သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ “ ပြည့်စုံအောင်” မြေပဲဆုံဆီလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ဈေးနှုန်း/ ဈေးကွက်အခြေအနေများ မေးမြန်းခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၄.၅.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင်  ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ  “ပြည့်စုံအောင်”  မြေပဲဆုံဆီ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ မြေပဲဆံ၊ မြေပဲဆုံဆီ ဈေးနှုန်း/ဈေးကွက်များ၊ ကြိတ်ခွဲ ထုတ်လုပ်မှု နှင့်  ရောင်းချမှုအခြေအနေများအား မေးမြန်းခဲ့ပါသည်။

          ဆုံဆီလုပ်ငန်းရှင်မှ  မြေပဲဆုံဆီလုပ်ငန်းကို လုပ်ကိုင်သည်မှာ  ()နှစ်ခန့် ရှိပြီဖြစ်၍ ဇာတိမြေ ဖြစ်သော ပခုက္ကူမြို့နယ်၊ ကမ္မမြို့မှ လာရောက် နေထိုင်လုပ်ကိုင်ကြောင်း၊ ကုန်ကြမ်းမြေပဲဆံများကို မြို့ပေါ်ရှိ မြေပဲပွဲရုံများမှ ဝယ်ယူပြီး မြေပဲလုံးဆန် (ပြန့်)တစ်ပိဿာလျှင် ကျပ်(၁၂၇၀၀)ဖြင့် ဝယ်ယူရပြီး သစ်သားဆုံ()လုံးတွဲဖြင့် ကြိတ်ခွဲကြောင်း၊ မီးလာသည့်အချိန်ပေါ်တွင် မူတည်၍ တစ်ရက်လျှင် ()ဆုံ()တွဲခန့် ကြိတ်ခွဲပြီးကြောင်း၊ မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်၍ လုပ်သားဦးရေ ()ဦးတည်း သာ ငှားရမ်းကြောင်း၊ ထွက်ရှိသည့်ဆုံအရေအတွက်ပေါ်မူတည်၍ တစ်ဆုံလျှင် ကျပ်(၁၃၀၀)ပေးကြောင်း၊ ဈေးနှုန်းအနေဖြင့် ဆုံဆီတစ်ပိဿာလျှင် ကျပ်(၂၂၀၀၀) (၁၀)ပိဿာပုံးအပါ ဆိုလျှင် ကျပ်(၂၄၀၀၀) ပဲဖတ် တစ်ပိဿာလျှင် ကျပ်(၇၇၀၀-၇၈၀၀)ဖြင့် အိမ်သို့ လာရောက်ဝယ်ယူကြကြောင်း၊ ဈေးကွက် အနေဖြင့် မြို့ပေါ်ရောင်းချမှုနည်းပြီး ရန်ကုန်သို့ အဓိကထားတင်ပို့ကြောင်း၊ တန်ခူးလနှင့် ကဆုန်လ များ၌ အလှူပွဲ၊ မင်္ဂလာပွဲများနှင့် ကုသိုလ်အထူးပြုလုပ် သည့်အချိန်များဖြစ်၍ ယခင်လများထက် ရောင်းအားကောင်းကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၁၀)ပိဿာဆံ့ ပုံးဝါ တစ်ပုံးလျှင် ကျပ်(၁၀၀၀၀/ ၁၅၀၀၀)ခန့် ကျန်ရှိပြီး တစ်လရောင်းအား ပိဿာချိန် (၉၀၀-၁၀၀၀)ခန့် ရောင်းချရကြောင်း၊  လုပ်ငန်း အစတွင် အခက်အခဲများစွာရှိသော်လည်း  လက်ရှိအချိန်တွင် အမှာအော်ဒါများ ရရှိသောကြောင့် အဆင်ပြေကြောင်း ဆုံဆီလုပ်ငန်းရှင် ဦးဝင်းအောင်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

သာယာဝတီခရိုင်၊အုတ်ဖိုမြို့တွင်ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

                  သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းသော ဆေး ဝါးများကို ယုံကြည်စိတ်ချစွာဝယ်ယူ သုံးစွဲနိုင်ရန် ရည်ရွယ်၍ . . ၂၀၂၆ နေ့ နံနက်ပိုင်းတွင် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အုတ်ဖိုမြို့ မြို့မ () လမ်းရှိ ဦးသီဟအောင်၏  ငွေမိုး  ဆေးဆိုင်သို့ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဆေးဆိုင်တွင်ရောင်းချလျက်ရှိသောဆေးဝါးများ   သက်တမ်းလွန်နေ  ခြင်း ရှိ၊ မရှိ ​​​​  ​ ​​  ​​FDA မှ တားမြစ်ထားသော ဆေးဝါးများပါဝင်မှု ရှိ မရှိ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ မရှိ နှင့် ဈေးနှုန်းများ မြှင့်တင် ရောင်းချမှု ရှိ ၊မရှိ စစ်ဆေးခဲ့ပါသည်။ထိုသို့ ကွင်းဆင်းစစ်ဆေးစဉ်ကာလအတွင်း ဆေးဝါးပြတ်လပ်မှုမရှိကြောင်း တိုင်းရင်းဆေး၊    နိုင်ငံခြားဆေး အမျိုးပေါင်း ၁၈၀ ခန့်ရောင်းချလျက်ရှိပြီး ဈေးနှုန်းမြှင့်  တင်ရောင်းချမှုမရှိပါကြောင်း စစ်ဆေးစဉ်ကာလ စစ်ဆေးတွေ့ရှိခဲ့ပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင်ဆန်စက်၊ဆန်ဆိုင်များကွင်းဆင်းစစ်ဆေးခြင်း

                   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ မေလ ၅ရက်နေ့ ၊ နံနက် (၁၀ : ၀၀) နာရီတွင် ကြက်ဆူ တောလမ်းမှ ဦးသိန်းဇော်၏ အောင်ဆုပန်ဆန်စက်နှင့် ဆန်စပါးရောင်းဝယ်ရေးသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရောင်းချမှုဈေးနှုန်း၊ အရည်အသွေးနှင့် လက်ကျန်အခြေအနေများကို ကွင်းဆင်း စီစစ်ခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပူးပေါင်းပါဝင်ခဲ့ပြီး ဆန်များအရည်အသွေးနှင့် အလေးချိန်မှန်ကန်စေရန် အသိပညာပေး ညွှန်ကြားခဲ့ပြီး စားသုံးသူများ၏ အခွင့်အရေးအား မထိခိုက်စေရန် ဥပဒေသတ်မှတ်ချက်များအား လိုက်နာဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါသည်။

DOCA(ပဲခူး)

ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုဆောင်ရွက်ခြင်း

   ၂၀၂၆ ခုနှစ်၊ မေလ  ၁၄  ရက်နေ့၊ နံနက်  ၁၀:၀၀ နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးနေဝေယံဦး(လ/ထညွှန်ကြားရေးမှူး)  ဦးဆောင်၍ ဝန်ထမ်း (၄) ဦးတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာ     (ဈေး များဌာန) တို့နှင့် ပူးပေါင်း၍  ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ မြို့မဈေးတွင်  စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချ ရမှုရှိစေရေးအတွက်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

   ကွင်းဆင်းစစ်ဆေးရာ၌ ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်နှင့်ဝန်ဆောင်မှုများတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် ထုတ်ပြန်ကြေညာထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ် လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ပြည်ထောင်စုနယ်မြေ)

 

ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းသိကောင်းစာရာများအား အသိပညာပေး Talk Show ကျင်းပခြင်း

          (၁၃.၅.၂၀၂၆)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တာဝန်ခံ ဒေါ်မိုးမိုးကြည်သည် ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူပြည်သူများအား ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းသိကောင်းစာရာများအား အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

         ထိုသို့ပြုလုပ်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)က  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍  မြေပြင်ကွင်းဆင်းစစ်‌ဆေးရာတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ ကုန်စည်၏အမျိုးအမည်၊ အရွယ် အစား၊ အ‌ရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်၊ ကျန်းမာရေးဘေးထွက်ဆိုးကျိုးနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များနှင့် သက်ဆိုင်ရာအစိုးရဌာများက ဖော်ပြရန် သတ်မှတ်ထားသော သတင်းအချက်အလက်များအား သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ကြောင်း အကျယ်တဝန်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မန္တလေးမြို့အတွင်းရှိ မြို့နယ်များသို့ ဧပြီလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း တာဝန်တစ်ရပ်ဖြစ်သည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်း နှင့် သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။

             စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကို သက်ဆိုင်ရာနယ်ပယ် အသီး သီးအလိုက် ဟောပြောဆောင်ရွက်လျက်ရှိရာ မန္တလေးမြို့အတွင်း (၂-၄-၂၀၂၆) ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်၊ ကိုးသုံးလုံး အာလူးကြော်လုပ်ငန်းနှင့် ရွှေပြည့်စုံ လက်ဖက်လုပ်ငန်း, (၉-၄-၂၀၂၆) ရက်နေ့နှင့် (၁၀-၄-၂၀၂၆) ရက်နေ့တွင် အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းင စားသုံးသူကာကွယ်ရေးအသိပညာ‌ပေး (Talk Show)၊ (၂၄-၄-၂၀၂၆) ရက်နေ့တွင် အမရပူရမြို့နယ်ရှိ စားသောက်ဆိုင်များသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟော‌ပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင် စားသုံး သူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးပါက တိုင်ကြားနိုင်သည့် နယ်ပယ်များအကြောင်းနှင့် Consumre Call Center (1535) သို့လည်း ရုံးချိန်အတွင်း  ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)     

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကား ရောင်းချနေမှုအား အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည်  မြောက်ဥက္ကလာပမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍  (၁၃.၅.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ/လက်ကားရောင်းချသည့် အရောင်းဆိုင်များသို့  သွားရောက်၍ စားအုန်းဆီရောင်းချမှုအခြေအနေများကို အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဦးသိန်းထွန်း (ဌာနခွဲစာရေး)က စားအုန်းဆီလက်လီရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်စရိတ်အပါအဝင် ဖြစ်သင့်ဖြစ်ထိုက်သည့် အမြတ်ရာခိုင်နှုန်းထက်ပိုမို၍ ရောင်းချနေမှုရှိ/ မရှိစစ်ဆေးခြင်း ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး  ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို စားသုံးသူရေးရာဦးစီးဌာနမှ  အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် စနစ်တကျလိုက်နာပေးစေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ စားအုန်းဆီအရောင်းဆိုင်တို့အား ဝင်ရောက်စစ်ဆေးခဲ့ရာတွင် စားအုန်းဆီ‌နှင့်ပတ်သက်ပြီး မိမိရရှိသောခွဲတမ်းများကို စားအုပ်စနစ်ဖြင့် ရပ်ကွက်နေစားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိ စားသုံးနိုင်ရန်ရောင်းချပေးပါကြောင်း၊ အလေးချိန်လည်းမှန်ကန်စွာချိန်တွယ်ပေးပါကြောင်း၊ လက်ကျန်များမထားရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

မြင်းခြံမြို့တွင် ဆန်ရောင်းဝယ်ရေးဆိုင်များသို့ ကွင်းဆင်း

                   မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (My RO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၁၀)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင် များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေးနိုင်ရေး စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက် ရှိရာ(၂၅.၄.၂၀၂၆)ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် ဒုခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးနှင့် ဝန်ထမ်းများသည် မြင်းခြံမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ဆန်ရောင်းဝယ်ရေးဆိုင်များသို့ ကွင်းဆင်း၍ My RO မှတ်ပုံတင်သက်တမ်းတစ်နှစ်ပြည့်မြောက်ပါက သက်တမ်းတိုးဆောင်ရွက်ခြင်းနိုင်ရေးနှင့် လစဉ် လဆန်း(၁)ရက် နေ့မှ(၁၀)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် အခြေအနေများအား မပျက်မကွက်ဖြည့်သွင်းပေးရန်နှင့် ဖြည့်သွင်းသည့် အရေအတွက်နှင့် မြေပြင်လက် ကျန်အရေအတွက်များ မှန်ကန်မှုရှိရန်၊ ဒေသတွင်းဆန်စပါးဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် သတ်မှတ်ထားသော ရည်ညွှန်းဈေးများကိုအခြေခံ၍ သင့်တင့်မျှတသောနှုန်းထားများဖြင့် ရောင်းချ ကြစေရေး ကွင်းဆင်းကြီးကြပ်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)                          

မြင်းခြံမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး 

                  စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့ အတွက် အစဉ်တစိုက်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ မြင်းခြံခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးနှင့်စစ်ဆေးရေးမှူးများသည် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၇.၄.၂၀၂၆) ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် မြို့မစည်ပင်သာယာ ဈေးအတွင်းရှိ စားသုံးဆီရောင်းချသော ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

                     စားသုံးဆီအမျိုးမျိုးမှာ နေ့စဉ်ချက်ပြုတ် စားသောက်မှုတွင် မပါမဖြစ်ထည့်သွင်းအသုံးပြုရသည့် အတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသောဆီများနှင့် ပြန်လည်သန့်စင်ထားသည့်ဆီများ ဈေးကွက်အတွင်းရောင်းချပါက စားသုံးသူများကို ဘေးန္တရာယ်ဖြစ်ပွားစေခြင်း၊ ဘေးန္တရာယ်ဖြစ်စေ နိုင်သည့်ဆီများကို ရေရှည်စားသုံးမိပါက စားသုံးသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပွားစေနိုင်ပြီး ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သဖြင့် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြစေခြင်းကို လိုက်နာဆောင်ရွက်စေရေး၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေရေး၊ ကုန်စည်နှင့်စပ်လျဉ်း၍ပြည့်စုံမှန်ကန် သော သတင်းအချက်အလက်များကို ဖော်ပြပါရှိစေရေး၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို တိုက်ရိုက်(သို့မဟုတ်)သွယ်ဝိုက်၍ ရောင်းချခြင်းများမပြုလုပ်စေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြပါဝင်သော ကုန်စည်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချ ကြရန် သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသောအချက်များ၊ ထောက်ခံချက်များ၊ ဥပဒေပါပြဌာန်းချက်၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြသော  ကုန်စည်များသာ ရောင်းချလျက် ရှိကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)                          

မြင်းခြံခရိုင်ရုံးတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

                 မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ရှိ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး တွင် (၂၅.၄.၂၀၂၆)ရက်နေ့၊ နေ့လယ် ၁၆:၀၀ နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးသည် မြို့နယ် အတွင်းရှိ ကုန်စည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကုန်ဈေး နှုန်းတည်ငြိမ်စေရေး၊ စက်မှုလုပ်ငန်းသုံးစားအုန်းဆီများ အမှန်တကယ်အသုံးပြုမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ အကြောင်းအား အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

          နိုင်ငံတော်မှ လုပ်ငန်းခွင်များသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသော စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို မိမိတို့၏လုပ်ငန်းခွင်များ၌သာ မှန်မှန်ကန်ကန်သုံးစွဲကြရန်နှင့် လုပ်ငန်းခွင်တွင်အမှန်ကုန်ကျသည့် ပမာဏများသာ လျှောက်ထားကြရန်နှင့်လျှောက်ထားလာသော လုပ်ငန်းနှင့်အရေအတွက်များ မှန်ကန်ကိုက်ညီမှုရှိ/မရှိကိုလည်း မိမိတို့ဌာနမှ ကွင်းဆင်းစိစစ်မှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် စားအုန်းဆီများသိုလှောင်ထားရှိခြင်း များကိုလည်း မပြလုပ်ကြရန်လိုအပ်ပါကြောင်း၊ ဆက်လက်၍ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် အကြောင်းအရာများနှင့် ပတ်သက်၍ လုပ်ငန်းရှင်များအနေဖြင့် လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဥပဒေများနှင့်အညီ ထုတ်လုပ်ကြရန်၊ မိမိတို့ထုတ်လုပ်ရောင်းဝယ်သော ကုန်စည်များတွင်သာ လုပ်ငန်းရှင်ဖြစ်ပြီး မိမိတို့သည်ပင် အခြားကုန်စည်များကို ဝယ်ယူသုံးစွဲ စားသောက်နေရသည့်အတွက် စားသုံးသူများလည်းဖြစ်၍ ကုန်စည်များကိုရွေးချယ်ဝယ်ယူသုံးစွဲ နိုင်စေရေးနှင့် မိမိထုတ်လုပ်သောကုန်စည်ကိုလည်း စားသုံးသူများအတွက် ကိုယ်ချင်းစာစိတ်ဖြင့် ဥပဒေများနှင့်အညီဆောင်ရွက်ကြရန် စသည်ဖြင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြော ပွဲသို့ တက်ရောက်လာသော လုပ်ငန်းရှင်များမှ ဟောပြောဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိ လိုသည်များအား ဖြည့်စွက်မေးမြန်းဆွေးနွေးရာ ခရိုင်တာဝန်ခံမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း နှင့် လုပ်ငန်းရှင်စုစုပေါင်း(၄၄)ဦးတက်ရောက်ခဲ့ ကြောင်းသိရသည်။

DOCA(မန္တလေး)                   

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ