
ပြည်တွင်း၌ဆေးဝါးများထုတ်လုပ်မှုရှိသော်လည်း လုံလောက်မှုမရှိသဖြင့် ပြည်ပနိုင်ငံများမှ ဝယ်ယူသုံးစွဲလျက်ရှိနေပါသည်။ ထို့အပြင် တရားမဝင်ဆေးဝါးများလည်းတင်သွင်းလျက်ရှိသဖြင့် မြန်မာနိုင်ငံအတွင်းရှိပြည်သူများမှ တရားမဝင်ဆေးဝါးများအားဝယ်ယူသုံးစွဲ၍နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန်ရည်ရွယ်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ တရားမဝင်ဆေးဝါးများရောင်းချခြင်းမရှိစေရန် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်။
(၁၈.၂.၂၀၂၆)ရက်နေ့နံနက်ပိုင်းတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်မြသန္တာစိုး၊ ဦးစီးအရာရှိနှင့်အဖွဲ့၊ ကျန်းမာရေးဦးစီးဌာနမှဦးမိုးကျော်သူနှင့်အဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးမိုးဝင်း-အကြီးတန်းစာရေး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးနေစိုးထက်-ဒုဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေါ်သန်းသန်းဌေး-ဒုဦးစီးမှူးနှင့်အဖွဲ့တို့ပူးပေါင်း၍ တောင်ငူမြို့နယ်ရှိဘုရင့်နောင်ဈေးကြီးတွင် တရားမဝင်ဆေးဝါးများနှင့်ဆိုးဆေးများပါဝင်သည့် အရောင်တင်မှုန့်များရောင်းချခြင်း ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
DOCA(ပဲခူး)
