
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရုံး၊ လက်ပံတန်းမြို့တွင် ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊နေ့လည် (၂:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် ဦးစီးမှူး ဦးနိုင်လင်းထွန်း၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ခိုင်ရီ၊ သတင်းအချက် အလက် နည်းပညာဌာနခွဲတာဝန်ခံဒေါ်ကြည်ကြည်ချို၊စားသုံးသူရေးရာဦးစီးဌာနလက်ပံတန်းမြို့နယ်တာဝန်ခံ ဦးကျော်မျိုးထွန်း၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့(စစစ) ဌာန၊ခရိုင်ဦးစီးအရာရှိ ဦးမျိုးမင်းအောင်၊ လက်ပံတန်းမြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းဥက္ကဌ၊ ဦးရဲထွန်းဦးနှင့် ဆန်စက်လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဌ-၂ ဦးလှဦးတို့နှင့် ဆန်စက်လုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးမှ ဆန်စက်လုပ်ငန်း ရှင်များအနေဖြင့် My r o တွင်မှတ်ပုံတင်ထားသော သိုလှောင်ရုံများကို လစဉ်ကုန်ရ၊ကုန်ထုတ်၊လက်ကျန်များ အချိန်မီဖြည့်သွင်းနိုင်ရေး ဆန်စပါးဈေးကွက် တည်ငြိမ်စေရန်အတွက် စီးဝင်၊စီးထွက် မှန်ကန်မှု့ရှိစေရေးတို့ကို အသေးစိတ်ရှင်းပြ ဆွေးနွေးခဲ့ပါသည်။သတင်းဌာနခွဲတာဝန်ခံမှလည်း သိုလှောင်ရုံရထုတ်ကျန် စာရင်းများကို လစဉ်ဖြည့်သွင်းရမှာဖြစ်ပြီး လစဉ်မဖြည့် သွင်းပဲ၊ ဖြည့်တဲ့ လဖြည့်ပြီး မဖြည့်ပဲလကျော်၍ ဖြည့်သွင်းမှု့များ တွေ့ရှိရကြောင်း ကုန်ရ ကုန်ထုတ်၊လက်ကျန် ဖြည့်သွင်းရန် အခက်အခဲရှိပါက ကူညီဖြည့်သွင်းပေးနေကြောင်း ဆွေးနွေးခဲ့ပါသည်။
သာယာဝတီခရိုင် အထူးစုံစမ်းရေးအဖွဲ့ (စစစ) ဌာန ဦးစီးအရာရှိ ဦးမျိုးမင်းအောင်မှလည်း မိမိတို့အဖွဲ့မှလည်း အခါအားလျော်စွာ ဝင်ရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း တင်ပြဆွေးနွေး ပြောကြားခဲ့ပါသည်။
DOCA(ပဲခူး)
