ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး

Powered by Drupal

        ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ မင်္ဂလာခန်းမတွင် မတ်လ ၁၄ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စွာဝင်းနှင့်တကွ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော် စုစုပေါင်း ( ၃၅၀ ) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားစတင်ချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းကအဖွင့်အမှာစကားပြောကြားရာမှာ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို သုံးစွဲလိုက်သည့်အချိန်တွင် ထိခိုက်နစ်နာမှုဖြစ်ပေါ်လာသည့်အခါ ရသင့်ရထိုက်သည့် စားသုံးသူအခွင့်အရေးကို လုပ်ငန်းရှင်ထံမှ အပြည့်အဝတောင်းဆိုပိုင်ခွင့်ရှိကြောင်း၊ ထိုသို့တောင်းဆိုနိုင်ရန်အတွက် စားသုံးသူများသည် စားသုံးသူအခွင့်အရေးများအကြောင်းကို နားလည်ထားရန် လိုအပ်သကဲ့သို့ စားသုံးသူများရသင့်ရထိုက်သည့် အခွင့်အရေးများရရှိစေရန်နှင့် နစ်နာဆုံးရှုံးမှုများ မရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများလိုအပ်ကြောင်း၊ စားသုံးသူအခွင့်အရေး အကာအကွယ်ပေးရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်းရှိ စားသုံးသူပြည်သူများ အခွင့်အရေးနစ်နာမှုများကို ကာကွယ်ပေးရန်အတွက် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ဆောင်ရွက်စေသကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ စားသုံးသူအခွင့်အရေးများကို ကာကွယ်ပေးရန် စီးပွားရေးရာဝန်ကြီးဦးဆောင်သော စားသုံးသူကာကွယ်ရေး ကော်မတီကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဌာနအဖြစ်တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအနေဖြင့် ကော်မတီအစည်းအဝေးများကို စားသုံးသူကာကွယ်ရေးနည်းဥပဒေပါ သတ်မှတ်ချက်များနှင့် အညီ သုံးလလျှင်တစ်ကြိမ် ကျင်းပဆောင်ရွက်ရှိပြီး အစည်းအဝေးတွင် ဦးစီးမှူးရုံး၏ စီမံခန့်ခွဲပိုင်ခွင့်ထက် ကျော်လွန်နေသော တိုင်ကြားမှုများကို သတ်မှတ်ကာလအတွင်း ဖြေရှင်းနိုင်ရေးနှင့် အယူခံမှုများရှိပါက ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်၍ ဆုံးဖြတ်ချက်များချမှတ်ခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကော်မတီ၏လုပ်ငန်းတာဝန်များဖြစ်သည့် အမိန့်ချမှတ်ခြင်း၊ သတ်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လိုအပ်သည့်စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် တင်ပြချက်အပေါ် ဆုံးဖြတ်ပေးခြင်း၊ အယူခံယူမှုများအတွက် ဆုံးဖြတ်ခြင်းနှင့် ကော်မတီ၏လုပ်ဆောင်ချက်များကို ကော်မရှင်သို့တင်ပြခြင်းအစရှိသည်တို့ကို စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ (၁၈) ပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက်မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယဥက္ကဌဖြစ်သူ ဒေါက်တာဝင်းစည်သူက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ၂၀၂၆ ခုနှစ် မတ်လ ၁၅ ရက် နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့အတွက်ဆောင်ပုဒ်မှာ “ထုတ်ကုန် ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစား  သုံးသူဘဝ” (Safe Products, Confident Consumers) ဖြစ်ပြီး မတ်လ ၁၄ ရက်နေ့တွင် အခမ်းအနားကို ကြိုတင်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ဆက်လက်၍  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့နှင့်ပတ်သတ်သည့် Video clip ပြသခဲ့ပြီး ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့အထိမ်းအမှတ်အခမ်းအနားအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စားသုံးသူရေးရာ ဦးစီးဌာန၏ ဝန်ထမ်းသမီးပျိုများက အကအလှဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ခြင်း၊ ဂုဏ်ပြုဖျော်ဖြေသည့်သမီးပျိုများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေ ပေးအပ်ခြင်း၊ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်အား ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်လက်ဆောင်ကို နေရာအရောက် ဂါရဝပြုပေးအပ်ခြင်းနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း အစီအစဉ်များပြုလုပ်ခဲ့ပြီး ဧည့်သည်တော်များက ပြခန်းများအားလှည့်လည် ကြည့်ရှုခဲ့ကြကာ ပထမပိုင်းအခမ်း အနားအစီအစဉ်ပြီးမြောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနား ဒုတိယပိုင်းစတင်ချိန်တွင် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူး ဦးကျော်စွာဝင်းကအခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။ ထို့နောက်ဟောပြောဆွေးနွေးခဲ့သည့် အကြောင်းအရာများထဲမှ ဉာဏ်စမ်းပဟေဌိ ပြိုင်ပွဲကျင်းပခြင်းနှင့် ဆုလက်ဆောင်ချီးမြှင့်ခြင်းအစီအစဉ်များပြုလုပ်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စွာဝင်းက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)