သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းတွင် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

   ၂၇.၁၀.၂၀၂၅ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ခရိုင်အဆင့်ဌာနဆိုင်ရာများလုပ်ငန်းညှိနိူင်းအစည်းအဝေးပွဲကို မအူပင်ခရိုင်ဦးစီးမှူး စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်။

    အစည်းအဝေးတွင် မအူပင်ခရိုင် ဌာနဆိုင်ရာအသီးသီးမှ မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များကို တင်ပြဆွေးနွေးကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် မိမိတို့၏ သတ်မှတ်လုပ်ငန်းများကို မှန်ကန်တိကျစွာ လုပ်ဆောင်နိုင်ရန်၊ မြို့ရွာ၊ ပြည်သူများ အေးချမ်းသာယာရေး ၊ ဘေးကင်းလုံခြုံ ရေးတို့ကို ဆောင်ရွက်နိုင်ရန်၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍လည်းကောင်း၊ စက်မှုကဏ္ဍနှင့်ပတ် သက်၍ လည်းကောင်း၊ တရားမဝင်ကုန်သွယ်မှုနှင့် အရေးယူမှုများနှင့် ပတ်သက်၍လည်းကောင်း၊ ပညာ ရေးနှင့်ပတ်သက်၍ လည်းကောင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ လည်းကောင်း၊ အားကစားကဏ္ဍ နှင့်ပတ်သက်၍လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ကဏ္ဍနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေး မှာကြားခဲ့ကြပြီး ယခုအစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် ခရိုင်ဥက္ကမှာ လမ်းညွှန်မှာကြားဆွေး နွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း  ဆောင်ရွက်နိုင်မှုအခြေအနေ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစေရေး၊ အခွင့် အရေးနှင့်တာဝန်များအား သိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် အသိ ပညာပေးဆောင်ရွက်လျက်ရှိပါသည်။

     ပခုက္ကူခရိုင်အနေဖြင့် အောက်တိုဘာလ အတွင်း ခရိုင်ဦးစီးမှူးက ဦးဆောင်၍ ဒု-ခရိုင် ဦးစီးမှူး၊ ပခုက္ကူမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည်  ဆန်လုပ် ငန်းရှင်အသင်းအဖွဲ့၌ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ အမှတ်(၁၄) အ.လ.က(တွဲ)၊ အမှတ်(၅/၁၆/ ၁၇) မူလွန် ကျောင်းများ၌ ဆရာ /ဆရာမနှင့် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာ ပေးခြင်း၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ Talk Show ဖြင့် အသိ ပညာပေးခြင်း၊ ဂန့်ဂေါခရိုင်အနေဖြင့် မြို့နယ်တာဝန်ခံမှ စည်ပင်သာယာရပ်ကွက်ရှိ အ.လ.က(ခွဲ) ကျောင်းတွင် ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများ အားစားသုံးသူ ကာကွယ်ရေး အသိ ပညာပေးဆွေးနွေးခဲ့ပြီး ပခုက္ကူခရိုင်မှ(၆)ကြိမ်နှင့်ဂန့်ဂေါခရိုင်မှ(၁)ကြိမ်စုစုပေါင်း(၇)ကြိမ်ဟောပြော ဆွေးနွေးခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက် ပါကုန်အညွှန်း အမှတ်အသားပြည့်စုံစွာထည့်သွင်း ဖော်ပြလာခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ဈေးကွက် များပိုမို ရရှိစေရန်ရည်ရွယ်၍ လုပ်ငန်းရှင်တွေ့ဆုံခြင်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းအသိပညာပေးလျက်ရှိပါသည်။

      ပခုက္ကူခရိုင်အနေဖြင့် အောက်တိုဘာလအတွင်း ဒု-ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံနှင့်  ဝန်ထမ်းများသည် ပခုက္ကူမြို့ အမှတ်(၃/၁၁/၁၅)ရပ်ကွက်ရှိ မြေပဲဆုံဆီလုပ်ငန်း၊  အမှတ်(၁၁)ရပ်ကွက်ရှိ လက်ဖက်လုပ်ငန်း၊ အမှတ်(၃)ရပ်ကွက်ရှိ ငါးမုန့်ခြောက်၊ တို့ဟူးခြောက်၊ ဆန်ခွေစိမ်းလုပ်ငန်းရှင်များထံသို့ တွေ့ဆုံမှု(၇)ကြိမ်၊ ဂန့်ဂေါခရိုင်၊ မြို့နယ်တာဝန်ခံအနေဖြင့် စည်ပင်သာယာရပ်ကွက်ရှိ စိုက်ပျိုးရေးဆေးပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင်ထံသို့ တွေ့ဆုံမှု (၁)ကြိမ်၊ စုစုပေါင်းလုပ်ငန်းရှင် တွေ့ဆုံမှု (၈)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ပခုက္ကူမြို့မှ မြေပဲဆုံဆီလုပ်ငန်းရှင်ထံသို့ ကုန်အမှတ်တံဆိပ်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရေး ကွင်းဆင်းအသိပညာပေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊  ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းတစ်ဦးသည် (၂၄.၁၀.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် ဒေသတွင်းထုတ်လုပ်လျက်ရှိသောအောင်ပြည့်စုံမြေပဲဆုံဆီ လုပ်ငန်းရှင်ထံ သို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          စားသုံးတာဝန်ခံက ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁) ပါ အချက် အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၎င်းအချက်အလက်များမှ ပုဒ်မခွဲ()ပါ ကုန်စည် ၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မခွဲ()ပါ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့)ဓာတ်မတည့်ကြောင်း ဖော်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်း ရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေညွှန်ကြားချက်များ အား လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြေပဲ တွင် အာဖလာတောက်ဆင်မှိုဆိပ်ပါနိုင်၍ အထူး သတိပြုစေလိုကြောင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ လက်ကမ်းစာစောင်များ အား ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ညောင်တုန်းမြိုနယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေး အဖွဲ၏ ပထမအကြိမ် အစည်းအဝေးသို့ ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များအား ဆွေးနွေး

    (၂၇.၁၀.၂၀၂၅)ရက်နေ့  နံနက် (၁၁:၀၀)အချိန်တွင် မအူပင်ခရိုင်၊ညောင်တုန်းမြိုနယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဥက္ကဌ ရုံးခန်းတွင် ကျင်းပ‌ပြုလုပ်သော ညောင်တုန်းမြိုနယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေး အဖွဲ၏ ပထမအကြိမ် အစည်းအဝေးတွင် အဖွဲ့ဝင်များ ၏လုပ်ငန်းတာဝန်(၁၉)ချက်၊ စပါး၊ဆန်စီးထွက်မှုစာရင်းနှင့် လစဉ်(၁၅)ရက်တကြိမ် ညောင်တုန်းမြို့နယ်မှ ကြိတ်ခွဲထွက်ရှိသော စပါး/ဆန် လက်ကျန်စာရင်း အဖွဲ့ဝင်များမှ သက်ဆိုင်ရာ နယ်မြေနှင့် လုပ်ငန်းအသီးသီးမှ အချက်အလက်များကို ဆန်စပါးကြီးကြပ်ရေးလုပ်ငန်းအဖွဲ့သို့ တင်ပြရမည့်လုပ်ငန်းများအား အဖွဲ့ဝင်များ လိုက်နာဆောင်ရွက်နိုင်စေရန် မြေပြင်တွင် အမှန်တကယ်ဖြစ် ပေါ်နေသော အခြေအနေများကို နှုတ်တစ်ရာ စာတစ်လုံးဖြင့် စာရင်းပြုစု၍ ပေးပို့နိုင်ရန် သက်ဆိုင်ရာ အထက်ဌာနများမှ မြေပြင် စပါး/ဆန် ကိစ္စရပ်များသိုရှိလိုပါကလည်း အမှန်တကယ်စာရင်းများကို အနီးစပ်ဆုံး အချိန်နှင့်တပြေ;ညီ တင်ပြနိုင်မည်ဖြစ်ကြောင်း တို့ကို အဖွဲ့တွင်ပါဝင်သော ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင် ဦးစီးအရာရှိမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်သူ (၁၀)ဦးရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် ကျေးရွာများတွင် ရောင်းချဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

    ကျုံပျော်မြိုု့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ဝန်ထမ်းများနှင့်အတူ ၂၅.၁၀.၂၅ ရက်နေ့၊ နေ့လည် (၁၃း၀၀) အချိန်တွင် ရေစခန်းကျေးရွာရှိ မိသားစုများသို့  စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် (၁၀) ရက်တစ်ကြိမ် ရောင်းချပေးလျက်ရှိသော ကုန်မျိုးစုံဆိုင်များသို့ သွားရောက်၍ လက်ကားဆီဆိုင်မှ သတ်မှတ်ပေးသော ရောင်းဈေးအတိုင်း ရောင်းချပေးရန်၊ ရက်ချိန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ ရောင်းချပေးရန်၊ ရောင်းချပေးသည့်အတိုင်း ဆီဝယ်ယူခွင့် စာအုပ်တွင် စနစ်တကျ ရေးသွင်းထားရှိရန်များမှာကြာပြီး ကျေးရွာအတွင်းပြည်သူများ၏ ဆီဝယ်ယူခွင့်စာအုပ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် ကျေးရွာများတွင် ရောင်းချဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

   ကျုံပျော်မြိုု့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ဝန်ထမ်းများနှင့်အတူ ၂၅.၁၀.၂၅ ရက်နေ့၊ နေ့လည် (၁၃း၀၀) အချိန်တွင် အထောင်(၁) နယ်မြေရှိ မိသားစုများသို့  စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် (၁၀) ရက်တစ်ကြိမ် ရောင်းချပေးလျက်ရှိသော ကုန်မျိုးစုံဆိုင်များသို့ သွားရောက်၍ လက်ကားဆီဆိုင်မှ သတ်မှတ်ပေးသော ရောင်းဈေးအတိုင်း ရောင်းချပေးရန်၊ ရက်ချိန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ ရောင်းချပေးရန်၊ ရောင်းချပေးသည့်အတိုင်း ဆီဝယ်ယူခွင့် စာအုပ်တွင် စနစ်တကျ ရေးသွင်းထားရှိရန်များမှာကြာပြီး ကျေးရွာအတွင်းပြည်သူများ၏ ဆီဝယ်ယူခွင့်စာအုပ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အောင်ကျော်ဟိန်းဝါစေ့ဆီစက်လုပ်ငန်းချေးငွေရရှိရေးကွင်းဆင်းစစ်ဆေး

          မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်၊စက်မှုဇုန်(၂)၊၁၃၉ (A)လမ်း၊၄၆လမ်းနှင့် ၄၇ လမ်းကြားရှိ အောင်ကျော်ဟိန်းဝါစေ့ဆီစက်လုပ်ငန်းသို့  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဆီစက် ချေးငွေရရှိရေးအတွက် မဟာအောင်မြေခရိုင်ဆီစက်ချေးငွေလုပ်ငန်းအကဲဖြတ်စိစစ်ရေးအဖွဲ့ဝင်များပါဝင်သည့်ဌာနစုံပူးပေါင်းကွင်းဆင်းရေးအဖွဲ့များဖြင့်  ၃၁.၁၀.၂၀၂၅ ရက်နေ့နေ့လည်(၁၄:၀၀)နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ အဆိုပါ မဟာအောင်မြေခရိုင် ဆီစက်ချေးငွေရရှိရေးအဖွဲ့ တွင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊စိုက်ပျိုးရေးဦးစီးဌာန၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊မြန်မာ့စီးပွားရေးဘဏ်(၂)၊ဆီစက်ပိုင်ရှင်များအသင်း၊ဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့နှင့်အတူ  မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူ ရေးရာဦးစီးဌာနမှဒေါ်ယဉ်ယဉ်ရွှေ၊ ဦးစီးအရာရှိတို့ပါဝင်သည့်ပူးပေါင်းအဖွဲ့များဖြင့်အောင်ကျော်ဟိန်း ဝါစေ့ဆီစက်လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး၍ ဆီစက်ချေးငွေရရှိရေး ပဏာမကွင်းဆင်း စစ်ဆေးတင်ပြခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)      

သူဇာဒေဝီ အထည်လက်လီ/ လက်ကား ချည်ထည်လေးများ Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် (၆.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရွှန်းအက်ဆက်ဆရီဟိုး ဆေးလ် Online Sale လုပ်ငန်းအား အမှတ်(၄၄၅)၊ ဇရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများစနစ်ဖြင့် ရောင်းချမှုအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိနှင့် ရောင်းချရန်တင်ပြထားသောကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင်အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် အောက်တိုဘာလအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

      စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာအတွင်း လုပ်ငန်းရှင် ၆၇ ဦးက အပ်နှံလာသော သီးနှံ အမျိုးအစား ၂၀ မျိုး၊ စုစုပေါင်းနမူနာအရေအတွက် ၁၇၃ ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၄၉၉ ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

      ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား တရုတ်၊ ဂျပန်၊ ထိုင်ဝမ်၊ ပိုလန်နှင့် ဘူဂေးရီးယား နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ဆန်ဖြူ၊ ဆန်ကွဲ၊ နှမ်းနက် သိပ္ပံ၊ နှမ်းနက်ရိုးရိုး၊ နှမ်းညို၊ နှမ်းဖြူ၊ မတ်ပဲ၊ ပဲလွန်း၊ ပဲစဉ်းငုံဖြူ၊ ပဲထောပတ်၊ ပဲပိစပ်ဖတ်၊ ပဲယင်းနီ၊ မတ်ပဲအခွံချွတ်ခွဲခြမ်း၊ မတ်ပဲအခွံချွတ်နှင့် ဘိုကိတ်ပဲတို့တွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါရှိမှု၊ မှိုဆိပ် ပါရှိမှု၊ သီးနှံဓာတုအရည်အသွေးနှင့် သီးနှံရူပအရည်အသွေး စသည့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများကို  ဓာတ်ခွဲစမ်းသပ် ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းဓာတ်ခွဲခန်းမှ ၉၁ ခု၊  မှိုဆိပ်ဓာတ်ခွဲခန်းမှ ၁၀ ခု၊ ဆီနှင့်ဆီထွက်သီးနှံဓာတ်ခွဲခန်းမှ ၃၆၇ ခု၊ သီးနှံဓာတု ဓာတ်ခွဲခန်း မှ ၂၆ ခု၊ သီးနှံရူပဓာတ်ခွဲခန်းမှ ၅ ခု၊ စုစုပေါင်းဓာတ်ခွဲစမ်းသပ်မှု ၄၉၉ ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ