မြိတ်မြို့ပေါ်ရှိ ဆေးဆိုင်များတွင်ရောင်းချနေသော ဆေးစျေးနှုန်းများအား စုံစမ်းစစ်ဆေးခြင်း

Powered by Drupal

          ၂၀၂၆  ခုနှစ် ၊ မေလ ၂၂ ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်  ဝန်ထမ်းများသည် ခရိုင်ကုန်စျေးနှုန်း တည်ငြိမ်‌‌‌ရေးအဖွဲ့ဝင်ဌာနဆိုင်ရာများဖြစ်ကြသော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မြိတ်မြို့၊ ရှမ်းချောင်းလမ်းမကြီးပေါ်ရှိ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော ဆေးစျေးနှုန်းအခြေအနေများနှင့် လက်ကျန်အခြေအနေများအား စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ဒေသတွင်း ဆေးစျေးနှုန်းများ တည်ငြိမ်စေ‌ရေးအတွက် ဆေးဆိုင်များ တွင်ရောင်းချနေသော ဆေးစျေးနှုန်းများမှာ သင့်တင့်မျှတသော စျေးနှုန်းများဖြင့် ရောင်းချနေမှုများ ရှိ/ မရှိ၊ စျေးကွက်အတွင်းဆေးဝါးများ ပြတ်လက်မှုများ ရှိ/မရှိနှင့် သက်ဆိုင်ရာထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းကုန်လွန်သော ဆေးဝါးများနှင့်ဆေးပစ္စည်းများရောင်းချနေမှု ရှိ/မရှိ စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)