သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေတောင်မြို့နယ်တွင် စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲ

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အိုးထိမ်းကုန်းအုပ်စု၊ (မူလွန်)အိုးထိမ်း ကုန်းကျောင်းတွင် (၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၈:၀၀)နာရီမှ (၁၁:၀၀)နာရီအထိ စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဒု- ဦးစီးမှူးဒေါ်ဇင်မာချောစုကြည်မှ ကုန်အညွှန်းအမှတ်အသား (၈)ချက်နှင့်စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိခဲ့ပါက (၁၅၃၅)ကို တိုင်ကြားနိုင်ကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်မှ မူးယစ်ဆေးဝါးအကြောင်းနှင့် ကလေးအလုပ်သမားများအကြောင်း တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒေါ်နီလာမြင့်ကတိုင်းရင်းဆေးဝါးများဝယ်ယူရာတွင်ဆောင်ရန်၊ရှောင်ရန်များအကြောင်းကိုကျောင်းသား/သူ (၇၀)ဦး အား အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ပဲခူး)

၂၀၂၅ခုနှစ် အောက်တိုဘာလအတွင်း ပြည်ခရိုင်ရှိ ဆက်သွယ်ရေး အင်တာနက် ဝန်ဆောင်မှုများအား စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိ

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် အရည်အသွေးပြည့်မီသော အင်တာနက် ဝန်ဆောင်မှုများ ရရှိစေရန် စားသုံးသူများ၏ လူနေမှုဘဝများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ပြည်ခရိုင်အတွင်းရှိ မြို့နယ်တာဝန်ခံများမှ ပြည်မြို့နယ်တွင် “MPT, MYTEL” လုပ်ငန်းများ သို့လည်းကောင်း၊ ရွှေတောင်မြို့တွင် “မိုဘိုင်းကင်း” ဖုန်းဆိုင်သို့လည်းကောင်း ဆက်သွယ်ရေး အင်တာနက် ဝန်ဆောင်မှုများ ဆောင်ရွက်နေသည့် ကွင်းဆင်းစစ်ဆေး၍ ဆက်သွယ်ရေး (ဝန်ဆောင်မှု)(Package/Plan)များနှင့် ဝန်ဆောင်ခနှုန်းထားများအားအများပြည်သူများလွယ်ကူစွာ သိရှိနိုင်စေရေး ဖော်ပြထားမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲမှုရှိပါက ကြိုတင်အသိပေးရန်နှင့်ဝန်ဆောင်ခနှုန်းထားများ မှားယွင်းစွာ ငွေကြေးဖြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူများအား သက်ဆိုင်ရာအော်ပရေတာများမှ ငွေပြန်အမ်းသည့် Refound Policy များထားရှိဆောင်ရွက်နိုင်ရေး အင်တာနက်လိုင်းများ ပြတ်တောက်ပါက သက်ဆိုင်ရာ ကုမ္ပဏီများအနေဖြင့် ပြည်သူများ စိတ်ကျေနပ်မှုရရှိအောင်ဆောင်ရွက်ပေးနိုင်ရေးဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

Online Sales လုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင် အတွင်းရှိ လုပ်ငန်းရှင်များအား Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ပြည်မြို့နယ်ရှိ အွန်လိုင်းဈေးရောင်းချနေသောလုပ်ငန်းရှင်များအားလည်းကောင်း၊ ရွာဘဲရပ်ကွက်ရှိ ပြည်သူများအားလည်းကောင်း၊ ရွှေတောင် မြို့နယ်တွင် တာဝန်ခံရုံး၌ ကုန်မျိုးစုံနှင့် စတိုးဆိုင် ရောင်းချနေသော လုပ်ငန်းရှင်များအားလည်းကောင်း၊ ပန်းတောင်းမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Talk Show ဆောင်ရွက်၍လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများအားလည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တွေ့ဆုံ၍ Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

          အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် လုပ်ငန်းရှင်များအနေဖြင့် Online Sales ဈေးရောင်း ချခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များ၊ Online Sales မှတ်ပုံတင်ခြင်းဆိုင်ရာအချက်များအားရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ရာတက်ရောက်လာသောလုပ်ငန်းရှင်များမှသိရှိလိုသည်များပြန်လည် မေးမြန်းခြင်းနှင့်သက်ဆိုင်ရာမြို့နယ်တာ ဝန်ခံများမှပြန်လည်ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ပြီးဆွေးနွေးပွဲသို့ပြည်ခရိုင်အတွင်းမြို့နယ်အားလုံးမှစီးပွားရေးလုပ်ငန်းရှင် (၁၄၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဘိုကလေးမြို့နယ် စားအုန်းဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစီစစ်ခြင်း

       ဘိုကလေးမြို့နယ် တာဝန်ခံ နှင့်ဝန်ထမ်းတို့သည် (၅.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀း၀၀)ခွဲအချိန်တွင်ဘိုကလေးမြို့ ကန္နားလမ်းရှိ စားအုန်းဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုကွင်းဆင်းစစ်ဆေးရာတွင် ဘိုကလေးမြို့နယ် (၅)ရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်မှ ညွှန်ကြားချက်ပါအတိုင်း စားသုံးသူပြည်သူများအားသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် နေ့စွဲများပါသော ရည်ညွှန်းဈေးနှုန်းဖြင့် ဗွီနှိုင်းချိတ်ဆွဲ၍ ရောင်းချပေးနေကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု့အပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တာမွေမြို့နယ်၊ ဒဂုဏ်ညွန့်ဈေးရှိ ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေး ရေးအရာရှိ)နှင့် ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာရေး)(၂)ဦးသည် ၈.၁၁.၂၀၂၅ ရက်နေ့ ၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် တာမွေမြို့နယ်၊ ဒဂုဏ်ညွန့်ဈေးရှိ ကုန်စုံဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ် ဆေးခဲ့ကြောင်းသိရှိရပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကုန်စုံဆိုင်များရှိ ကုန်စည်များတွင် ကုန်ညွန်း အမှတ်အသားဖော်ပြခြင်းပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ၊ အခန်း (၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် (ဆ)တို့ပါ အချက်များကို ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာ သာဖြစ်၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆင်းခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည် နှင့်ဝန်ထမ်းများသည် (၇.၁၁.၂၀၂၅) ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိလင်းလက်ရိုးရာချည်ထည်အမျိုးမျိုးရောင်းဝယ်ရေး“လွင်လွင်အထည်ဆိုင်လုံချည်ပါတိတ်ပိုး ထည်ရောင်းဝယ်ရေး” နှင့် “နန်းထိုက်အောင် ပိုးထည်ဆိုင်” တို့အား Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေး ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်ဝတ္တရားများ၊  စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ  ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုအကြောင်းကိုလည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန် နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကိုခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများရဲ့ လျှောက်လွှာများနှင့်သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်များမှန်ကန်မှု ရှိ၊ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း  အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍ အထည်အလိပ်၊ အဝတ်အထည် နှင့်ဆက်စပ်ပစ္စည်းများ ရောင်းချလျက်ရှိသည့်“A S W Fashion Koera Japan Europe Vietnam Made Second Clothes”ရွှေနန်းမဒီ အထည်မျိုးစုံ လက်လီလက်ကားဖြန့်ချီရေး နှင့် “Kumudra Chels Clothing Room” ဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းမှတ်ပုံတင်ထားပြီးသည့် လုပ်ငန်းရှင်များထံသို့ သွားရောက်အသိပညာပေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့် အတွက် ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော ယခင်အွန်လိုင်းမှတ်ပုံတင်ထား သည့်လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်ကုန်အညွှန်းအမှတ် အသား ဖော်ပြချက်များ သိရှိစေရန်ရည်ရွယ်၍ (၂၉.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ပခုက္ကူ မြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များထံသို့ သွားရောက်တွေ့ဆုံ၍ အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ အသိပညာပေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်း ဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ နှင့်ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်လက်မှတ်ရရှိထားသည့် လုပ်ငန်းရှင်များ သည်(၂)နှစ်ပြည့်လျှင် သက်တမ်းတိုးရမည်ဖြစ် ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်း အဖြစ်သတ်မှတ်ထားသောကြောင့် မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းခြင်းလုပ်ငန်းကို မှတ်ပုံတင် လက်မှတ်လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရန်လိုအပ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ခြောက် လပြည့်မြောက်သည့် နေ့ရက်မှ စတင်၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်း လုပ်ငန်းကိုလုပ်ကိုင် ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ၅အရအရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မြောက်ဒဂုံမြို့နယ်အတွင်းရှိ ဆန်ဆိုင်များသို့ ဆန်ဈေးနှုန်း ကြီးမြှင့်စွာရောင်းချမှု မရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

   စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦး စီးမှူး)နှင့်ဝန်ထမ်းများ ၊  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင် ၊ မြောက်ဒဂုံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျှက် ရှိရာ (၇.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၂း၀၀)နာရီ အချိန်တွင်  ဒဂုံမြို့သစ်ခရိုင် ၊ မြောက်ဒဂုံမြို့ နယ်အတွင်းရှိ ဆန်လက်လီ/ကား ရောင်းချနေသော အမှတ် (၄၃၅)၊ ဘုရင့်နောင်လမ်း၊ (၃၂)ရပ် ကွက်)ရှိ “လှမိသားစု” ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်းအသိပညာ ပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည်    ရက်(၉၀)၊ ရွှေဘိုပေါ်ဆန်း၊ ဆင်းသွယ် ၊ ကြားပျံ၊ ဧရာပဒေသာ၊ ဇီယာ၊ နှံကား၊  ဧရာဝတီပေါ်ဆန်း စသည့်ဆန်များ ရောင်းချ လျက်ရှိပြီး သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချနေခြင်း ရှိ/မရှိ  တို့ကိုစစ်ဆေးခဲ့ပြီး ဆန်များကိုဈေးနှုန်းအဆမတန်ရောင်းချမှုမရှိစေရေးနှင့် ဈေးနှုန်းကြီးမြှင့်စွာ ရောင်းချခြင်းများကိုစိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရ မှာဖြစ်ကြောင်း အသိပညာ ပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

မြောက်ဒဂုံမြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

  (၇.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင်စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)သည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဆီကုန်သည်များအသင်း၊ ဆီလက်ကားကိုယ်စားလှယ်၊ ဈေးစည် ပင်သာယာရေးကော်မတီတို့နှင့်အတူ မြောက်ဒဂုံမြို့နယ်၊ (၄၉)ဈေးအတွင်း/ ပြင်ပရှိ စားအုန်းဆီ လက်လီ/လက်ကား အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီ လက်လီ/လက်ကား ကိုယ်စားလှယ်များအနေ ဖြင့်ခွဲတမ်းရရှိထားသော စားအုန်းဆီများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တ ကျဖြန့်ဖြူးရောင်းချရန်နှင့် စားအုန်းဆီလက်လီ/လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင် များအနေဖြင့် စားသုံးသူများမြင်သာထင်သာရှိသောနေရာတွင် ဆိုင်းဘုတ်တင်ရောင်းချရန်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ်ထုတ်ပြန်လျက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းအပေါ် (၂%)အမြတ်တင်ရောင်းချနေမှု ရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရ ရှိပါသည်။

DOCA(ရန်ကုန်)

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

  ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်လင်းမျိုးသာ (လက်ထောက် ညွှန်ကြားရေးမှူး)သည်  မြို့နယ်စည်ပင်သာယာရေးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေး အတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ဈေးနှုန်းများမြှင့် တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ် ပါက ပေါ်ဆန်း(YA)နှင့် မန်ကျီးသီး ဈေးနှုူန်း အနည်းငယ်မြင့်တက်ခဲ့ပါသည်။ ယင်းသို့ ဈေးနှုန်း မြင့်တက်ရခြင်းမှာ ဝယ်ရင်းဈေးမြင့်တက်ခဲ့သောကြောင့်လည်းကောင်း၊ မန်ကျီးသီး ဈေးနှုန်းမြင့် တက်ရခြင်းမှာ လက်ကျန်များ လျော့နည်းလာသောကြောင့်ဖြစ်ပါသည်။ ကျန်အခြေခံစားသောက် ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက် ရှိပါသည်။

  ထို့နောက် ဒုတိယပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်သာ ရောင်းချကြရန်နှင့် စားသုံး သူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကိုလိုက်နာ ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ