ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း ရောင်းချနေသော ကိုကျော်သူရ မရှုလျှံ ဆန်ဆိုင်အား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ သိုလှောင်ဈေးကစားမှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် မြို့နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်မှု အဖွဲ့ဝင်များနှင့်အတူ ၉-၂-၂၀၂၆ ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ စစ်ဆေးရာတွင် ပန်းတနော်မြို့နယ်မှ ဆန်အရောင်းဆိုင်အား စားသုံးသူရေးရာဦးစီးဌာနမှ ဆန်သတ်မှတ်ရည်ညွှန်းစျေးများအား ထုတ်ပြန်ပေးသည့် ဈေးဖြင့် ရောင်းချမှု ရှိမရှိနှင့်  ၎င်းစျေးနှုန်းထက်စျေးနှုန်းမြှင့်တင် ရောင်းချမှုဖြန့်ဖြူးခြင်း၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆန်ဆိုင်လုပ်ငန်းရှင်ကိုမှာကြားခြင်း၊ ဆန်အိတ်များကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ရောင်းချမှုမရှိ ဘဲကြာရှည်စွာ သိုလှောင်ထားခြင်းများ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိ‌စေရေးနှင့် သတ်မှတ်ရည်ညွှန်း‌ဈေး၏ ဒေသတွင်း ကုန်စည်နှင့် အခြားဒေသထွက် ဆန်များကို (၅%)ဖြင့်သာအမြတ်တင်ရောင်းချရန်၊  (၈%)ထက် ပိုမိုရောင်းချ ခြင်းများ ဆောင်ရွက်ပါက အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါ‌ကြောင်း၊ ရောင်းချနေသော ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးနှင့် ကိုက်ညီမှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေး ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ဆန်လက်လီလက်ကားရောင်းချသူများအား ဆန်များကိုသင့်တင့်မျှတသော နှုန်းထားများဖြင့် ရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ရောင်းချခြင်းများမပြုလုပ်ရန် ဆန်ချော ဈေးနှုန်းဈေးကွက်နှင့် လက်ကျန်အိတ်အခြေအနေများ ကွင်းဆင်းမေးမြန်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)