ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ရုံးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေး အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို (၂၃.၅.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အနောက်ပိုင်း ရပ်ကွက်ဈေးနှင့် ပန်းတနော်မြို့အဈေးအတွင်း ရောင်းချနေသော ဆေးလိပ်နှင့် ဆေးရွက်ကြီး အမျိုးမျိုးအရောင်းဆိုင် (၆)ဆိုင်အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဦးအောင်ကျော်သက်က ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းများ၏ ထုပ်ပိုးပစ္စည်းများတွင် ဖော်ပြရမည့် ကျန်းမာရေးသတိပေးရုပ်ပုံ စာသားပုံနှိပ်ဖော်ပြရန် ဆေးလိပ်နှင့်ဆေးရွက်ကြီး လုပ်ငန်းရှင်များထံသို့ ညွှန်ကြားချက်ပါအကြောင်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍အသိပညာပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ အမိန်ညွှန်ကြားချက် ၁၁/၂၀၂၆ ပြဌာန်းချက်နှင့်အညီ ဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ))