
စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများ အသိပညာဗဟုသုတများရရှိစေပြီး လုပ်ငန်းတာဝန်များ ထမ်းဆောင်သည့်အခါတွင် ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်ဆောင်ရွတ်တတ်စေရန် တစ်ဦးနှင့်တစ်ဦး အသိပညာဗဟုသုတများဖလှယ်၍ ဟောပြောဆွေးနွေးမှုများအား ရုံးလုပ်ငန်းများမပျက်စေဘဲ တစ်လလျှင်တစ်ကြိမ် ကြာသာပတေးနေ့တိုင်း(Thursday Talk) အသိပညာပေးဆွေးနွေးပွဲများကို နေပြည်တော်ဦးစီးမှူး၏ ဦးဆောင်မှုဖြင့် (၂၁.၅.၂၀၂၆)ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် နေပြည်တော်ဦးစီးမှူးရုံးတွင် အလှည့်ကျပါဝင်ဆွေးနွေးဟောပြောခဲ့ပါသည်။
ဟောပြောဆွေးနွေးရာတွင် ဦးမြင့်နိုင်(ဦးစီးအရာရှိ)က အောင်မြင်သောအသိပညာပေးခြင်း ဟူသည့်ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးရာတွင် ဟောပြောပွဲပြုလုပ်ရာ၌ အသိပညာပေးဟော ပြောပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်းများဆောင်ရွက်ရပါကြောင်း၊ သက်ဆိုင်ရာဌာနများကိုလည်း ကြိုတင်အကြောင်းကြားရပါကြောင်း၊ ဟောပြောပွဲတွင်ပြောမည့် အကြောင်းအရာနှင့်သက်ဆိုင်သည့် စာရွက်စာတမ်း သိကောင်းစရာစာအုပ်များ ကြိုတင်ပြင်ဆင်ရပါကြောင်း၊ ဌာန၏အမိန့်၊ ညွှန်ကြားစာ များ ကြိုတင်ပြင်ဆင်ရပါကြောင်း၊ ဟောပြောပွဲများတွင် အသက်အရွယ်အလိုက်(မူလတန်း၊ အလယ်တန်း၊အထက်တန်း၊တက္ကသိုလ်အဆင့်) ခွဲခြား၍ စိတ်ဝင်စားဖွယ်ရာကိစ္စရပ်များ ဟောပြော ဆောင်ရွက်သင့်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအတွက်ဆိုပါက စီးပွားရေးလုပ်ငန်းရှင်များ၏ အခွင့်အရေးနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း ဟောပြောဆွေးနွေးမှုများအား ဥပမာများဖြင့် သိရှိမြင်သာအောင် ဆွေးနွေးဟောပြောခဲ့ရာ ဟောပြောပွဲသို့ နေပြည်တော်ဦးစီးမှူးနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ယခုလို Thursday Talk အသိပညာ ပေးဟောပြောခြင်းဖြင့် ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများ၊ အသိပညာဗဟုသုတများ၊ စကားပြောစွမ်းရည် များ တိုးတက်မှုမြင့်မားစေလာနိုင်ပြီး လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူများရရှိစေနိုင်မှာဖြစ်ပါကြောင်းနှင့် ဆက်လက်၍လည်း တစ်လလျှင်တစ်ကြိမ် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)
