သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ဆန်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

   ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၁၄) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဆန်လက်လီလက်ကားရောင်းချနေသော ဆန်အရောင်း ဆိုင်သို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
   ထိုသို့စစ်ဆေးရာတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ ဆန်သတ်မှတ်ရည်ညွှန်းဈေးများအား လစဉ်ထုတ်ပြန်ပေး လျက်ရှိကြောင်း၊၎င်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များ ကိုသိုလှောင်ခြင်း မပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက် ားကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆန်တန်ချိန် (၂၅)တန် အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည် ဟု သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ဈေးကွက်အတွင်းဆေးနှင့်ဆေးပစ္စည်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး”

   ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၁၄) ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန  ၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် အတူ ပူးပေါင်း၍ နွေမိုးဆောင်း ဆေးနှင့်ဆေးပစ္စည်း လက်လီလက်ကားအရောင်းဆိုင်သို့ သွားရောက်၍ စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထို့သို့စစ်ဆေးရာတွင် ဆေးပစ္စည်းအရောင်းဆိုင်များ၌ လုပ်ငန်း လိုင်စင်ရှိ/မရှိ ၊ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော သုံးစွဲရန်မသင့်ဆေးဝါးနှင့် အလှကုန်များ ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေး အရာရှိမှဆေးဝါးနှင့် ဖြည့်စွတ်စာများနှင့်ပက်သက်၍  မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်မှ ညွှန်ကြားအမှတ်(၂/၂၀၂၁၉)ဖြင့် ထုတ်ပြန်ခဲ့ပါကြောင်း ၊ ၄င်းညွှန်ကြားချက်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး သောက်ဆေးအမျိုးမျိုး ၊ အိမ်သုံးဆေးဝါး လိမ်းဆေးအမျိုးမျိုး၊ အာဟာရဖြည့်စွတ်စာအမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် ကုန်ပစ္စည်း အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက် ၊ ဘေးထွက်ဆိုးကျိုး ၊ ကြိုတင်သတိပေးချက်စသည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်အလက်များအား မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာ ဖော်ပြရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ အချက်အလက်များပါဝင်မှုမရှိသော ကုန်စည်များရောင်းချ ပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

“ကျောက်ဆည်မြို့နယ်တွင် ပြည်သူ့သက်သာဈေးရောင်းချခြင်းပြုလုပ်”

   ကျောက်ဆည်မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ရေးအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ စားသုံးသူပြည်သူ များအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည် ။ ဇူလိုင်လ(၁၃) ရက်နေ့တွင် ကျောက်ဆည်မြို့ ၊ နည်းပညာတက္ကသိုလ်ဝန်းအတွင်း၌ အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်သော  အမဲသား တစ်ပိဿာလျှင်(၂၅၀၀၀/-)ကျပ် ၊ ဝတ်သား တစ်ပိဿာလျှင် (၂၆၀၀၀/-)ကျပ် ၊ ဆိတ်သား (၁)ပိဿာလျှင်(၂၈၀၀၀/-)ကျပ်၊ ကြက်သား တစ်ပိဿာ လျှင်(၂၀၀၀၀/-)ကျပ်၊ စားအုန်းဆီ (၁)ပိဿာလျှင် (၇၁၄၅/-)ကျပ်နှင့် ဟင်းသီးဟင်းရွက်တို့အား ရောင်းချပေးခဲ့ပြီး ပြည်သူများ သက်သာ ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း သက်မှတ်ထားသော နေရာများတွင် ဆက်လက်ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်းသိကောင်းစရာများ Talk Show ကျင်းပပြုလုပ်”

   ပြင်ဦးလွင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ပူးပေါင်း၍ ဇူလိုင်လ(၁၄)ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ Community Center ခန်းမ၌ စားသုံးသူ၏အခွင့်အရေး နှင့် တာဝန်များအကြောင်း သိကောင်းစရာများ Talk Show ဆွေးနွေးပွဲ ကို ကျင်းပခဲ့ပါသည် ။ အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ခင်နှင်းရီ(ဦးစီးအရာရှိ)က အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအားပြောကြားခဲ့ပြီး၊ ပြင်ဦးလွင်ခရိုင် စားသုံးသူ ရေးရာဦးစီးဌာနမှ ဦးထွန်းထွန်းနိုင် (ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေး ဥပဒေ၌ စားသုံးသူ အခွင့်အရေး(၈)ချက်ရှိပါကြောင်း၊စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင် မှုများနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိနိုင်ခြင်း၊ ဘေးအန္တရာယ်ကင်း စွာအသုံးပြုနိုင်ခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူရာ၌ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ခြင်းနှင့် ရှင်းလင်းတင်ပြခွင့်ရှိခြင်း ၊ လိုအပ်သောသတင်းအချက်အလက်များရရှိခွင့်နှင့် ပြေစာအထောက် အထားများရရှိနိုင်ခွင့်ရှိခြင်း၊စားသုံးသူများ၏တာဝန်များမှ သတင်းအချက်အလက် နှင့်လမ်းညွှန်ချက် များအားလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ၊ စားသုံးသူများနစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်းဒေသကြီး/ပြည်နယ်ခရိုင်ရုံးများတွင် CICC ရုံးများဖွင့်လှစ် ားပါကြောင်း၊ Consumer Call Center (1535)သို့လည်း ခေါ်ဆိုတိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(မန္တလေး)

ရှင်းရှင်းပဲကြော်လုပ်ငန်းအားဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊  မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြင်းခြံမြို့ရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဥပဒေများနှင့်အညီထုတ်လုပ်နိုင်စေ ရေးအတွက်  ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရှိရာ (၁၀.၇. ၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် ဝန်ထမ်းများသည် မြင်းခြံ မြို့၊ အမှတ်(၁၈)ရပ်ကွက်ရှိ ရှင်းရှင်း အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းခွင်သို့ကွင်းဆင်းခဲ့ပါသည်။
  ခရိုင်ဦးစီးမှူးမှ MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိ ပါကြောင်း၊ လုပ်ငန်းသုံးစားအုန်းဆီများကိုလည်း လုပ်ငန်းခွင်များတွင် မှန်ကန်စွာ သုံးစွဲရ မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းပစ္စည်းများသည် အရည်အသွေး ကောင်းမွန် မှုရှိရန်၊ မိမိတို့ထုတ်လုပ်သောကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့်ထုတ်လုပ်၍ ကျန်းမာရေးနှင့် ညီညွတ်ရန် အထူးအလေးထားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့်သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရမည် ဖြစ်ပါကြောင်း၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်း ချက်များကိုလည်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း အသိပညာပေး၍ ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း ဒေသအတွင်းရှိ MSME လုပ်ငန်းခွင်များသို့ စဉ်ဆက်မပြတ်ကွင်းဆင်းစိစစ်မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)

ငါန်းဇွန်မြို့နယ်တွင်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စားသုံးဆီရောင်းချပေး

    မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် အငြိမ်းစားနိုင်ငံဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား နိုင်ငံတော်မှသတ်မှတ်ရည်ညွှန်း ဈေးနှုန်းဖြင့် ရောင်းချပေးသောစားအုန်းဆီများ လစဉ်လတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။၂၀၂၅ ခုနှစ် ဇွန်လ (၂၃)ရက်နေ့မှ (၂၇)ရက်နေ့ထိ အငြိမ်းစားနိုင်ငံဝန်ထမ်း(၄၈၀)ဦးအား တစ်ဦးလျှင် တစ်ပိဿာ (၇၃၀၀)ကျပ်ဈေးဖြင့် လည်းကောင်း၊ ဇွန်လ(၂၉)ရက်မှ ဇွန်လ(၃၀)ရက် ထိ  ဌာနဆိုင်ရာဝန်ထမ်း (၁၂၀၀)ဦးအား လစဉ်လကုန်ရက်တိုင်း တစ်ဦးလျှင် တစ်ပိဿာနှုန်း ယခုလ ဈေးနှုန်း ( ၇၃၀၀ ) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA( မန္တလေး)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၅ခုနှစ် ၊ ဇွန်လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေး

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာ‌ပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

           ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊  ကုန်စည်ပေါ်တွင် ကပ်နှိပ်မည့် ကုန်အညွှန်းအမှတ်အသား ဆိုင်ရာပြဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာ‌ပေးပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှုရှိ/ မရှိ စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း စားသုံးသူရေးရာဦးစီးဌာနများမှ တစ်ဆင့်တင်ပြ လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား တင်ပြလျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဌာနမှ မည်သည့်စာရွက် စာတန်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခမျှ ကုန်ကျစရိတ် ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကြောင်းအသိပညာပေး‌ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီ ကုန်စည်များအားသွားရောက် စစ်ဆေးခြင်းနှင့်လုပ်ငန်းရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် ၂၀၂၅ခုနှစ်၊ ဇွန်လတွင် ဆီစက်လုပ်ငန်းရှင်၊ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်၊ သောက်ရေသန့်လုပ်ငန်းရှင်၊ မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်၊ လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်၊  ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်၊ ဖုန်းနှင့်ဆက်စပ်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင်၊ စားသောက်ကုန်လုပ်ငန်းရှင်၊ လက်ဖက်နှင့်အကြော်စုံလုပ်ငန်းရှင်၊ ပိုးထည်လုပ်ငန်းရှင်၊ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း   ( ၂၇) ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ညောင်ဦးမြို့တွင်ဆေးဝါးနှင့်ဆေးအပိုပစ္စည်းအရောင်းဆိုင်သို့ ကွင်းဆင်း

   တရားမဝင်ဆေးဝါးများ၊ စံမမီဆေးဝါးများနှင့် သက်ဆိုင်ရာဌာနများမှ ထောက်ခံချက်မပါ သောဆေးဝါးများနှင့် ဖော်ပြပါဝင်ရမည့်သတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိသော ဆေးဝါးများ ရောင်းချမှုမရှိစေရေး ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ရှိ “FAMILY HEALTH” ဆေးနှင့်ဆေးအပိုပစ္စည်း အရောင်းဆိုင်သို့(၁၀.၇.၂၀၂၅) ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာ(FDA)၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ပါသည်။
     ပူးပေါင်းအဖွဲ့သည် သက်ဆိုင်ရာကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောင်းချ မှုရှိ/မရှိ၊ တရားမဝင်ဆေးဝါးများရောင်းချမှုရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြပါသည်။ ဆေးဆိုင်တာဝန်ရှိသူများအနေဖြင့် မိမိရောင်းချသော ဆေးဝါးများနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်၊ အာမခံချက်များကို သိရှိစေရေး၊ သက်ဆိုင် ရာဌာနများ၏ လမ်းညွှန်ချက်များနှင့်အညီရောင်းချစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရ မည့် သုံးစွဲပုံအညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိ ပေးချက်၊ ဘေးထွက်ဆိုးကျိုး၊ ပါဝင်မှုပမာဏ စသည်အချက်များ ဖော်ပြပါရှိသော ကျန်းမာရေး အထောက်အကူပစ္စည်းများနှင့်ဆေးဝါးများကိုသာ ရောင်းချရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများ ၏ ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ၍ ဖြန့်ဖြူး ရောင်းချကြရန် အသိပေးဆွေးနွေးခဲ့ပြီး နေ့လည် ၁၁:၃၀ နာရီတွင် ကွင်းဆင်းစစ်ဆေးမှု ပြီးစီးခဲ့ ကြောင်းသိရသည်။

DOCA(မန္တလေး)

ဆေးဝါးနှင့်ဆေးအပိုပစ္စည်းအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

    တရားမဝင်ဆေးဝါးများ၊ စံမမီဆေးဝါးများနှင့် သက်ဆိုင်ရာဌာနများမှ ထောက်ခံချက်မပါ သောဆေးဝါးများနှင့် ဖော်ပြပါဝင်ရမည့်သတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိသော ဆေးဝါးများ ရောင်းချမှုမရှိစေရေး ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ရှိ “လနှင့်နေ” ဆေးနှင့်ဆေးအပိုပစ္စည်း အရောင်းဆိုင်သို့(၁၀.၇.၂၀၂၅) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာ(FDA)၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ပါသည်။
     ပူးပေါင်းအဖွဲ့သည် သက်ဆိုင်ရာကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောင်းချ မှုရှိ/မရှိ၊ တရားမဝင်ဆေးဝါးများရောင်းချမှုရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြပါသည်။ ဆေးဆိုင်တာဝန်ရှိသူများအနေဖြင့် မိမိရောင်းချသော ဆေးဝါးများနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်၊ အာမခံချက်များကို သိရှိစေရေး၊ သက်ဆိုင် ရာဌာနများ၏ လမ်းညွှန်ချက်များနှင့်အညီရောင်းချစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရ မည့် သုံးစွဲပုံအညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိ ပေးချက်၊ ဘေးထွက်ဆိုးကျိုး၊ ပါဝင်မှုပမာဏ စသည်အချက်များ ဖော်ပြပါရှိသော ကျန်းမာရေး အထောက်အကူပစ္စည်းများနှင့်ဆေးဝါးများကိုသာ ရောင်းချရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများ ၏ ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ၍ ဖြန့်ဖြူး ရောင်းချကြရန် အသိပေးဆွေးနွေးခဲ့ပြီး နေ့လည် ၁၀:၃၀ နာရီတွင် ကွင်းဆင်းစစ်ဆေးမှု ပြီးစီးခဲ့ ကြောင်းသိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့ အမှတ်(၁၉)အ.လ.က ခွဲ ကျောင်းမုန့်ဈေးတန်း ဈေးကွက်စောင့်ကြည့် စစ်ဆေး

     (၁၁.၇.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးတင်ဇော်ထွေး(ဒု-ခရိုင်ဦးစီးမှူး)ဦးဆောင်၍ စစ်ဆေးရေးမှူးများသည် မြင်းခြံမြို့ အမှတ်(၁၉)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများ ကုန်စည်များနှင့်ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် ကျောင်းကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းအား သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ဖော်ပြထား သည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများနှင့်ကိုက်ညီသော အချိုရည်များ၊ အသင့်စားမုန့်များ သာ ရောင်းချစေရေးတို့အတွက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး အရောင်းဆိုင်တာဝန်ရှိသူများအား ကျောင်းသား/ကျောင်းသူများသည် နုငယ်သူများဖြစ်သည့်အတွက် အစားအသောက်များနှင့်ပတ် သက်ပြီး ပို၍အလေးထားရမည်ဖြစ်သည့်အတွက် မိမိတို့၏ သားသမီးများကဲ့သို့ စိတ်သဘောထား၍ သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော သတ်မှတ်ချက်များ နှင့်ကိုက်ညီသော မုန့်များကိုသာရောင်းချစေရေးနှင့် လိုက်နာမှုမရှိလျှင် အရေးယူဆောင်ရွက်ခြင်း များရှိပါကြောင်း၊  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်စားသုံးသူပြည်သူများ၊ ကျောင်းသား/ ကျောင်း သူများအနေဖြင့် ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်း ရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများနှင့်သာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ထိခိုက်နစ်နာ ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ဈေးကွက်များနှင့်ကျောင်းမုန့်ဈေးတန်းများပါမကျန် စဉ် ဆက်မပြတ်ဈေး ကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင် ရွက်သွားမည်ဖြစ်ကြောင်း မှာကြားခဲ့ပါ သည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ