သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြောက်ပိုင်းရပ်ကွက် စွယ်တော်လမ်းရှိ ဆေးရုံကြီးရှေ့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများသည် (၁၁.၁၀.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြောက်ပိုင်းရပ်ကွက် စွယ်တော်လမ်းရှိ ဆေးရုံကြီးရှေ့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထို့သို့သန့်ရှင်းရေးပူးပေါင်းဆောင်ရွက်ရာတွင် ငပုတောမြို့နယ် မြောက်ပိုင်းရပ်ကွက်ရှိ စွယ်တော်လမ်းတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ “အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းကြောင်း စုပေါင်းအမှိုက်သိမ်း” ဟူသောလမ်းညွှန်ချက်နှင့်အညီ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း

         ၁၄.၁၀.၂၀၂၅ ရက်နေ့တွင် နံနက်(၁၀:၀၀) အချိန်တွင် အလုံမြို့နယ် City Mart ၊ လှိုင်မြို့နယ် Yangon Baby နှင့် မရမ်းကုန်းမြို့နယ် 9 မိုင် Ocean တို့တွင်ရောင်းချလျှက်ရှိသော ကလေးအဟာရ ဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိအား ကွင်း ဆင်းစစ်ဆေးခြင်းများကို အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်မြတ်မွန်(ဒု-ကြီးကြပ် ရေးမှူး) မှ ဦးဆောင်၍ ဝန်ထမ်း(၂) ဦးနှင့်တို့မှ ပါဝင်စစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကမာရွတ်မြို့နယ် လှည်းတန်း အလုံမြို့နယ် City Mart ၊ လှိုင်မြို့နယ် Yangon Baby နှင့် မရမ်းကုန်းမြို့နယ် 9 မိုင် Ocean တို့တွင် ကလေးအဟာရဖြည့်စွက်စာ များဖြစ်သော Gaullac(ဖော်စပ်စာ)၊ Dugro(ဖော်စပ်စာ)၊ DG-1 (ဆိတ်နို့ဖော်စပ်စာ)၊ Golden Cow (အဟာရမှုန့်၊ Gold Power(အရဟာမှုန့်)၊ Kendamil(ဖော်စပ်စာ)၊ မာဆုရ(ဂျပန်ကလေးအဟာရ ဖြည့်စွက်စာ)၊ PO PO (ဖြည့်စွက်စာ) တို့တွင်  ကုန်ညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ  ၎င်းကလေး အဟာရများတွင် ကုန်ညွှန်းအမှတ်အသားများပြည့်စုံစွာ ပါဝင်မှု ရှိကြောင်းသိရှိရပါသည်။ ကလေးငယ်များအတွက် အဟာရဖြည့်စွက်စာများတွင် ကလေးငယ်များ ဘေးဥပါဒ်မဖြစ်စေရန်  ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ၊   ထားသိုသိမ်းဆည်းမှု၊ ဓာတ်မတည့် ကြောင်းဖော်ပြချက်၊ ပါဝင်ပစ္စည်း၊ ကြိုတင်သတိပေးချက်စသည့် ကုန်ညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းရန် လိုအပ်ကြောင်း အသိပညာပေး ဆောင်ရွက် ခဲ့ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

 

 

ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း

          ၁၃.၁၀.၂၀၂၅ ရက်နေ့တွင် နံနက်(၁၀:၃၀) အချိန်တွင် ကမာရွတ်မြို့နယ် လှည်းတန်း City Mart ၊ လှိုင်မြို့နယ် BKB Baby Toy Center နှင့် မရမ်းကုန်းမြို့နယ် Baby Center တို့တွင်ရောင်းချ လျှက်ရှိသော ကလေးအဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာ ပါဝင်ခြင်းရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းများကို အနောက်ပိုင်းခရိုင် ဦးစီးမှူးရုံး မှ စစ်ဆေးရေးမှူး ဒေါ်မြတ်မွန်(ဒု-ကြီးကြပ်ရေးမှူး) မှ ဦးဆောင်၍ ဝန်ထမ်း(၂) ဦးနှင့်တို့မှ ပါဝင်စစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကမာရွတ်မြို့နယ် လှည်းတန်း City Mart ၊ လှိုင်မြို့နယ် BKB Baby Toy Center နှင့် မရမ်းကုန်းမြို့နယ် Baby Center တို့တွင် ကလေးအဟာရ ဖြည့်စွက်စာ များဖြစ်သော Parima၊ Golden Cow၊ Gold Power၊ မာဆုရ(ဂျပန်ကလေးအဟာရ ဖြည့်စွက်စာ)၊ Instand (အသင့်စားကွေကာအုပ်)၊ Dupro (နို့မှုန့်)၊ Kendamil(ဖော်စပ်စာ)၊ DG-1(ဆိတ်နို့ဖော်စပ် စာ)၊ Gaullac၊ Dugro၊ PO PO(ဖြည့်စွက်စာ)၊A.1 Family (ကြက်သွန်နီမှုန့်) တို့တွင်  ကုန်ညွှန်းအမှတ် အသားများပြည့်စုံစွာပါဝင်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ  ၎င်းကလေး အဟာရများတွင် ကုန်ညွှန်း အမှတ်အသားများပြည့်စုံစွာ ပါဝင်မှုရှိကြောင်း သိရှိရပါသည်။ ကလေး ငယ်များအတွက် အဟာရ ဖြည့်စွက်စာများတွင် ကလေးငယ်များဘေးဥပါဒ်မဖြစ်စေရန်  ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ၊ထားသိုသိမ်းဆည်းမှု၊ဓာတ်မတည့် ကြောင်းဖော်ပြချက်၊ ပါဝင်ပစ္စည်း၊ ကြိုတင် သတိပေးချက်စသည့် ကုန်ညွှန်းအမှတ်အသားများ အား မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းရန် လိုအပ်ကြောင်း အသိပညာပေးဆောင်ရွက် ခဲ့ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

 

 

ပြည်ခရိုင်ဦးစီးမှူးရုံးတွင် Myro ကိစ္စရပ်များနှင့် ပတ်သက်၍ အစည်းအဝေးကျင်းပပြုလုပ်

  ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးတွင် (၁၃.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်ခရိုင်ဦးစီးမှူးမှ ဆန်စက်လုပ်ငန်းရှင်၊ ဆန်စပါးကုန်သည်များနှင့် ပူးပေါင်း၍ Myro ကိစ္စရပ်များနှင့် ပတ်သက်ပြီး အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ရာ လုပ်ငန်းရှင် စုစုပေါင်း (၄၆)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

          အဆိုပါ အစည်းအဝေးတွင် ပြည်ခရိုင်ဦးစီးမှူးက Myro တွင် မှတ်ပုံမတင်ရသေးသောသူများ မှတ်ပုံတင်နိုင်ရေး၊ မှတ်ပုံတင်ပြီးပါက သက်တမ်းတိုးနိုင်ရေး၊ လစဉ် လဆန်း (၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များ မပျက်မကွက် ထည့်သွင်းပေးရန်နှင့် လိုက်နာမှု မရှိပါက စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူမှုများဆောင်ရွက်သွားရန် ဌာနမှ လမ်းညွှန် မှုများရှိသဖြင့် လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် ဆောင်ရွက်ရာတွင် အခက်အခဲရှိပါက မိမိတို့ရုံးသို့ လာရောက်အကူအညီတောင်းနိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

          ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၁၅.၁၀.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော နိုင်ဂရုဆိပ်ကမ်းနှင့် ချောင်းဝဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုး ရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့ များဖြင့် ပူးပေါင်း၍ ရေယာဉ်များ တွင်တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပြီး လက်နက် ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

“ တွံတေးမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့်စပ်လျဉ်း၍မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့် စပ်လျဉ်း၍ Online Sale ရောင်းချသည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးသန်းနိုင်နှင့်ဝန်ထမ်းများသည် အောက်တိုဘာလ(၁၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိမှ လုပ်ငန်းရှင်များအား Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/မရှိ၊ မှတ်ပုံတင်လျှောက်ထားစဉ်က တင်ပြထားသည့် လုပ်ငန်းတည်ရှိရာ လိပ်စာတွင် ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက် ရမည့်အချက်များအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာ စာအမှတ်(၅၁/၂၀၂၃)အား ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ ဖော်ပြရမည့်အချက်အလက်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ မပါရှိသည့် ပစ္စည်းများအား ရောင်းချခြင်းမပြုလုပ်ကြရန်၊ eComReg System တွင်2FAစနစ် အသုံးပြုထား မှုနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းသည် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသိကောင်းစရာများ အသိပညာပေး ရှင်းလင်းဆွေးနွေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

ညွှန်ကြားရေးမှူးချုပ်မှဦးဆောင်ကျင်းပသော MyRo တွင်ဆန်စပါးသိုလှောင်ရုံများမှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းနှင့် စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးမှ တက်ရောက်

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ရုံးချုပ်မှကျင်းပ ပြုလုပ်သော MyRO တွင် ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းကိစ္စရပ်များနှင့် စပ်လျဥ်းသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်ခဲ့ပါသည်။

    အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြော ကြားခြင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ တာဝန်ခံမှ သိုလှောင်ရုံ သက်တမ်း တိုးခြင်း၊ သိုလှောင်ရုံလုပ်ငန်းစဥ်ဖြည့်သွင်းခြင်းဆိုင်ရာကိစ္စရပ်များနှင့်  အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကာ ညွှန်ကြား‌ရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအား (၁၂း၃၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

“ တွံတေးမြို့နယ်တွင်ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးနှင့်စပ်လျဉ်း၍ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်း”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စည်ပင်သာယာမြို့မဈေးနှင့် ရပ်ကွက်အတွင်းရှိ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုး ရောင်းချသောဆေးဆိုင်များသို့ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကလေး အာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား အောက်တိုဘာလ(၁၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တွံတေးမြို့နယ်စည်ပင်သာယာမြို့မဈေးနှင့် ရပ်ကွက် များရှိ ဆေးဆိုင်များတွင် ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးဖြစ်သော Dumex Dupro ကလေးငယ်ဖော်စပ်စာ၊ Gold Power ကလေးဖြည့်စွက်အာဟာရမှုန့်၊ Lactogen ကလေးငယ် အတွက်ဖော်စပ်စာများ ရောင်းချလျက်ရှိသည့် ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

 

 

ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းမြင့်တက် ရောင်းချခြင်း ရှိ/ မရှိကွင်းဆင်းခြင်း

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် နေထိုင်ကြသော ပြည်သူ များ ၏ နေ့စဉ်စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှု ရှိစေရေးအတွက် အလေး ထားဆောင်ရွက်လျှက်ရှိရာ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား (၁၃.၁၀.၂၀၂၅) ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးကျော်မျိုးထွန်း နှင့် ဝန်ထမ်းများ ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများကို‌ ဒေသတွင်း ဖြစ်သင့် ဖြစ်ထိုက်သည့်   ဈေးနှုန်းများဖြင့် ရောင်းဝယ် ဖောက်ကား ခြင်းများ ရှိ/ မရှိ နှင့် ဆေးများ ပြတ်လပ်ခြင်းရှိ / မရှိတို့ကို စားသုံးသူရေးရာ ဦးစီးဌာနဝန်ထမ်းများမှ ဈေးကွက် စောင့်ကြည့် စစ်ဆေး ခြင်းများ ဆောင်ရွက် လျှက် ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပခုက္ကူမြို့ရှိ “ စိန်ပျံ ” ဆန်ဆိုင်မှ ဆန်သိုလှောင်ရုံ၏ စက်တင်ဘာလ ဆန်လက်ကျန်  စာရင်းများ MyRo Website တွင် ဖြည့်သွင်းခြင်းကို ကူညီဆောင်ရွက်ပေးလျက်ရှိ

 

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် နည်းပညာ အခက်အခဲရှိသော ဆန်လုပ်ငန်းရှင်များမှ ခရိုင်ဦးစီးမှူးရုံးသို့ လာရောက်၍ ဆန်လက်ကျန်စာရင်းများ ဖြည့်သွင်းခြင်းကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

          ၂၀၂၅ခုနှစ်၊ စက်တင်ဘာလတွင် ပခုက္ကူမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ရန်အောင်လမ်းရှိ  ဆန် ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးဉာဏ်ထွန်း၏စိန်ပျံဆန်ဆိုင်မှ ဆန်သိုလှောင်ရုံ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား MyRo Website တွင် ဖြည့်သွင်းခြင်းကို ကူညီဆောင်ရွက်ပေးလျက် ရှိပြီး ၎င်း၏ ဆန်သိုလှောင်ရုံသည် ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ပြီး အလျား(၁၀၀)ပေ၊ အနံ (၅၀)ပေ၊ အမြင့်(၁၅)ပေ ရှိ၍ အမိုး(သွပ်) အကာ(အုတ်) အခင်း(အုတ်)ဖြင့် တည်ဆောက်ထားပြီး ဆန်သိုလှောင် နိုင်သည့်ပမာဏမှာ အိတ်ရေ(၅၀၀၀)ခန့်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဆန်လက်ကျန်မှာ ဧရာဝတီပေါ်ဆန်း ကုန်ရ(၃၀)အိတ်၊ ကုန်ထုတ်(၁၀)အိတ်၊ ကုန်လက်ကျန် (၂၀) အိတ်၊ ဖန်သီးသုခ ကုန်ရ(၃၅၈) အိတ်၊ ကုန်ထုတ်(၇၈) အိတ်၊ ကုန်လက်ကျန် (၂၈၀)အိတ်၊ ဧရာပဒေ သာကုန်ရ(၁၁၁)အိတ်၊ ကုန်ထုတ်(၁၁၇)အိတ်၊ ကုန်လက်ကျန် (၂၂၈)အိတ်၊ ဧည့်မထ ကုန်ရ(၉၀၈) အိတ်၊ ကုန်ထုတ် (၃၅၅)အိတ်၊  ကုန်လက်ကျန် (၅၅၃)အိတ်၊ သီးထပ်ရင် ကုန်ရ(၁၆၇၈)အိတ်၊ ကုန် ထုတ်(၁၄၈)အိတ်၊ ကုန်လက်ကျန် (၁၅၃၀)အိတ်၊ ရက်(၉၀)ကုန်ရ (၈၉၄)အိတ်၊ ကုန်ထုတ်မရှိ၊ ကုန်လက်ကျန် (၈၉၄)အိတ်ရှိကြောင်း၊ စုစုပေါင်း ဆန်မျိုးစုံ လက်ကျန် မှာ(၃၅၀၅)အိတ်ရှိကြောင်း၊ ရေစကြို၊ မြိုင်၊ ပေါက်နယ်များမှ နယ်မြေ အခြေအနေကြောင့် လမ်းပန်း ဆက်သွယ်ရေးအခက် အခဲရှိပြီး အနည်းငယ်သာ တင်ပို့ရောင်းချရ၍ ရောင်းဝယ်ရေး အနည်းငယ်အေးနေကြောင်းလည်း ဆန်လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ