွင် သာစည်မြို့နယ်၊နှမ်းကန်ကျေးရွာအုပ်စု၊ နှမ်းကန် ကျေးရွာနှင့် ပြွန်ကန်ကျေးရွာအုပ်စုဆံမြိတ်ရှည် ကျေးရွာတို့မှ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိမ့်သူဇာ မောင် (ဒု-ဦီးစီးမှူး) မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊တာဝန်များ၊ ကုန်စည်(သို့) ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍အာမခံချက်များအပေါ် စားသုံးသူမှတောင်းဆိုနိုင်သည့် အချက်များ၊ စားသုံး သူပြည်သူများ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာရွေးချယ် ဝယ်ယူတက် စေရန် ကုန်အညွှန်း အမှတ်အသား နှင့်စပ်လျဉ်းသည့်အချက်များ ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်၍ တိုင်ကြားမှုများကို ဖြေရှင်းဆွေးနွေးပေးခဲ့သည့် ဖြစ်စဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူနစ်နာ ဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ (CICC)နှင့် Consumer Call Center (1535) သို့  ဆက်သွယ်နိုင် တိုင်ကြား နိုင်ကြောင်းနှင့် Consumer Call Center (1535)သို့ နမူနာ ခေါ်ဆိုဆွေးနွေးခဲ့ပြီးတက်ရောက်လာသူများမှလည်းသိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူ များမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရပါသည်။ အဆိုပါဆွေးနွေးပွဲတွင် နှမ်းကန်ကျေးရွာမှ စားသုံးသူပြည်သူ (၄၅)ဦးခန့်နှင့် ဆံမြိတ်ရှည်ကျေးရွာမှ စားသုံးသူပြည်သူ(၇၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။          

DOCA(မန္တလေး)

ထားဝယ်မြို့သို့ သင်္ဘောဖြင့်ဝင်ရောက်လာသော ဆန်အိတ်များအားပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးခြင်း

       ၂၀၂ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်နေ့၊ (၁၃း၀၀) နာရီ အချိန်တွင် မြိတ်မြို့မှ ထားဝယ်မြို့၊ ဦးစွန်ဝှိုင် ဆိပ်ခံတံတားသို့ ရောက်ရှိဆိုက်ကပ်လာသော အမ်ဗွီ Aung Tat Toe ရေယာဉ်ဖြင့် တင်ဆောင်လာသော ၁၂ ပြည်ပါ ဆန်အိတ် ၁၀၀၀၀ အား စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့် အကောက်ခွန်ဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ မြန့်မာ့ဆိပ်ကမ်း အာဏာပိုင် အဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပြီး အဆိုပါ ဆန်များအား ထားဝယ်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့သို့ သင်္ဘောဖြင့်ဝင်ရောက်လာသော ဘိလပ်မြေများအားပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးခြင်း

    ၂၀၂ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်နေ့၊ (၁၂း၄၅) နာရီ အချိန်တွင် မြိတ်မြို့မှ ထားဝယ်မြို့၊ ထူးထူးတိုးဆိပ်ကမ်းသို့ ရောက်ရှိဆိုက်ကပ်လာသော အမ်ဗွီ ဝိသာခါ သင်္ဘောဖြင့် တင်ဆောင် လာသော ကြံတစ်ကောင် အမှတ်တံဆိပ် ၅၀ ကီလိုဂရမ် ဘိလပ်မြေ အိတ် ၂၁၆၀၀ အား စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့် အကောက်ခွန်ဦးစီးဌာန၊ ရေကြောင်း ရဲတပ်ဖွဲ့၊ မြန့်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ပြီး အဆိုပါဘိလပ်မြေများအား ထားဝယ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် များ၊ ဆောက်လုပ်ရေးလုပ်ငန်းများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ရွှေညီကို ပဲကြော်နှင့် အသင့်စားလက်ဖက်ဖြန့်ဖြူးလုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြရေးလာရောက်ဆွေးနွေး

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်နေ့ နံနက်(၁၁း၀၀)နာရီတွင် ၊ မြိတ်မြို့၊ အမှတ်(၁၀၅)၊ (၃)လမ်း၊ နောက်လယ်ရပ်ကွက်နေ ရွှေညီကိုပဲကြော်နှင့် အသင့်စားလက်ဖက် ဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင် ဦးကျော်သက်တင်မှ ၎င်း၏ပဲကြော်နှင့်လက်ဖက်များ၌ ကုန် အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြနိုင်ရေး အတွက် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံးသို့ လာရောက်ဆွေးနွေးခဲ့ပါသည်။

      ရွှေညီကို ပဲကြော်နှင့်လက်ဖက်လုပ်ငန်းရှင်အနေဖြင့် ပဲကြော်များအား ရန်ကုန်မြို့မှ လည်းကောင်း၊ လက်ဖက်များအား ရှမ်းပြည်နယ်၊ ပင်လောင်းမြို့မှလည်းကောင်းမှာယူပြီး ပဲကြော်အား (၁၀)ကျပ်သား၊ (၂၅)ကျပ်သား၊ (၁)ပိဿာထုတ်များနှင့် အသင့်စားလက်ဖက် အား(၂၅)ကျပ်သားထုတ်များ ထုတ်ပြီး မြိတ်မြို့ရှိ ကုန်တိုက်များနှင့် ရပ်ကွပ်များရှိ အိမ်ဆိုင် များသို့ ဖြန့်ဖြူး‌ရောင်းချကြောင်း သိရပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉ အခန်း(၁၈)တွင်ဖော်ပြထားသည့် ကန်စည်များ၌ ထည့်သွင်းဖော်ပြရမည့် တံဆိပ်အမှတ်အ သား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်း ပုံ၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲနှင့် ထုတ်လုပ်မှုအ မှတ်စဥ်၊ ထုတ်လုပ်သူ၏လိပ်စာ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့် ပမာဏ၊ ပါဝင်မှုအချိုးအစား၊ ကျန်းမာဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့မဟုတ်) ဓါတ်မတည့် ကြောင်းဖော်ပြချက်၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပြည့်စုံမှန်ကန်စွာ ထည့်သွင်း ဖော်ပြပြီး စျေးကွက်အတွင်းဖြန့်ဖြူးရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရပါ သည်။

DOCA(တနင်္သာရီ)

မြိတ်ခရိုင်ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီများ မြိတ်မြို့သို့ရောက်ရှိ

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီ များမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိရာ Myanmar Oil Allianceကုမ္ပဏီမှ (၂၄.၉.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော ယာဉ်အမှတ် 3R-9305 တွင် စားအုန်းဆီပေပါ(၈၀) သည် (၂၈.၉.၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း မြိတ်ခရိုင်ဆီကိုယ်စားလှယ်ထံမှသိရှိရသဖြင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ရည်ညွှန်း‌စျေး၊ သယ်ယူပို့ ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ လက်လီအရောင်းဆိုင်များမှ စားသုံးသူပြည်သူများသို့ ခွဲဝေဖြန့်ဖြူး ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

သာစည်မြို့နယ်အတွင်း DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာအတုများ ရောင်းချခြင်းရှိ/မရှိ အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ သာစည်မြို့နယ်တာဝန်ခံ ဒေါ်ဖြူဖြူထွန်းနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သာစည်မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များအား    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာအတုများ ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မိတ္ထီလာမြို့နယ်၊ လမင်းချိုကုန်စုံဆိုင်အတွင်း ရောင်းချနေသော DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာအတုများ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ လမင်းချိုကုန်စုံဆိုင်တွင် DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာအတုများရောင်းချမှုမရှိကြောင်းနှင့် လုပ်ငန်းရှင်အား DUMEX DUPRO အတုများ ရောင်းချခြင်းမပြုရန်နှင့် DUMEX DUPRO အမှတ်တံဆိပ်အတု၊ အစစ်ကွဲပြားသည့် အချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းအသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဘိုကလေးမြို့နယ် ဒေါ်အေးအေးခိုင် ကုန်စုံဆိုင်ရှိ ပြုပြင်ထုပ်ပိုးထားသော စားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်

       ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပိတောက်လမ်း(၄) ရပ်ကွက်ရှိ ဒေါ်အေးအေးခိုင် ကုန်စုံဆိုင်တွင် ပြုပြင်ထုပ်ပိုး ရောင်းချနေသော နနွင်းမှုန့်၊ ငြုပ်သီးမှုန့်၊ လက်ဖက်ထောင်းထုပ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ပြုပြင်ထုပ်ပိုးရောင်းချနေသော ဆင်ဖြူတော် နနွင်းမှုန့်၊ ငြုပ်သီးမှုန့်ထုပ်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁) အရ ထုပ်ပိုးပြီးကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ် အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ရာ ရောင်းချနေသော ပြုပြင်ထုပ်ပိုး အထုပ်များတွင် ပြည့်စုံစွာဖော်ပြထားသည်ကို ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ရမည်းသင်းမြို့နယ်ရှိ စားသောက်ကုန်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး အသိပညာပေး

         စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ချောစုထွေး (ဦးစီးမှူး)သည် (၂၅.၉.၂၀၂၅) ရက်နေ့တွင် ရမည်းသင်းမြို့နယ်အတွင်းတွင် စားသောက်ကုန်ရောင်းချနေသော စားသောက်ကုန်လုပ်ငန်းရှင်တစ်ဦးချင်းစီအား ခေါ်ယူတွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

       အဆိုပါဆွေးနွေးရာတွင် ကုန်စည်များထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ လုပ်ငန်းရှင်၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ်အသားများကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဌာန်းချက်များအတိုင်း ပြည့်စုံစွာဖော်ပြနိုင်ရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ 

DOCA(မန္တလေး)

ဆိပ်ဖြူမြို့နယ်တွင် အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့်ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၂၄..၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်၊ အမှတ်(၈၁၉)ဘောလုံးကွင်း တိုက် တန်းတွင် စားသောက်ကုန်ပစ္စည်းများ၊ ယာဉ်အမျိူးမျိူးနှင့် ဆက်စပ်ပစ္စည်းများ အခြားသုံးပစ္စည်း များကို  အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများအား အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့်အတွက် ဆိပ်ဖြူ မြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော ယခင်အွန်လိုင်းမှတ်ပုံတင်ထား သည့်လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်း ဆိုင်ရာအမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ သိရှိစေရန်ရည်ရွယ်၍ ဆိပ်ဖြူမြို့တွင် အွန်လိုင်းစနစ် ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

    ထိုသို့ အသိပညာပေးရာတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး မိမိတို့ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံ စွာထည့်သွင်းဖော်ပြရန် နှင့်စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို သေချာစွာလိုက်နာရန် လိုအပ် ကြောင်း၊ မှတ်ပုံတင် လက်မှတ်ရရှိထားသည့်လုပ်ငန်းရှင်များသည် (၂)နှစ်ပြည့်လျှင် သက်တမ်းတိုးရ မည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်ထားသောကြောင့် မည်သူမဆိုအွန်လိုင်းစနစ်ဖြင့် ရောင်းခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက် ထားရရှိပြီးမှလုပ်ကိုင်ရန်လိုအပ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန် ပြီး ခြောက်လပြည့်မြောက်သည့် နေ့ရက်မှစတင်၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့်  ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှု ဥပဒေ ပုဒ်မ၅အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သို့မှသာ စားသုံးသူပြည်သူများအနေဖြင့် လုံခြုံစိတ်ချရမှုရှိပြီးလိမ်လည်ရောင်းချခြင်းမှကင်းဝေးမည်ဖြစ်ကြောင်း၊မှတ်ပုံတင်လက်မှတ်များရရှိထားသည့်အတွက် စားသုံးသူအခွင့်အရေးများလည်းရရှိ လာမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ