ကော့သောင်းခရိုင်ကွမ်းသီးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခြင်း

၂၀၂၅ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ ၊နံနက် ၁၁:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ကော့ သောင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ(ဦးစီးအရာရှိ)သည် ကော့သောင်းခရိုင် ကွမ်းသီးလုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူများအား ကော့သောင်းခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန မှ ဒေါ်မြသီတာ (ဦးစီးအရာရှိ) သည် ပြည်တွင်းဒေသထွက် ကွမ်းသီးများဖြတ်သန်းသယ်ဆောင်ရာတွင် ပြည်ပမှ တရားမဝင်တင်သွင်း လာသည့် ကွမ်းသီးရောနှောသယ်ဆောင်မှုမရှိစေရေး၊ ဒေသထွက်ကွမ်းသီးသယ်ဆောင်မှုကို စိစစ်ခွင့်ပြု ရာတွင် အချိန်ကြန့်ကြာမှုမရှိစေရေးနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးတို့အတွက် ပြည်တွင်း ဒေသထွက် ကွမ်းသီးယာဉ်များ ဖြတ်သန်းသယ်ဆောင်ရာတွင် ဆောင်ရမည့် စံပြုလုပ်ငန်းစဉ်(SOPs)နှင့် ထောက်ခံချက် လိုအပ်သည့် စာရွက်စာတမ်းများဖြင့် သွားလာနိုင်ရေး စသည်တို့ကို ကွမ်းသီးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးခဲ့ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)