
မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများသည် ၁၁.၅.၂၀၂၆ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်အတွင်း ခွဲတမ်းရစားအုန်းဆီ အရောင်းဆိုင်များနှင့် ပြင်ပစားအုန်းဆီ ရောင်းချနေမှုရှိပါက ပြင်ပဈေးနှုန်း အခြေအနေများအား မြို့နယ် စည်ပင်သာယာရေး၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်းနှင့် ပူးပေါင်း၍ နယ်မြေစုံစမ်း စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်မှ စားအုန်းဆီအရောင်းဆိုင် ၇ဆိုင်ဖြစ်သော ဒေါ်ကြိုင်၊ တင်လေးမြင့်၊ ဦးမောင်မြ၊ ဦးဟန်တုံ၊ စိန်နှင်းဆီ၊ ကျော်ဆွေဝင်း၊ ချမ်းမြ့ ကုန်စုံဆိုင်တို့မှ ပြင်ပဆီရောင်းချမှု ရှိ/မရှိနှင့် ပြင်ပဆီရောင်းချသော ဒေါ်တင်လေးမြင့်၊ ဦးမောင်မြ၊ ချမ်းမြေ့ ဆိုင်များမှ ပြင်ပဆီ ရောင်းချနေမှု ဆီဈေးနှုန်း ၁ပိဿာ ရန်ကုန်ဈေး ၁ပိဿာ ၁၀၀၀၀ကျပ်၊ မြို့နယ်ရောင်းချဈေး ၁ပိဿာ ၁၀၅၀၀ကျပ် ဖြင့် ရောင်းချကြောင်း တွေ့ရှိရပြီး ပြင်ပဆီများကို ပိဿာ ပါကင်ပုံးလိုက်ရောင်းချရန်၊ ဆီများကို ခွဲထုတ်၍ ရောင်းချခြင်းမပြုရန်၊ ပြင်ပဆီများ ထပ်မံမှာယူရောင်းချမှုကို ကားဖြင့်သယ်ဆောင်ရာတွင် တရားဝင်အထောက်အထား အပြည်အစုံရှိပါက သယ်ယူရောင်းချနိုင်ကြောင်း၊ ထောက်ခံချက်မရှိပဲ ရောင်းချခြင်းမပြုလုပ်ရန်ကိုလည်းကောင်း၊ ကုန်ဈေးနှုန်းစုံစမ်းစစ်ဆေးရေးအဖွဲ့မှ လိုအပ်သည်များ မှာကြားဆောင်ရွက်မှုကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် သိရှိကြောင်း လုပ်ငန်းရှင်များမှ သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ၁၁-၅-၂၀၂၆ ရက်နေ့တွင် မအူပင်၊ ပန်းတနော်၊ ညောင်တုန်းမြို့နယ်များတွင်လည်း သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချမှု ရှိ/မရှိကို မြေပြင်စုံစမ်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
